တူရကီမြို့တွေက သန့်ရှင်းရေး ဟီရိုးတွေ ဗီသိုဗင် တေးသွားတွေနဲ့ အလုပ်လုပ်

တူရကီမြို့တွေက သန့်ရှင်းရေး ဟီရိုးတွေ ဗီသိုဗင် တေးသွားတွေနဲ့ အလုပ်လုပ်

တူရကီနိုင်ငံက မာဒင်မြို့ပေါ်ကို မနက်ခင်းရဲ့ နေရောင်ခြည် ဖြာကျပြီဆိုရင် နို့နှစ်ရောင်အဆင်းရှိတဲ့ မြည်းတွေက သူတို့ရဲ့ လုပ်ငန်းခွင် ကို ဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ တောင်နံရံကိုကပ်ပြီး ဆောက်ထားတဲ့ မြို့ဖြစ်လို့ အတက်အဆင်း လှေကားတွေ နဲ့ ကျဉ်းမြောင်တဲ့ လမ်းတွေကို နှစ်ရာနဲ့ချီပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့ မြည်းတွေက သူတို့ရဲ့ တာဝန်ကို အသက်မသေမချင်း မျိုးဆက်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြပါတယ်။
မိသားစုနေအိမ်တွေ တစ်နေ့ နဲ့ တစ်ည သုံးထားတဲ့ အမှိုက်တွေကို အိတ်တွေထဲကို လူသားအလုပ်သမား တွေက ထည့်ပေးလိုက်ပါတယ်။ အဲ့ဒိအမှိုက်တွေက ထမ်းပိုးပြီး မြို့ပြင်ကို သွားစွန့်ပေးတဲ့ တာဝန်ကို မြည်းတွေက တာဝန်ယူထားပါတယ်။ နေ့စဉ် မပျင်းမရိလုပ်ဆောင်ပေးတဲ့ အမှိုက်စွန့်ဟီရိုးတွေကို မြို့သူမြို့သားတွေက လေးစားကြပါတယ်။ သူတို့ထဲက အချိုကဆိုရင် အဖော် လူသားတောင်မပါပါဘူး ။ သူတို့ရဲ့ လမ်းကြောင်အတိုင်း သွားတဲ့နေရာကို သွား၊ ရပ်သင့်တဲ့နေရပ်၊ ခေါ်တဲ့ အိမ်ရှေ့မှာရပ်ပြီး အမှိုက်တွေ ကိုစုဆောင်းသယ်ယူပေးပါတယ်။
မက်ဆိုပိုတေး မီးယား မြေပေါ်က တိုက်ဂရစ်မြစ်ကို အပေါ်စီးကနေ မိုးပြီး ကြည့်လို့ရတဲ့ ကျောက်တောင်ကြီးပေါ်မှာ မြို့တည်ထားတဲ့အတွက် အမှိုက်စွန့်ပစ်တဲ့ ကိစ္စက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့ဒိမြို့နဲ့ ခြေလေးချောင်းဟီးရိုးတွေက ပတ်သက်နေတာ ရာစုနှစ်တွေတောင် တော်တော်ကြာနေပါပြီ ။ ဒီနေ့အထိအပြောင်း အလဲမရှိတဲ့ မြို့ဟောင်းရဲ့စရိုက်လက္ခဏါ တစ်ခုအနေနဲ့ ရှိနေတာပါ။
“ ကျနော်တို့ မြည်းတွေကို သုံးပြီး အမှိုက်စွန့်ပစ်နေတာ ရာစုနှစ်ပေါင်း များစွာကြာပါပြီ ။ ဒီလို မတ်စောက်တဲ့ လမ်းကျဉ်းလေးတွေမှာ အမှိုက်ကို သယ်ဖို့ နည်းလမ်း က ဒီတစ်လမ်းထဲရှိပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ မြို့သန့်ရှင်းရေအတွက် တတ်နိုင်မှာမဟုတ်ပါဘူး” လို့ မြို့သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။ “ ကျနော်တို့ က သူတို့ကို မနက် ၄နာရီ နဲ့ ညနေ ၄ နာရီ ခိုင်းပါတယ်။ သူတို့ နားချိန်မှာ ဗီသီဗင်ရဲ့မြူးဇစ်လက်သံနဲ့ ပေးနားပါတယ်။ သူတို့က အခုဆိုရင် ဗီသိုဗင်ရဲ့ ဆင်ဖိုနီတွေကို စွဲလမ်းနေပါပြီ”လို့ လည်း ဆိုပါတယ်။
မောင်ယဿ ( နိုဝင်ဘာ ၁၇ )
REF; euronewws
Photo; euronewws

About The Author

greenness_mm

No Comments

Leave a Reply