ဒက်ချ်တွေလိုသာ စက်ဘီးစီးကြမယ်ဆိုရင် တစ်နစ်ကို ကာဗွန် တန်ချိန် သန်း၇၀၀ လောက် လျှော့သွားမယ်

ဒက်ချ်တွေလိုသာ စက်ဘီးစီးကြမယ်ဆိုရင် တစ်နစ်ကို ကာဗွန် တန်ချိန် သန်း၇၀၀ လောက် လျှော့သွားမယ်

ဒိန်းမတ်နိုင်ငံတောင်ပိုင်း က တက္ကသိုလ်တစ်ခု က ပြုလုပ်တဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ နယ်သာလန် နိုင်ငံသားတွေ လိုမျိုး စက်ဘီးစီးကြမယ်ဆို တစ်နှစ်ကို ကာဗွန်တန်ချိန် သန်း၇၀၀ လျှော့ချနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒိစစ်တမ်းအကြောင်းကို ဩဂုတ် ၂၀ ရက်ကထွက်တဲ့ Communications Earth & Environment ဂျာနယ်မှာ အသေးစိတ်ဖော်ပြပါရှိပါတယ်။

ဒက်ချ်လူမျိုးတစ်ယောက်စီက တစ်နေ့ကို အနည်းဆုံး ၂.၆ ကီလိမီတာ စက်ဘီးစီးကြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး အဲ့လိုမျိုးစက်ဘီးကို အဓိကထားပြီး စီးမယ်ဆိုရင် ကမ္ဘာ့လေထုထဲက နေ တစ်နှစ်ကို ကာဗွန်တန်ချိန် ၆၈၆ သန်း လျှော့ချနိုင်မယ်လို့ သူတို့ရဲ့စစ်တမ်းက ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးကြောင့် ကာဗွန်ထုတ်လွှတ်မှု များတဲ့ ယူကေ ၊ ကနေဒါ၊ ဆော်ဒီအာရေဗီးယား နဲ့ သြစတေးလျှတို့မှာ အဲ့ဒိအလေ့အထဖွံ့ဖြိုးသွားပါက ပိုပြီးတော့တောင် လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ် ကမ္ဘာ့ကာဗွန်လျှော့ချရေးအစီအစဉ်မှာ စက်ဘီး စီးတဲ့ အလေ့အထက အထိရောက်ဆုံး နဲ့ ဖြစ်နိုင်ချေအရှိဆုံး လုပ်ငန်းဖြစ်တယ်လို့ စာရေးသူက ဆိုပါတယ်။

စက်ဘီးစီးခြင်း ကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ရင် တစ်ဦးချင်းစီ ကျန်းမာ ကြံ့ခိုင်လာမှုနဲ့ နာတာရှည် ရောဂါသည် ကျဆင်းမှု အကျိုးကို ခံစားရမှာဖြစ်ပါတယ်။ အထိုင်းများတဲ့ လူနေမှုပုံစံကနေ ဖြစ်နေတဲ့ နာတာရှည် ရောဂါတွေကို စက်ဘီးစီးခြင်း က အများကြီး အထောက်အကူပေးနိုင်ပါတယ်။

စက်ဘီးစီးရင် ကင်ဆာရောဂါဖြစ်ပွားမှု ၄၅% လျှော့ချနိုင်ပြီး နလုံးရောဂါဖြစ်ပွားမှု ၄၆% လျှော့ချပေးပါတယ်။ ကိုယ့်အတွက်လည်းကောင်းသလို သဘာဝပတ်ဝန်းကျင် ကိုလည်း အထောက်အကူပေးပါတယ်။

ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း ၄ပုံ၁ပုံက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက နေလာတာပါ။ အဲ့ဒိထဲက တစ်ဝက်က ကိုယ်ပိုင်ကားတွေ ၊ ဘတ်စ်ကားတွေ နဲ့ ထရက်ကားတွေက ထွက်တဲ့ ကာဗွန်တွေပဲ ဖြစ်ပါတယ်။ ကားတွေက ကျနော်တို့ အနီးတစ်ဝိုက်မှာ အဆိပ်သင့်ဓာတ်ငွေ့တွေကို ထုတ်လွှတ်နေပြီး လေထုညစ်ညမ်းမှုတွေကို လုပ်နေတာပါ။

နေ့စဉ် ကိုယ်သွားနေတဲ့ ခရီးတစ်ဝက်ကို စကဘီးစီးလိုက်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ လေထုက တော်တော်သန့်စင် သွားနိုင်တယ်လို့ ယူကေက ရာသီဥတုဆိုင်ရာ အန်ဂျီအိုအဖွဲ့တစ်ဖွဲ့ က ဆိုပါတယ်။ ၁၉၆၂ ခုနှစ်က တစ်ကမ္ဘာလုံးမှာ စက်ဘီးထုတ်လုပ်မှု ၂၀. ၇ သန်းသာရှိခဲ့ပါတယ် ၊ ၂၀၁၅မှာ အစီးရေ ၁၂၃သန်း ထုတ်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု က အများကြီးတိုးတက်လာတဲ့အတွက် စက်ဘီးစီးဦးရေ တိုးတိုက်လာပေမဲ့ မလုံလောက်ဘူးဖြစ်နေပါတယ်။ လက်ရှိတိုင်းတာမှုအရ ကမ္ဘာပေါ်မှာ စက်ဘီးစီးတဲ့ ဦးရေ က ၅% လောက်ပဲ ရှိတယ်လို့ သိရပါတယ်။

မောင်ယဿ
REF: euronews
#greenness

About The Author

greenness_mm

No Comments

Leave a Reply