ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့

ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့

မတ်လ ( ၈ ) ရက်နေ့က ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့်ကို ခြေရာခံသည့် IQAir ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိအထဲမှာ ချင်းမိုင်မြို့ကအဆိုးဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ၂ အထိ ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့နဲ့အနီးတစ်ဝိုက်မှာ လေထုအရည်အသွေးသည် လက်ခံနိုင်သော ကန့်သတ်ချက်ထက် ကျော်လွန် သည့် နေရာခြောက်ခုရှိခဲ့ပြီး ၁ကုဗမီတာလျှင် သက်မှတ်စံနှုန်း PM ၂.၅ ထက် အများကြီးကျော်လွန်ကာ ၂၁.၉ မှ ၃၉.၇ မိုက်ခရိုဂရမ်ကြားရှိခဲ့ပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် ၁ ကုဗမီတာလျှင် ၅၃ မှ ၁၇၀ မိုက်ခရိုဂရမ် အထိရှိပြီး အရှေ့မြောက်ဒေသသည် ၁ ကုဗမီတာလျှင် ၃၅.၈ မှ ၈၀ မိုက်ခရိုဂရမ်အကြား ရှိခဲ့ပါတယ် ။ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင်လည်း ၁ ကုဗမီတာလျှင် ၃၀. ၂ မှ ၆၀ . ၂ မိုက်ခရိုဂရမ်ကြား ၊ အရှေ့ဖက်ဒေသတွေ မှာတော့ ၁၆. ၃ နဲ့ ၃၂.၁ မိုက်ခရိုဂရမ်ကြားမှာ ရှိခဲ့ပါတယ်။ တောင်ပိုင်းဒေသတွင် ဧရိယာတစ်ခုတည်းသာ စံချိန်စံညွှန်းထက် ကျော်လွန်နေပြီး ၁ကုဗမီတာလျှင် PM2.5 ပြင်းအား ရှိရမယ်ဟာကို ၁၄.၄ ကနေ ၄၅.၃ မိုက်ခရိုဂရမ်ကြားရှိထိနေခဲ့ပါတယ်။ ကျန်တဲ့ ဒေသတွေကတော့ စံနှုန်းအတွင်းရှိခဲ့ပါတယ်။
အဲ့ဒါကြောင့် လေထုအရည်အသွေး စောင့်ကြည့်လေ့လာရေးက လေထုညစ်ညမ်းမှု PM2.5 အဆင့်ကို ပြည်နယ်ပေါင်း ၄၆ ခုမှာ အတော်များများက စံနှုန်းထက် ကျော်လွန်နေသောကြောင့် နေထိုင်သူများအတွက် ကျန်းမာရေးသတိပေးချက်များနှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွင် အများပြည်သူများအနေဖြင့် ၎င်းတို့၏ကျန်းမာရေးကို ကာကွယ်ရန်၊ ပြင်ပလှုပ်ရှားမှုများတွင် ကုန်ဆုံးသည့်အချိန်ကို လျှော့ချရန် သို့မဟုတ် တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းများကို အသုံးပြုရန် အကြံပြုထားပါတယ်။
မောင်ယဿ
REF: Thaiger

About The Author

greenness_mm

No Comments

Leave a Reply