ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်
ခေါင်ရည်အ၀သောက်မယ်
ချယ်ရီပန်းတွေခူးမယ်
သစ်ခွတွေရှာမယ်
ဓာတ်ပုံတွေ အ၀ရိုက်မယ်
အမြင့်ဆုံးတောင်ထွဋ်တစ်နေရာကနေ
ကမ်ဘာကြီးကိုခူးဆွတ်မယ်
လက်ဖက်ခင်းထဲ ဖျာကြမ်းခင်းပြီး ဖက်နဲ့ထမင်းစားမယ်
တောင်ပေါ်သံ၀ဲ၀ဲနဲ့ စကားပြောမယ်
ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်
နှင်းတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် နေပစ်မယ်
တောင်ဇလပ်န်းနီလေးကို တဝကြီးငေးမယ်
တောင်ရိုးတွေပေါ်တက်မယ်
လိပ်ပြာလေးတွေဖမ်းမယ်
ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်
ကိုယ် အတ္တမကြီးတော့ဘူး
စမ်းချောင်းထဲ ဖိနပ်စီးပြီးမဆင်းတော့ဘူး
အချစ်ကိုလည်း မခြောက်သွေ့စေတော့ဘူး
အဲဒါတွေအစား
တံမြက်စည်းပင်ခုတ်တဲ့ကလေးတွေကို ပုံပြင်တွေပြောပြမယ်
တဲအိုလေးထဲကနေ ရွာဝင်လမ်းကိုငေးမယ်
ကဗျာတွေရေးမယ်
လရောင်စိုနေတဲ့တောင်ပေါ်ညတွေကိုဖွင့်ဆိုမယ်
ဘုရားသခင်ဆီသွားရာလမ်းမှာ
အနိုင်ကျင့်ခံရပြီး အလောင်းဖျောက်ခံလိုက်ရတဲ့ကောင်မလေးကို အမ်ွဝေမယ်
ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်
စီးကရက်မဖွာတော့ဘူး
အရင့်အရင် တောင်ပေါ်ရောက်ဖြစ်တုန်းကအကြောင်းတွေ
မေ့ထားမယ်
ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ပြောပါတယ် ။ ။
အောင်ပင်လယ်မဂ္ဂဇင်း
အတြဲ ၃၀၊ အမှတ် ၄၆ မတ်-ဧပြီ 2018

About The Author

greenness_mm

No Comments

Leave a Reply