ဒီအတိုင်းသွားနေလို့ကတော့ ဒီ၁၀နှစ်အတွင်းမှာပဲ အာတိတ်ရေခဲတွေ ကုန်သွားမယ်လို့ ဆိုကုန်ကြပြီ

ဒီအတိုင်းသွားနေလို့ကတော့ ဒီ၁၀နှစ်အတွင်းမှာပဲ အာတိတ်ရေခဲတွေ ကုန်သွားမယ်လို့ ဆိုကုန်ကြပြီ

လက်ရှိကမ္ဘာကြီးက ၎င်းထုတ်လွှတ်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို မဖြတ်တောက်နိုင်ဘူးဆိုရင် အာတိတ်ဒေသမှာ ရေခဲတွေကုန်သွားမယ်ဆိုတာက ရှောင်လွဲလို့မရတဲ့ အခြေအနေပဲလို့ ပညာရှင်တွေက ပြောလာပါပြီ ။ ဒါပေမဲ့ သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ကို ဖြတ်တောက်လိုက်ရင်တော့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ အခိုင်အမာဆိုထားပါတယ်။
အာတိတ်သည် လာမယ့်နှစ်အနည်းငယ်အတွင်း ၎င်းရဲ့ပထမဆုံးသော ရေခဲကင်းစင်တဲ့နေ့ကို တွေ့ကြုံရနိုင် တယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စု Colorado Boulder တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ခုအရ အဲ့ဒိဖြစ်စဉ်က အရင်ကမှန်းထားတာထက် ၁၀ နှစ်စောပြီးရောက်လာတယ်လို့ ဆိုပါတယ်။ သူတို့အဆိုအရ အာတိတ်ဒေသမှာ ရေခဲတွေ လုံးဝကုန်ဆုံးသွားပြီး ရေချည်းသက်သက် ဖြစ်သွားမယ် လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။ သက်မှတ်ချက်အရ အာတိတ်သမုဒ္ဒရာအတွင်းမှာ ရေခဲထု စတုရန်းကီလိုမီတာ ၁ သန်း‌ အောက်ကျသွားရင် ရေခဲကင်းစင်တဲ့ ဝင်ရိုးစွန်း ဒေသလို့ ဆိုလိုက်တာပါ။
အာတိတ်ဒေသမှာ ရေခဲတွေလျော့နည်းလာတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ဖြစ်တည်လာတဲ့ ကြီးမားသော ဆုတ်ယုတ်မှုပါပဲ။ အဆင့်သတ်မှတ်ချက်အရ ၁၉၈၀ ခုနှစ်တွေမှာ အာတိတ်ရဲ့ အနည်းဆုံး ရေခဲဖုံးလွှမ်းမှုက ၂၀ ရာခိုင်နှုန်းအောက်ကိုရောက်လာပါတယ်။ မကြာသေးမီနှစ်များအတွင်း တိုင်းတာမှုအရ အာတိတ်သမုဒ္ဒရာထဲမှာ အနည်းဆုံးရေခဲ စတုရန်းကီလိုမီတာ ၃.၃ သန်းခန့်ပဲ ရှိပါတော့တယ် ။
CU Boulder’s Institute of Arctic and Alpine Research မှ လေထုနှင့်သမုဒ္ဒရာသိပ္ပံဆိုင်ရာ တွဲဖက်ပါမောက္ခ အလက်ဇန္ဒရာ ဂျန်က “အာတိတ်ဒေသမှာ သိပ္ပံပညာရှင်တွေ မျှော်လင့်ထားတဲ့ အရာတွေကို ဆက်သွယ် ပြောဆိုတဲ့ အခါ၊ နေ့စဉ် ဂြိုလ်တုဒေတာမှာ ပေါ်လာမယ့် အာတိတ်မှာ ပထမဆုံး ရေခဲကင်းစင်တဲ့ အခြေအနေတွေကို ဘယ်အချိန်မှာ စောင့်ကြည့်ရမလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ အရေးကြီးပါတယ်”
လို့ ပြောကြားခဲ့ပါတယ်။ Jahn နှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များက အနာဂတ်တွင် အာတိတ်ရေပြင်သည် နေ့စဉ် မည်သို့ပြောင်းလဲနိုင်သည်ကို သိရှိရန် ပင်လယ်ရေခဲပြင်ဆိုင်ရာ လေ့လာမှုများနှင့် တွက်ချက်မှုဆိုင်ရာ ရာသီဥတုပုံစံများမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပါတယ် ။ ဒီကနေ့ ထုတ်ဝေတဲ့ Nature Reviews Earth & Environment ဂျာနယ်မှာ ၎င်းတို့ရဲ့ တွေ့ရှိချက်က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ အကျိုးဆက်များကို အကြမ်းဖျင်းဖော်ပြပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြတ်တောက်ရန် ဘာကြောင့် အရေးတကြီး လိုအပ်ကြောင်း ကို ဖော်ပြလိုက်ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply