“တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းငယ် (92W) (Depression)တစ်ခုစတင်ဖြစ်ပေါ်လာ”

“တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းငယ် (92W) (Depression)တစ်ခုစတင်ဖြစ်ပေါ်လာ”

၆.၁၀.၂၀၂၁ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်

ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံ
ရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်​​ပြင်အလယ်ပိုင်း
တွင်JTWCအသိအမှတ်ပြုTyphoonမုန်တိုင်း(92W)
(Depression)တစ်ခု စတင်ဖြစ်ပေါ်လာတာကိုတွေ့ရ
ပါတယ်။

ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းငယ်(92W)
ရဲ့ အခြေအနေကတော့…

ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ယနေ့ မြန်မာစံတော်ချိန်
နံနက် ၆နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ
Center pressureမှာ”1000hpa”ဖြစ်ပြီးအနောက်
အနောက်မြောက်ဘက်ကို ၁နာရီ၁၀ မိုင်နှုန်းဖြင့်ဗီယက်
နမ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွေ့လျားနေတာကို
တွေ့ရပါတယ် ခင်ဗျာ။

အဆိုပါ မုန်တိုင်းငယ် Depression ဟာဆက်လက်
အားကောင်းလာပြီးနောက် အားကောင်းသော
Typhoon မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး
ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်
ကာ မြန်မာနိုင်ငံဘက်ကို အရှေ့လေပွေလှိုင်းများ
အဖြစ်နဲ့ ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိ
လာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်
ရရှိထားပါတယ်ခင်ဗျာ။

မုန်တိုင်းငယ် Depression ရဲ့ Update သတင်းများ
နှင့် မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအခြေ
အနေများအား နောက် Postမှာအသေးစိတ်တွက်ချက်
ပြီး ဆက်လက်တင်ပြသွားပါမည် ခင်ဗျာ။

 

ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

About The Author

greenness_mm

No Comments

Leave a Reply