ထိုင်နိုင်ငံသား​တွေ ဘာကိုရွေးကြမှာလဲ

ထိုင်နိုင်ငံသား​တွေ ဘာကိုရွေးကြမှာလဲ

ဆာတန်ပြည်နယ်ဆိုတာ ထိုင်နိုင်ငံရဲ့ တောင်ဖက်အစွန်ဆုံး အန်ဒမန်ပင်လယ်ရဲ့ အနားသတ် ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ထိုင်နိုင်ငံမှာ သိပ်ပြီးမဖွံ့ဖြိုးသေးတဲ့ နေရာတွေအများကြီးရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကျောင်းသား၁၆၀၀ ကို ဆရာ ၉၀လောက်နဲ့ လည်ပတ်နေရတဲ့နေရာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ခေါင်တိုခရမ်လို ထုံးကျောက်တောင်ကြီးတွေ ရှိလို့ ဘိလပ်မြေထုတ်ဖို့အတွက် စီးပွားရေးသမားတွေ နဲ့ အစိုးရဝန်ကြီးဌာန စီမံကိန်းတွေ အကြိုက်ဖြစ်နေပါတယ် ။
ထိုင်း ဥပဒေမှာကကျောက်မိုင်းတွေက လူနေအိမ်ခြေတွေနဲ့ အနည်းဆုံး မီတာ၅၀၀ အကွာမှာ ရှိရမယ်လို့ ဆိုထားပေမဲ့ လက်ရှိခေါင်တိုခရမ် ကျောက်မိုင်းနဲ့ စာသင်ကျောင်း က မီတာ ၃၀၀ ကျော်ပဲ ဝေးပါတယ် ။ ရှေးကျတဲ့ ထုံးကျောက်ဂူတွေ အလွန်ရှားပါတဲ့ ခရုအသေးမျိုးစိတ်တွေ က ကျောက်မိုင်းကျောက် ပျောက်ကွယ်သွားနိုင်ပါတယ် ။
အစိုးရက ၂၀၁၆ ခုနှစ်မှာ ဒေသတွင်း အလုပ်အကိုင်ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ကျောက်မိုင်းတွေကိုခွင့်ပြုခဲ့ပါတယ်။ ဒေသခံတွေ ဆန့်ကျင်နေတဲ့ ကြားကနေ ကျောက်မိုင်းကုမ္ပဏီက သူတို့ရဲ့ လုပ်ငန်းစဉ်တွေ ကို စတင်ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတူညီမှု ( EIA) ကို ကုမ္ပဏီက ၂၀ ၁၇ မှာ လက်မှတ် ထိုးလိုက်တယ် ဆိုပေမဲ့ ဒီနေ့အထိ ဟုတ်တိပတ်တိ လုပ်ပေးနေတာ မရှိသေးပါဘူး။ အစိုးရပိုင်းက စစ်ဆေးရေးလာတဲ့ ခဏကလွဲပြီး ကျန်တဲ့ အချိန်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုတာ မည်ကာမတ္တာပါပဲ ။
အသက်၆၀ ကျော် ဒေသခံအဖိုးအို အီဘရာဟင်က ” ကျနော်ဒီမြေမှာမွေး ဒီမြေမှာကြီးလာတာပါ ။ ဒီေုသတဈခုလုံး ကျနော်ခြေမချဘူးတဲ့ နေရာ ဆိုတာ မရှိသလောက်ပါပဲ ။ ထုံးကျောက်တွေက အပေါက်လေးတွေပါတော့ ဒီဒေသရဲ့မြေဆီ အစိုးဓာတ်ကို ထိန်းထားပေးနိုင်တယ် ။ အခုတစ်လောမှာ တောတွေမှာ မြေအောက်ရေ နည်းလာလို့ သစ်တောတွေ ပါးရှားလာတယ်။ ရေတွင်းအချို့ဆိုရင် ရေတွေခမ်းသွားကြတယ် ။ ကျနော်တို့ ဒေသက သဘာဝရင်းမြစ်ပေါကြွယ်ဝတဲ့ နယ်မြေတော့မဟုတ်ပါဘူး ။ ဒါပေမဲ့ ရာဘာပင်လို စီးပွားဖြစ်အပင်တွေ အတွက် နေရာကောင်းပေါ့ဗျာ ။ အခုတော့ ကျောက်မိုင်းတွေကြောင့် သစ်တောတွေရော စိုက်ခင်းတွေပါပစ်ရတော့မယ်”လို့ ဆိုလိုက်ပါတယ် ။
ယူနက်စကိုကတော့ ဆာတန်ဒေသကို ကျောက်ဖြစ်ရုပ်ကြွင်း နဲ့ ဘူမိရုပ်ကြွင်းတွေ လေ့လာလို့ ကောင်းတဲ့နေရာဆိုပြီး ၂၀၁၈မှာ ကမ္ဘာ့အမွေအနှစ်စာရင်းထဲကိုသွင်းလိုက်တယ် ဆိုပေမဲ့ ကျောက်မိုင်းတွေက အဲ့ဒိနယ်မြေနဲ့ ကင်းလွတ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ် သန်း ၂၅၀ နဲ့ ၅၀၀ ကြားရှိတဲ့ ပလီယိုဇိုရစ် ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းတွေ ကို လေ့လာလို့ ရတဲ့ ကမာ်ဘ့ ရုပ်ကြွင်း ဥယျာဉ် ကြီးအဖြစ် ဟတ်တာ ၂သိန်းခွဲကျော်ကို မြေ ရော ရေရော ၂ပိုင်းခွဲပြီး သက်မှတ်ခဲ့ပေမဲ့ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းက လွန်ဆွဲနေတာကတော့အမှန်ပါပဲ ။ ကဲ ထိုင်းသားတွေရေ ဘာရွေးကြမလဲ ။
မောင်ယဿ ( ဇူလိုင် ၈ )
REF: mongabay
 #Greenness

About The Author

greenness_mm

No Comments

Leave a Reply