တောမီးတွေကြောင့် ပင်လယ်ပျော်ငှက်တွေ အကြီးအကျယ်ဒုက္ခများနေရ

တောမီးတွေကြောင့် ပင်လယ်ပျော်ငှက်တွေ အကြီးအကျယ်ဒုက္ခများနေရ

ဩစတေးလျက သုတေသနပညာရှင် တစ်စုက အမြီးတိုဇင်ယော်တွေလို ပင်လယ်ပျော်ငှက်တွေကို လေ့လာရင် လူသူမနီးတဲ့ ကျွန်းတွေမှာ တောမီးကြောင့် ပင်လယ်ပျော်ငှက်တွေအသိုက်ပျက်ပြီး အကြီးအကျယ် ဒုက္ခ ရောက်ရတယ်လို့ ဆိုလာပါတယ်။
လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေမှာ မိုးကြိုးပစ်လို့ သစ်ပင်တွေ မီးလောင်ရင်းက တောမီး လောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ကမ္ဘာကြီး ပူနွေးလာမှုနဲ့ အတူ မိုးခေါင်ရေရှား ဖြစ်လာတဲ့ အတွက် ကျွန်းနေတိရစ္ဆာန်တွေမှာ အခက်အခဲတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ တောမီးနဲ့ ပတ်သက်ပြီး တောတွင်းသားတွေကိုင်တယ်ဖြေရှင်း နိုင်ရင်အများကြီးအကျိုးရှိနိုင်မယ်လို့လည်း သူတို့ အဖွဲ့ က အစိုးရကို အကြံပြုထားပါတယ်။
မနှစ်ကဆိုရင် ပစ္စိဖိတ် သမုဒ္ဒရာအတွင်းက သြစတေးလျှပိုင် ကျွန်း ၈ကျွန်း မိုးကြိုးပစ်လို့ တောမီးလောင် ခဲ့ပါတယ်။ အဲ့ဒိကျွန်းတွေက လူသူမနီးတဲ့အတွက် ဘယ်သူမှ မီးမငြိမ်းသက်ပေးနိုင်ခဲ့ပါဘူး ။ သုတေသနအဖွဲ့ က အဲ့ဒိကျွန်းတွေကို ရောက်တဲ့အခါမှာတော့ ကျွန်းတစ်ခုလုံးနီးပါး မီးသင့်နေတာကိုတွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ အချို့ ပင်လယ်ပျော်တွေက သူတို့ရဲ့အသိုက်တွေ မီးလောင်ခဲ့ပေမဲ့ သူတို့ က မီးလောင်ပြင်ထဲမှာပဲ မျိုးဆက်တာဝန်ကို ထမ်းဆောင် နိုင်ခဲ့လို့ မျိုးတုန်း တဲ့အဆင့်အထိ မရောက်ခဲ့ပါဘူး ။
ကျွန်းတစ်ခုလုံး အညိုရောင် မီးခိုရောင် နဲ့ပြည့်နေတာပါပဲ ၊ အစိမ်းရောင်အပင်ဆိုတာက အကွက်လိုက်လေးတွေ ပဲ ရှိနေတာပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဆိုရင် ဇင်ယောတွေ ထောင်နဲ့ချီပြီး တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ဇင်ယော်တွေသိပ်မတွေ့ရတော့ဘူး လို့ သုတေသနအဖွဲ့ခေါင်းဆောင် ဂျနီဖာလေဗာက ပြောပါတယ်။
သူတို့ရောက်သွားတဲ့ အချိန်မှာ အပျံသင်စ ငှက်ကလေးတွေကို တွေ့ခဲ့ရပါတယ်။ အချို့ငှက်တွေက မြေတွင်း တွေထဲမှာ ဥချတာဖြစ်လို့ သူတို့တွေက မြေတွင်းတွေကို လိုက်ရှာတဲ့အချိန်မှာ တွင်းတော်တော် များများက ငှက်တွေကို မတွေ့ရတော့ပါဘူး ။
အဲ့ဒိကျွန်းတွေမှာရှိတဲ့ ငှက်တွင်း ၄ပုံ၁ပုံ က ဟောင်းလောင်းဖြစ်နေပါတယ်။ လက်ရှိတွေ့ရှိထားတဲ့ ကျွန်းနေ ပင်လယ်ပျော် ငှက်မျိုး ၃၂၉ မျိုးစိတ်က ဒီအတိုင်းသား ဆက်သွားနေရင်တော့ မျိုးတုန်းဖို့ အန္တရာယ်နဲ့ နီးကပ်နေပါတယ်။
မောင်ယဿ
REF: mongabay

About The Author

greenness_mm

No Comments

Leave a Reply