နာမည်ကြီး သစ်ကုမ္ပဏီတွေက သစ်တောပြုန်းတီးတာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်

နာမည်ကြီး သစ်ကုမ္ပဏီတွေက သစ်တောပြုန်းတီးတာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်

Forest 500 အမည်ရတဲ့ တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ သြဇာတိက္ကမ ကြီးမားတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ တွေက သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်လာရင် အရေးယူဆောင်ရွက်ခြင်း သိပ်မရှိလှဘူး လို့ ဖော်ပြပါရှိပါတယ်။
အဲ့ဒိအဖွဲ့စာရင်းပြုစုထားတဲ့ ကမ္ဘာ့ သြဇာတိက္ကမကြီးဆုံး ကုမ္ပဏီ ၃၅၀ မှာ သုံးပုံတစ်ပုံကျော်မှာ သစ်တောပြုန်းတီးမှုနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေမရှိသလောက်ပါပဲ လို့ ဆိုပါတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီး သစ်တောပြုန်တီးမှု မရှိပါဘူးလို့ အာမခံချက်လုံး၀ မရှိပါဘူး ။
ကျမတို့ ၂၀၁၄ ကတည်းက ဒီစာရင်း ကို ပြုစုနေတာပါ။ ကံမကောင်းချင် တော့ ကျမတို့ ရလိုက်တဲ့ ရလဒ်ကို တော်တော်စိတ်ပျက်ခဲ့ရပါတယ်။ ဒီနေ့အထိလည်း ဘာတိုးတက်မှုမှ လည်း မရှိပါဘူး ။ မနှစ်က ညီလာခံတွေ ကျင်းပပြီး ဆွေးနွေးတိုင်ပင်ခဲ့ပေမဲ့ ဘာဆို ဘာမှ ပြောင်းလဲမှု မလုပ်ကြပါဘူး လို့ အဲ့ဒိအဖွဲ့ရဲ့ ပရိုဂမ် မန်နေဂျာ ဆာရာရိုဂျာဆန်က ဆိုပါတယ်။
သစ်တောထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းတွေက ဘယ်လိုပဲပြောပြော ကုမ္ပဏီ ကြီးတွေ လုံး၀ ဂရုစိုက်ခြင်းမရှိခဲ့ကြပါဘူး ။
ကျန်တဲ့ ကုမ္ပဏီ ၃ ပုံ ၂ ပုံ မှာလည်း သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် တိကျသေချာတဲ့ အစီအစဉ်တွေမရှိကြပါဘူး ။ အဲ့ဒိထဲမှာ အမေရိကားက နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ ဘလက်ရော့ခ် ၊ ဗန်ဂတ် နဲ့ စတိတ်စထရိ တို့လို ကုမ္ပဏီတွေ တောင်ပါတယ်လို့ ဆိုပါတယ်။
သစ်တောပြုန်းတီးမှုက ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၁၅% ကို ဖြစ်စေပါတယ်။ သစ်တော ပြုန်းတီးမှုကို ကာကွယ်တာက ကမ္ဘာ့ ကာဗွန်ပမာဏကို လျှော့ချပေးတဲ့ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါတယ်။
သစ်တောပြန်းတီးမှု ကို ဖန်တီးနေတဲ့ ကုမ္ပဏီတွေမှာ ဆီအုန်းလုပ်ငန်း ၊ ပဲပိစပ်လုပ်ငန်း ၊ အမဲသားထုတ်လုပ်ရေး လုပ်ငန်း ၊ သားရေ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ အများစုပါဝင်နေပါတယ်။
အဲ့ဒိလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၃၅၀ နဲ့ သူတို့ ကို ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့ ၁၅၀ က သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ပြီး တာဝန်ယူရမှာပါလို့ အဲ့ဒိအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မောင်ယဿ
REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply