တောင်ဇလပ်နီ

တောင်ဇလပ်နီ

တောင်ဇလပ်နီ၏ ရုက္ခဗေဒအမည်မှာ Rhododendron arboreum ဖြစ်သည်။ အနီနှင့် အဖြူ မျိုးနွယ်စုထဲမှ အနီမျိုးဖြစ်ပြီး အာရှဒေသ၏ အေးမြ မြင့်မားသော တောင်တန်းဒေသများတွင် ပေါက်ရောက်သည်။ ကမ်ဘာပေါ်တွင် တောင်ဇလပ်နီပန်းကို ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် ပေါက်ရောက်ပြီး ချင်းတောင်တန်းသည် တောင်ဇလပ်မြေဟု ခေါ်ရလောက်အောင် တောင်ဇလပ်နီများ ပေါက်ရောက်ရာဒေသဖြစ်သည်။
အပင်သည် အအေးဓာတ်ကိုကြိုက်သည်။ အမြင့်ပေ ၅၀၀၀ ကေန ၁၀၀၀၀ ကြားတွင်သာ ပေါက်ရောက်ရှသန်နိုင်ပြီး ရေခဲမတတ်အေးသော တောင်ပေါ် ဒေသမျိုးမှာ အခြားအပင်များ ရှင်သန်ရန်ခက်ခဲသော်လည်း တောင်ဇလပ်နီပင်များမှာ ရှင်သန်ကြသည်။ တောင်ပေါ်တွင် တိုက်ခတ်နေသော လေသည် ပြင်းထန်သည် အေးစက်သည် ထိုအခြေအနေမှာပင် တောင်ဇလပ်နီပင်များမှာ ကောင်းစွာ ရှင်သန်နိုင်သည်။
တောင်ဇလပ်ပင်တွေက အမြဲစိမ်းသော အပင်မျိုးတွင်ပါဝင်ပြီး အရွယ်အတော်အသင့်ကြီးသော အပင်မြျိုးဖြစ်သည်။ အပင်ကြီးမျိုးထဲတွင်မပါပါ။ ပင်စည်သည် တုပ်ခိုင်ပြီး အခြေပိုင်းမှာ မာကြောထူထဲသည်၊၊ အခေါက်ထူပြီး မီးခိုးရောင်ရှိသည်။ မာကြောပြီး တောင့်တင်းသော သွင်ပြင်က ရေခဲမတတ်အေးသောဒဏ်ကို ခံနိုင်ရည်ရှိသည်။ ပန်းခိုင်တခုမှာ ပန်းပွင့်အနဲဆုံး ၂၅ ပွင့်ခန့်ပါသည်။ နီပေါနိုင်ငံကတော့ တောင်ဇလပ်နီကို နီပေါအမျိုးသားပန်း(National Flower) အဖြစ် သတ်မှတ်ထားသည်။
Ref:google

About The Author

greenness_mm

No Comments

Leave a Reply