တရုတ်တွေက အာဖရိကမှာ အစိမ်းရောင်စွမ်းအင်လုပ်ငန်းတွေ လုပ်နေပြီ

တရုတ်တွေက အာဖရိကမှာ အစိမ်းရောင်စွမ်းအင်လုပ်ငန်းတွေ လုပ်နေပြီ

              နမ်မီဘီယားက လေအားလျှပ်စစ် ထုတ်လုပ်မှုနဲ့ ဇင်ဘာဘွေက ကာရီဘာဆည်ထဲကရေပေါ် ဆိုလာခြံတွေက အာဖရိကကို ရုပ်ကြွင်းလောင်စာမှီခိုပြီးသွားနေရတဲ့ လုပ်ငန်းတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေကို အားကိုးလာနိုင်စေဖို့ တရုတ်တွေ ပေးထားတဲ့ ကတိကဝတ်တွေက လုပ်ငန်းတွေဖြစ်ပါတယ်။ဘေကျင်းအစိုးရက အာဖရိက နိုင်ငံတွေမှာ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အများကြီး အာရုံစိုက်ထားပါတယ် ။ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေသိပ္ပံကျောင်းမှ မူဝါဒရေးရာပညာရှင် Lei Bian က တရုတ်တွေက ရာသီဥတုဖောက်ပြန်မှု တားဆီးရေး နဲ့ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ကို အာဖရိက ကိုစဝင်တာပဲဖြစ်မှာပါ လို့ ဆိုပါတယ် ။
            အာဖရိကရှိ သန့်ရှင်းသော စွမ်းအင်ကုမ္ပဏီ Renewables ၏ CEO ဖြစ်သူ Tony Tiyou ကလည်း ကမ္ဘာမှာ ဆိုလာနဲ့ လေတာဘိုင် ထုတ်လုပ်မှု လုပ်ငန်းမှာ တရုတ်က အကြီးဆုံးဖြစ်တယ်ဆိုတာကို ပြသနေပါတယ် ။ရာသီဥတုဖောက်ပြန်မှုနဲ့ပတ်သက်ပြီး တရုတ်ခေါင်းဆောင်တွေရဲ့ မူဝါဒကို ရှင်းရှင်း သိမြင်သင့်ပြီ။ သူတို့ကို ချီးလည်း ချီးကျူးသင့်ပါတယ် လို့ ဆိုပါတယ် ။ဒါပေမဲ့ လေ့လာသူအချို့ကတော့ တရုတ်တွေက အဲ့ဒိလိုစီးပွားရေး တွေ လုပ်ပြီး အကျိုးအမြတ် ရှာကြတယ် ။ တစ်ဖက်နိုင်ငံရဲ့အားနည်းချက်ပေါ်မှာ ငွေကြေးစိုက်ထုတ်ပြီး အမြတ်ထုတ်တတ်ကြတယ်လို့ ဝေဖန်ကြပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပတ်သက်ရင် အာဖရိက နိုင်ငံတွေက ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံး နိုင်ငံတွေ ဖြစ်ပါတယ် ။ အာဖရိက တိုက်တစ်ဝက်လောက်က လျှပ်စစ်မီး မရရှိသေးတဲ့အပြင် လျှပ်စစ်စွမ်းအင်သုံးစီးပွားရေး လုပ်ငန်းတွေ မရှိသလောက်ကို ဖြစ်နေပါတယ် ။
           တလောကဆိုရင် တောင်အာဖရိက နိုင်ငံမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေ အရှုံပေါ်လို့ တစ်နိုင်ငံလုံးနီးပါး လနဲ့ချီပြီး မီးအမှောင်ကျခဲ့ရပါတယ် ။ ဒါပေမဲ့ အဲ့ဒိနိုင်ငံတောင်ပိုင်းမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကျောထောက်နောက်ခံပြုထားတဲ့ Northern Cape’s De Aar လေအားခြံ အပါအဝင် အခြားသော အစိမ်းရောင် စွမ်းအင်ထုတ်လုပ်နေတဲ့ စီမံကိန်းတွေရှိနေပါတယ် ။
လျှပ်စစ်ဝန်ကြီးအသစ် Kgosientsho Ramokgopa ရဲ့ ပထမဆုံးလုပ်ဆောင်မှုတစ်ခုကတော့ တရုတ် သံအမတ်ကြီး Chen Xiaodong နှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံက မည်သို့ကူညီနိုင်သည်ကို ဆွေးနွေးဖို့ပဲ လိုပါတယ် ။ တရုတ်ဖက်ကတော့ အရေးပေါ် ဓာတ်အားသုံး စက်ကိရိယာများ ပံ့ပိုးပေးခြင်း၊ နည်းပညာကျွမ်းကျင်သူများ စေလွှတ်ခြင်း၊ နည်းပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဝန်ထမ်းများ လေ့ကျင့်ပေးခြင်းနှင့် တောင်အာဖရိကသို့ အခြားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခြင်းတွေ လုပ်ပေးမယ်လို့ လေသံပစ်ထားတာတော့ ရှိပါတယ် ။ ဘာပဲ ဖြစ်ဖြစ်အစိမ်းရောင်စွမ်းအင် ထုတ်လုပ်ရေးနဲ့ ပတ်သက်လာရင် တရုတ်တွေက ခြေလှမ်းကျဲကျဲ နဲ့ ဝင်လာတာပဲဖြစ်ပါတယ် ။
မောင်ယဿ
REF: VOA

About The Author

greenness_mm

No Comments

Leave a Reply