နိဂုံးရဲ့ နိဒါန်း

နိဂုံးရဲ့ နိဒါန်း

ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။
ကျွန်တော့ကိုပြစ်ဒါဏ်ပေးသလို လုပ်နေကြတာ များလှပြီလေ။ တော်ကြပါတော့၊ ရပ်တန်းကရပ်ကြပါတော့ဗျာ။ မရပ်ကြရင်ကျွန်တောသေဆုံးတော့မယ်နော။ ကျွန်တော်သာသေဆုံးသွားရင်ခင်ဗျားတို့လဲ သေဆုံးသလိုဖြစ်သွားကြမှာ။
ဟုတ်ပါတယ် ကျွန်တော့ရဲ့ငယ်ဘဝ လို့ဆိုရမဲ့အစောပိုင်းကာလတွေတုံးကတော့ ကျွန်တော်က အားကောင်းမောင်းသန်ဆိုတော့ အရှိန်ပြင်းပြင်းနဲ့တိုးဝှေ့ဖြတ်သန်းလိုက်တာပါပဲ။ လမ်းမှာတွေ့တဲ့အနှောက်အယှက်အတားအဆီးဆိုတာတွေတော့အကုန်လုံးဖယ်ရှားရှင်းလင်းပြစ်ခဲ့တာ။ အဲလိုလုပ်တော့ ထိခိုက်နာကျင်တာလဲနဲနဲပါးပါးတော့ရှိခဲ့မှာပါ။
အလယ်ပိုင်းကာလမှာတော့ကျွန်တော်ဟာအစောပိုင်းကာလလို ဂမူးရှုးထိုးမဖြစ်တော့သလို အတတ်နိုင်ဆုံးလဲ မာန်မာနတွေကိုလျော့ချကာ တည်ငြိမ်စွာနဲ့သယ်ဆောင်ပေးခဲ့ပါတယ်။
နောက်ပိုင်းကာလဆိုတာကတော့အိုမင်းမစွမ်းချိန်လေ။ ဘဝကို သယ်ဆောင်လာသမျှပို့ချရင်းနဲ့ ကုန်ဆုံးရမှာမဟုတ်လား။ ခရီးလမ်းတလျောက်လုံးမှာရယူခဲ့တဲ့အဆီအနှစ်တွေအကုန်လုံး စုပုံပြီးပေးထားခဲ့တာပဲလေ။
ဟုတ်တယ်.. ကျွန်တော်က ”နဒီ”ဆိုတဲ့ ”မြစ်တစင်း” လေ။
ခုတော့ဗျာ ခင်ဗျားတို့ သုံးစွဲလို့ထွက်လာတဲ့အမှိုက်သရိုက်အစုံကိုနေရာအနှံကနေ ကျွန်တော့အပေါ်မှာပြစ်လိုက်ကြတာ ကြည့်လှဲ့ စမ်းပါဦး။
ကျွန်တော်နဲ့သဟာဇာတဖြစ်တဲ့အရာတွေဆိုရင်တော့ အားလုံးအတွက်အသုံးတဲ့အောင်ဆွေးမြေ့စေပြီးသင့်တဲ့နေရာမှာပြန်ထားပေးလို့ရပေမဲ့ ဘယ်လိုမှဖျက်ဆီးမရတဲ့ ပလစတစ်၊ ဖော့၊ပုလင်းခွံအပါအဝင် အမှိုက် ပစ္စည်းစုံကိုတော့ ကျွန်တော်ဖြတ်သန်းလာတဲ့လမ်းတလျောက်မှာတင်ကျန်ရစ်ခဲ့တာကကျန်၊ တင်ကျန်မရစ်ပြန်တော့လဲ အဝေးဆုံးပင်လယ်ထဲထိရောက်ရှိစေရပြန်တယ်။
ဒါတင်လားဆိုတော့မဟုတ်သေးဘူးဗျ ကျွန်တော်သွားလာလမ်းမှာ လမ်းမမှားအောင်ထိမ်းကြောင်းပေးတဲ့ကမ်းပါးတောင်စွယ်တွေကို ရွှေတူးတာဆိုပြီး ရေပန့်အကြီးစားတွေနဲ့ထိုးဖြိုကြလို့ ခုဆိုကျွန်တော်သွားရမဲ့လမ်းကပျောက်နေပြီ။ စမ်းတဝါးဝါးသွားရတော့ ဟိုတိုးဒီတိုက်ဖြစ်ပြန်တော့လဲ ကျွန်တော့ကိုအပြစ်တင်ကြပြန်ရော။
အချိန်မတန်ခင်ရောက်လာတဲ့ ရေထိုးချမြေစာတွေကိုသယ်ရတာမထောင်းတာပေမဲ့ မြေစာနဲ့အတူပါလာတဲ့ကျောက်ခဲတွေကိုတော့ကျွန်တော်မနိုင်တော့ဘူး။ ကျွန်တော့ဝမ်းဗိုက်ကြမ်းပြင်မှာပြန့်ကျဲနေယုံတင်မက တောင်လိုပါပုံလာတော့ ကျွန်တော့ရဲ့လမ်းခရီးတချို့ဟာလုံးဝကွယ်ပျောက်သွားပြီလေ။
သူတို့တင်လားဆိုတော့မဟုတ်သေးဘူးဗျ.. ရွေကျင်တာဆိုပြီးသုံးခဲ့တဲ့ ပြဒါး၊ဆိုင်ရာနိုက်၊ စက်သုံးဆီစတာတွေကိုကောင်းကောင်းမွန်မွန်မကိုင်တွယ်တော့ ကျွန်တော့ဆီပဲရောက်လာတယ်။ အဲဒီတော့ကျွန်တော်တို့ဘိုးဘေးဘီဘင်ကစပေါင်းခဲ့တဲ့ရေနေသတ္တ ဝါတွေခုဆိုမနေနိုင်ကြတော့ဘူး။ ကျွန်တော်လဲမိတ်ဆွေတွေရှားလာလို့နေရတာမပျော်တော့ဘူးဗျာ။
ခင်ဗျားတို့ကလောဘကြီးလွန်းပါတယ်ဗျာ.. ကျွန်တော့မိတ်ဆွေတွေကိုဖမ်းယူစားသောက်ကြတော့လဲ ဓာတုဆေးတွေကိုရေထဲပက်ဖျန်းကြပြန်သေးတယ်။ မိတ်ဆွေရေနေသတ္တ ဝါလေးတွေအဆိပ်သင့်ပြီးမရှုမလှသေတာကိုကြည့်နေရယုံတင်မက ပိုတဲ့အဆိပ်တွေကိုကျွန်တော်ကသယ်ဆောင်ထမ်းပိုးထားရပြန်တယ်။ အဲဒီအဆိပ်သင့်သတ္တ ဝါတွေကိုခင်ဗျားတို့ကစားသလို အဆိပ်သင့်ရေတွေကိုသောက်သုံးတာ၊ စိုက်ပျိုးရေးမှာပြန်သုံးတာတွေလဲလုပ်တော့ ဓာတ်ကျွင်းတွေက ခင်ဗျားတို့မျိုးဆက်သစ်တွေဆီကို သန္ဓေသားတွေကနေရောက်လာကြမှာနော။
နိုင်ငံတိုးတက်ရေးဆိုပြီးဆောက်ကြတဲ့စက်ရုံတွေကလဲ စှနျ့ပွဈရအေပါအဝငျအမျှိုကျတှကေိုကြုပျထဲပွဈတာပါပဲ။ အထွက်တိုးရင်ပြီးရောဆိုပြီးဓာတ်မြေသြဇာတွေကိုအလွန်အကျွံသုံးလို့ပိုလျံတာတွေကလဲရေထဲကနေမြစ်ထဲစုပုံတာပဲ။
အရင်က ကျုပ်နဲ့အတူပါလာတဲ့ လေပြေညှင်းတွေကိုရှူရှိုက်ရင်းအားမွေးကြတဲ့ခင်ဗျားတို့ ခုဆိုကျုပ်ရဲ့ကမ်းပါးနေရာတိုင်းမှာ သာယာစွာနေလို့ရကြသေးလား။
ခင်ဗျားတို့ ပြောနေကြပါ ”ငါးတကာယိုတဲ့ချေးပုဇွန်ဆိတ်ခေါင်းပေါ်ကျသတဲ့” လား။
ဟုတ်တယ်ခင်ဗျားတို့နေရာအနှံကမဆင်မခြင်လုပ်တဲ့ မြင်ရ၊ မမြင်ရအညစ်အကြေးအမှိုက်တွေက ကျုပ်ဆီမှာစုပုံနေပြီ။ ရေထုများချိန်ဆို သွားလမ်းမဖြောင့်လို့တွေ့ရာကုန်းပေါ်တက်သွားရပြန်တော့လဲ ရေဘေးဒါဏ်သင့်ပါတယ်လို့ပြစ်တင်ပြောကြပြန်သေးတယ်။ တကယ်ဘေးဒါဏ်သင့်နေရတာက ကျုပ်တို့မြစ်တွေပါဗျာ။ ကျုပ်တို့ဘေးဒါဏ်သင့်တာတွေကိုမလုပ်ကြပါနဲ့လို့ပြောနေရတာကခင်ဗျားတို့အတွက်ပါပဲ။
ကျုပ်တို့သေဆုံးသွားချိန်ကိုရောက်ရင် မကြာခင်မှာ ခင်ဗျားတို့ဘဝတွေလဲသေလိမ့်မယ်လို့ကျုပ်ပြောပါရစေ။
ကိုတွတ်

About The Author

greenness_mm

No Comments

Leave a Reply