တိမ်တွေနေတဲ့တော ( သို့ ) ကမ္ဘာ့အလှဆုံးတော

တိမ်တွေနေတဲ့တော ( သို့ ) ကမ္ဘာ့အလှဆုံးတော

မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကို ဆက်သွယ်ထားတဲ့ လက်တင်အမေရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ကော်စတာရီကာနိုင်ငံမှာရှိတဲ့ မွန်တီဗာတီတောက ကမ္ဘာ့အလှဆုံးတောတွေထဲက တောတစ်တောဖြစ်ပါတယ်။
ကော်စတာရီတာနိုင်ငံရဲ့ အလယ်ပိုင်းကုန်းမြင့်ဒေသတွေက အမြဲလို မြူခိုးတွေ တိမ်ခိုးတွေနဲ့ ဖုံးလွှမ်းထားတဲ့ အတွက်ကြောင့် သွားရောက်လည်ပတ်တဲ့ ခရီးသွားတွေကအခြားကမာ္ဘတစ်ခုကို ရောက်သွားသလို ခံစားရပါတယ် ။ လက်ရာမြောက်တဲ့ တိမ်တိုက်သစ်တောများရှိတဲ့အပြင် အဲ့ဒိဒေသက ဇီဝမျိုးစုံမျိုးကွဲတွေက ကမ္ဘာပေါ်ရှိ အလှဆုံးရှုခင်းတွေအဖြစ်နဲ့ နေရာရကြပါတယ်။
ကော်စတာရီကာ သစ်တောများက ၎င်းတို့ရဲ့ မြင့်မားပြီး စိမ်းလန်းစိုပြေသော သဘာဝကြောင့် လူသိများပြီး မတူညီသော တိမ်တိုက်သစ်တောဇုန် ခြောက်ခုတောင် ရှိပါတယ်။ အဲ့ဒိထဲကမှ မွန်တီဗာတီတောက လှပဆန်းကြယ်ပြီး သဘာဝဆန်လွန်း အားကြီးလွန်းလို့ ကော်စတာရီကာမှာ နာမည်အကြီးဆုံး တောဖြစ်ပါတယ်။
အဲ့ဒိတောနားမှာရှိတဲ့ ဆန်တာအယ်လီနာမြို့ကလေး ကနေ မွန်တီဗာတီဘေးမဲ့တောထဲကို သွားရောက်လည်ပတ် နိုင်ပါတယ်။ သစ်တောကြီးက တိမ်တိုက်တွေထဲမှာ ရှိနေသလိုမျိုးဖြစ်နေပါတယ် ။ လျိုတွေပေါ်က ကြိုးတံတား တွေ ပေါ်မှာ လမ်းလျှောက်သွားရင်း တောတွေထဲမှာ ညှပ်နေတဲ့ လက်ဆွဲအိတ်ဇစ်လိုင်းပုံ မြတ်ခင်းပြင်တွေကိုငေး နိုင်သလို ရေတံခွန်တွေ မှာအနားယူနိုင် ပါတယ်။
ထူးဆန်းတာက မွန်တီဗာတီတိမ်တိုက်သစ်တောက တစ်နှစ်ပတ်လုံး ၂၉ ဒီကရီ စင်တီဂရိတ် ( ၈၄ ဒီကရီ ဖာရင်ဟိုက်) အပူချိန်ကို ထိန်းထားတာပဲ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး သွားလည်လို့ ကောင်းတဲ့နေရာဖြစ်ပေမဲ့ ဒီဇင်ဘာလကနေ မေလအတွင်းမှာတော့ အနည်ငယ်ခြောက်သွေ့တဲ့အတွက် လည်ပတ်လို့ကောင်းတဲ့အချိန်ပဲ ဖြစ်ပါတယ်။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply