တောမီးကြောင့် မော်ရိုကို အိုင်ကွန် တောရိုင်းတွေ အမြောက်အများ သေဆုံး

တောမီးကြောင့် မော်ရိုကို အိုင်ကွန် တောရိုင်းတွေ အမြောက်အများ သေဆုံး

အတ္တလန်တစ်သမုဒ္ဒယာထဲကနေ ဝင်လာတဲ့ အပူလှိုင်းကြောင့် ဥရောပတိုက်က စပိန် ၊ ပေါ်တူဂီနဲ့ ပြင်သစ်နိုင်ငံတွေမှာ တောမီးတွေ အကြီးအကျယ် လောင်နေခဲ့သလို အာဖရိမြောက်ပိုင်းက မော်ရိုကိုနိုင်ငံမှာလည်း တောမီးအကြီးအကျယ်လောင်နေခဲ့ပါတယ်။ အဲ့ဒိတောမီးကြောင့် မော်ရိုကို နိုင်ငံရဲ့ အထိမ်းအမှတ် တောရိုင်းကောင် တော်တော်များများ မီးထဲပါသွားပါတယ်။ မော်ရိုကိုမြောက်ပိုင်းက ဘူဟာချန်ဘေးမဲ့တောမှာ ဘာဘရီမာကာကေး မျောက်မျိုးနွယ်တစ်ခုလုံးနီးပါး မီးထဲ ပါသွားပါတယ်။

အဲ့ဒိတောရိုင်းတွေအတွက် ဘူဟာချန် ဘေမဲ့တောက နေရင်း ဒေသဖြစ်ပါတယ်။ အဲ့ဒိတောမီးက ကျေးရွာ ၁၅ ရွာကို ရွှေ့ပြောင်းပေးခဲ့ရတဲ့အပြင် မီးလောင်မှု မြန်တဲ့ အတွက် မွေးမြူရေး အကောင်တွေ ကိုလည်း မသယ်ဆောင် သွားနိုင်ခဲ့ပါဘူး။ ရစ်ဖ် တောင် တန်း တစ်ခုလုံးနီးပါး မီးထဲပါသွားတာပါ။ ပြီးခဲ့တဲ့လက မြေထဲပင်လယ် ဒေသပတ်ဝန်းကျင် ဒေသတစ်ခုလုံးနီးပါး နဲ့ ဥရောပအနောက်ပိုင်း တစ်ခြမ်းလုံး အပူလှိုင်း ကျခဲ့ပါတယ်။

ကမ္ဘာရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ပညာရှင်တွေကတော့ ရာသီပြောင်းလဲမှုမှာ အပူလှိုင်းကျတာက အပြင်းထန်ဆုံး ခံစားရမယ့် ပြဿနာတစ်ခုလို့ ဆိုလိုက်ပါတယ်။ ဘူဟာချန်မှာ သက်တမ်းရင့် သစ်ပင်ကြီးတွေကလွဲပြီး ကျန်တဲ့ အပင်ငယ်တွေ ၊ ချုံပင်တွေ ၊ မွေးမြူရေးခြံတွေ ၊ တောရိုင်းကောင်တွေ တော်တော်များများကြီး မီးထဲပါသွားပါတယ်လို့ သိရပါတယ်။ ကမ္ဘာသတင်းဌာနတွေ မှာတော့ ဥရောပနိုင်ငံတွေ တောမီးလောင်နေတာ အများကြီး ဖော်ပြခံနေရပေမဲ့ တကယ့်အဖိုးတန် ရင်းမြစ်တွေ အများကြီးရှိတဲ့ မော်ရိုကို နိုင်ငံက တောမီးကတော့ လူတွေ မသိလိုက် မသိဖာသာနဲ့ ပြီးသွားခဲ့ရပါတယ်။ စုစုပေါင်း တောမီးသင့်တဲ့ ပမာဏက ဧက ၂သောင်းကျော်ရှိပါတယ်။

 

မောင်ယဿ

REF: mongabay

#greenness

About The Author

greenness_mm

No Comments

Leave a Reply