တောရိုင်းမျိုးစိတ် ၁၀ မျိုး လောက်က မျိုးသုဉ်းဖို့အရမ်းနီးစပ်နေ

တောရိုင်းမျိုးစိတ် ၁၀ မျိုး လောက်က မျိုးသုဉ်းဖို့အရမ်းနီးစပ်နေ

တောရိုင်း မျိုးသုဉ်းတယ်ဆိုတာ ကမ္ဘာနဲ့ယှဉ်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ကျက်စားရာဒေသပျောက်ဆုံး လာတာရယ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာရယ်က တောကောင်တွေမျိုးသုဉ်းဖို့အတွက် အဓိက စေ့ဆော်တဲ့ အကြောင်းအရင်းပါပဲ ။
ကမ္ဘာ့ရာသီပြောင်းလဲမှု ကို ကျနော်တို့ ဂရုမစိုက်ဘူးဆိုရင်တော့ သေချာတာက တောရိုင်း မျိုးစိတ် ၆ မျိုး မှာ ၁မျိုး နှုန်း နဲ့ ၁၀စုနှစ် တစ်ခုစီတိုင်းမှာ ပျောက်ကွယ်ကုန် ကြတော့မှာပါ။
ကမ္ဘာ့ တောရိုင်း ရန်ပုံငွေ အဖွဲ့ (WWF) ရဲ့ အစီရင်ခံစာမှာ လက်ရှိ မျိုးသုန်းနေတဲ့ အကောင်တွေထဲမှာ ကြံ့တွေ ၊ ပရိုင်းမိတ် ၆မျိုး နဲ့ ကြောင်ကြီးမျိုး ၂ မျိုးတို့က လုံးဝကို အရေးပေါ် အခြေအနေဖြစ်နေပါတယ်။
ဆာအိုလာ တောင်ဆိတ် မျိုးလို အကောင်ရေ ၁၀၀ မပြည့်တော့တဲ့ မျိုးစိတ်က ၆ မျိုးရှိနေပါတယ်။ ဗီယက်နမ်နဲ့ လာအို နယ်စပ်မှာရှိတဲ့ အဲ့ဒိမျိုးစိတ်ဟာ အကောင်ရေ ၂၀ လောက်ပဲ ရှိပါတော့တယ်။
ကယ်လီဖိုးနီးယာ မြောက်ပိုင်း ပင်လယ်ကွေ့ မှာနေထိုင်တဲ့ ဗာကီတာ လင်းပိုင် မျိုးဆိုရင် ၁၀ ကောင်တောင်မပြည့်တော့ပါဘူး ။
အရေးကြီးပြီလို့ WWF က သတ်မှတ်ထားတဲ့ မျိုးသုဉ်တော့မယ့် အကောင်ရေ စာရင်းက တစ်နှစ်ထက် တစ်နှစ် တိုး လာနေပါတယ်။ ခရီးသွားစေတနာဝန်ထမ်းတွေက သူတို့တွေ့ရှိတဲ့ တောကောင်တွေကို ဓာတ်ပုံတွေ ပို့ကာ မှတ်တမ်းတင်ပေးထားတာကိုတော့ ဝမ်းသားစရာတစ်ခုဖြစ်ပါတယ်။
လက်ရှိ WWF ရဲ့ စာရင်းထဲ က အကောင်တွေကတော့ အက်ဒိုနီးရှားက ဆန်ဒါကျားမျိုး ၊ ဆူမတြား ဆင်မျိုး ၊ ဘောနီရို အော်ရန်ဂူတန် လူဝံမျိုး ၊ ကွန်ဂိုက ဂရာရာ ဂေါ်ဇီလာ မျိုး ၊ တရုတ် ယန်ဇီမြစ်လင်းပိုင်မျိုး ၊ ဆူမတြား ကြံ့ မျိုး ၊ အနောက်အာဖရိကား က တောဆင်ပု မျိုး နဲ့ ကင်မရွန်းနဲ့ နိုက်ဂျီးရီးယား နယ်စပ်က ဂေါ်ဇီလာမျိုး တွေက လုံးဝကို အန္တရာယ်ရှိနေပါပြီ ။
လူတွေမသတ်တောင် သူတို့ဖာသာ သေဆုံးကုန်တာ တစ်နှစ် ကို ၂၀ % လောက်ရှိနေပါတယ်။ မထိန်းသိမ်း ဘူးဆိုရင် လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာမြေပေါ်မှာ လုံး၀ ကွယ်ပျောက်သွားမယ့် မျိုး တွေဖြစ်ပါတယ်။
မောင်ယဿ
REF; euro news
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply