ဒက်ချ်လယ်သမားတွေရဲ့ မွေးမြူရေးခြံတွေ ပိတ်ရဖွယ်ရှိနေ

ဒက်ချ်လယ်သမားတွေရဲ့ မွေးမြူရေးခြံတွေ ပိတ်ရဖွယ်ရှိနေ

                နယ်သာလန်နိုင်ငံက အမေရိကန်ပြီးရင် စိုက်ပျိုးရေးထွက်ကုန်တွေ အများဆုံး တင်ပို့တဲ့ နိုင်ငံဆိုရင် အံ့အားသင့်စရာ ကောင်းပါလိမ့်မယ် ။ နိုင်ငံသေးသေးလေးကနေ ကမာ်ဘကိုမှေးမွူရေး လုပ်ငန်းထုတ်ကုန်တွေကို အများကြီးတင်ပို့နေပါတယ် ။ အမျိုးသားစာရင်းအင်းဌာနရဲ့ အဆိုအရ မနှစ်ကဆိုရင် လယ်ယာထွက်ကုန် ယူရို ၁၂၂ ဘီလီယံဖိုးအထိ တင်ပို့ခဲ့တယ် လို့သိရပါတယ် ။ အဲ့ဒါကြောင့် နယ်သာလန်နိုင်ငံက ဥရောပနိုင်ငံတွေ ထဲမှာ နိုက်ထရိုဂျင်အောက်ဆိုက် လယ်ဘယ်အမြင့် ဆုံးနိုင်ငံဖြစ်နေပါတယ် ။
               ကမ္ဘာ့ရာသီဥတုကို ဆိုးဝါးစွာ ဖောက်ပြန်​စေတဲ့ ကမ္ဘာကြီးပူနွေးလာမှုကို လှုံ့ဆော်ပေးတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆများစွာ အပူကို စုပ်ယူနိုင်တဲ့ အမိုးနီးယားကနေလာတဲ့ မီသိန်းဓာတ်ငွေ့တွေရဲ့ ပင်မလွှတ်ထုတ်တဲ့ နေရာတွေကတော့ စီးပွားဖြစ် မွေးမြူရေးခြံတွေပါပဲ ။ နယ်သာလန်က အဲ့ဒိလို မွေးမြူရေးခြံတွေ အများကြီးပဲရှိပါတယ် ။ အဲ့ တော့ ဥရောပသမဂ္ဂ ( အီးယူ)က နယ်သာလန်လယ်သမားတွေကို လျော်ကြေးပေးပြီး မွေးမြူရေးခြံတွေကို ပိတ်ခိုင်းမယ်ဆိုပြီး ဆွေးနွေးမှုတွေလုပ်လာကြပါတယ် ။အီးယူက လျော်ကြေး ၁.၅ ဘီလီယံသုံးမယ်ဆိုပြီး ဒက်ချ်အစိုးရကို ကမ်းလှမ်းပါတယ် ။ အစိုးရကလည်း သဘောတူပါတယ် ။ လောလောဆယ်တော့ စေတနာ့ဝန်ထမ်း မွေးမြူရေးသမားတွေကို ခေါ်နေပါတယ် ။ ကိုယ့်သဘောနဲ့ ကိုယ် မွေးမြူရေး ခြံတွေကို ပိတ်မယ်ဆိုရင် တန်ဖိုးငွေကို အစိုးရက အမ်းမှာပါ။ လယ်သမား ၃၀၀၀ လောက်ကတော့ စာရင်းပေးထားပါတယ် ။
              အစိုးရကလာမယ့် ၂၀၅၀မှာ တိုင်းပြည်ကနေ ထုတ်လွှတ်နေတဲ့ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ အမိုးနီးယားတွေကို တစ်ဝက်လျှော့ချပေးမယ်လို့ အီးယူကို ကတိကဝတ်ပြုထားပါတယ် ။ အဲ့ဒိမွေးမြူရေးခြံတွေ ပိတ်သိမ်းရေး နဲ့ ပတ်သက်ပြီး လယ်သမားတွေက ၂၀၁၉ အောက်တိုဘာလလောက်ကတည်းက ဆန္ဒပြခဲ့ကြတာပါ ။ သူတို့စိုးရိမ်နေတာက သူတို့ရဲ့မွေးမြူရေးခြံတွေကို ပိတ်သိမ်းလိုက်ပြီးရင် အစားထိုး လုပ်ငန်းတွေ လုပ်မရတာကိုပဲဖြစ်ပါတယ် ။ အစိုးရက လယ်သမားတွေကို သေသေချာချာကတိကဝတ်တွေ မပေးဘဲ နိုင်ငံတကာက စီမံကိန်းတွေကို လက်ခံတာနဲ့ ပတ်သက်ပြီး မကျေနပ်ကြတာပါ ။
                အခုတော့ မေလ ၂ ရက်နေ့က အီးယူကလျော်ကြေး ၁.၅ ဘီလီယံ ပေးမယ်ဆိုတော့ လယ်သမားအများစု ခြံတွေ ပိတ်ဖို့အတွက် စိတ်ဝင်စားလာကြပါတယ် ။ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ မွေးမြူရေး လုပ်ငန်းတွေ ကို ပြန်လည် ဒီဇိုင်းဆွဲပြီးလုပ်ဆောင်နိုင်အောင်လို့ ဥရောပကော်မရှင်က အကြံပြုထားပါတယ် ။ အကူးအပြောင်းကြားကာလမှာ နစ်နာသူတွေ ရှိကောင်းရှိမှာပါ ။ ဒါပေမဲ့ အချိန်တစ်ခုမှာ အားလုံး အဆင်ပြေအောင် လုပ်ပေးသွားနိုင်မှာပါလို့ ဥရောပကော်မရှင်က တာဝန်ရှိသူတစ်ဦးကဆိုပါတယ် ။
မောင်ယဿ
REF; eur0news

About The Author

greenness_mm

No Comments

Leave a Reply