နီပေါရေခဲတောင် ၃ပုံ ၁ ပုံလောက်အရည်ပျော်နေပြီ လို့ ကုလသတိပေး

နီပေါရေခဲတောင် ၃ပုံ ၁ ပုံလောက်အရည်ပျော်နေပြီ လို့ ကုလသတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရေ့စ်က ကမာ္ဘ့ကြီးပူနွေးလာမှုကြောင့် နီပေါနိုင်ငံက ရေခဲတောင်တွေ အရည်ပျော်မှုက မြင့်တက်လာပြီး အခုဆိုရင် ရေခဲပမာဏက ၃ ပုံ ၂ ပုံလောက်ပဲ ကျန်တော့တယ် လို့ ဒီကနေ့ ( အောက်တိုဘာ ၃၁ ) မှာသတိပေးပြောကြားလိုက်ပါတယ်။ အဲ့ဒိသတင်းစကားကို ကမာ္ဘ့အမြင့်ဆုံး တောင် လို့ခေါ်တဲ့ ဧရဝက်တောင် နယ်နမိတ်ထဲကို အလည်အပတ် ရောက် နေတဲ့ အတွင်းရေးမှုးက ပြောလိုက် တာပဲ ဖြစ်ပါတယ် ။
လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ကမ္ဘာ၏ အပူချိန်သည် ပျမ်းမျှ ၀.၇၄ ဒီဂရီ စင်တီဂရိတ် တိုးလာသော်လည်း တောင်အာရှ ဟိမဝန္တာ တောင်တန်းများ တစ်လျှောက် ပူနွေးလာမှုမှာ ကမ္ဘာ့ ပျမ်းမျှ ပျမ်းမျှထက် ပိုများနေ သည်ဟု ရာသီဥတု ပညာရှင်များက ဆိုသည်။
“ကျနော်ဒီကိုရောက်နေပါတယ် ။ ကမ္ဘာကြီးရဲ့ ခေါင်မိုးပေါ်ကနေ လှမ်းပြီးအော်ဟစ်ပြောပါရစေ ။ ခင်‌ဗျားတို့ရဲ့ ရူးသွပ်မှုတွေကို ရပ်လိုက်ပါတော့” ဟု ကုလသမဂ္ဂ အကြီးအကဲက ရုပ်ကြွင်းလောင်စာ ခေတ်ကို အဆုံးသတ်ရန် တောင်းဆိုသည့် ဗီဒီယိုမက်ဆေ့ချ်မှတစ်ဆင့် ပြောကြားခဲ့သည်။
ကာဗွန်ညစ်ညမ်းမှုတွေကို အဓိက လုပ်နေတဲ့ အိန္ဒိယ နှင့် တရုတ် တို့ အကြား တည်ရှိနေတဲ့ နိပေါနိုင်ငံမှာ ရေခဲမြစ်များသည် ယခင် ဆယ်စုနှစ် များ ထက် ဒီနှစ်ပိုင်းဆယ်စုနှစ်တွေမှာ အရည်ပျော် မှု ၆၅ ရာခိုင်နှုန်း ပိုမို မြန်ဆန် ခဲ့ကြောင်း Solukhumbu ဒေသ သို့ သွားရောက် လည်ပတ် ပြီးနောက် ၎င်းက ပြောကြားခဲ့သည်။
ဂူတာရက်စ်က ရေခဲမြစ်များ အရည်ပျော်ကျခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံနေသော ရေကန်များနှင့် မြစ်များ ရောင်ရမ်းလာကာ ပင်လယ်ရေများ စံချိန်တင်နှုန်းဖြင့် မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ဟိန္ဒူ-ကူရှ် ဟိမဝန္တာရှိ ရေခဲမြစ်များသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာစုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ထုထည်၏ ၇၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်သည်ဟု သိပ္ပံပညာရှင်များက ယခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ပြောကြားခဲ့သည်။
ကြောင့် တောင်တန်းဒေသတွင် နေထိုင်သူ သန်း ၂၄၀ အတွက် အန္တရာယ်ရှိသော ရေလွှမ်းမိုးမှုနှင့် ရေပြတ်တောက်မှုတို့ကို ဖြစ်စေသည်။ ဧဝရတ်တောင်မှ ပြန်လာသော တောင်တက်သမားများက တောင်သည် ယခုအခါ ပိုမိုခြောက်သွေ့ကာ မီးခိုးရောင်ဖြစ်လာနေတယ်လို့ ဆိုကြပါသည်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply