နောက်ကျောကိုဓားနဲ့ထိုးတဲ့ COP28လို့ ဂီတာသွန်းဘာဂ် စွတ်စွဲ

နောက်ကျောကိုဓားနဲ့ထိုးတဲ့ COP28လို့ ဂီတာသွန်းဘာဂ် စွတ်စွဲ

နိုဝင်ဘာ ၃၀ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၂ပတ်နီးပါးကြာအောင် ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမာ္ဘလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံဖြစ်တဲ့ COP 28 က တကယ်တမ်းတော့ ရာသီဥတုအရေး လှုတ်ရှားနေသူတွေကို နောက်ကျောကနေ ဓားနဲ့ထိုးလိုက်တာပဲလို့ သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော်သူ ဆွီဒင်ကျောင်းသူလေး ဂရီတာသွန်းဘာဂ်က စွတ်စွဲ ပြောဆိုလိုက်ပါတယ်။
“ဒူဘိုင်း COP28 ညီလာခံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူမဖြစ်ခဲ့ပါဘူး ။ လိမ်လည် လှည့်ဖျားမှုတွေ ပြည့်နှပ်နေတဲ့ အစည်းအဝေးကြီးပါ” လို့ သူမက ပွဲအပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောသွားပါတယ်။ COPညီလာခံတွေနဲ့ ပတ်သက်လို့ သူမက ၂၀၂၁ ဂလက်စကို COP 26 ၊ ၂၀၂၂ ရှမ်အယ်ရှိတ် COP 27 ကတည်းက ဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့တာပါ ။ ဒူဘိုင်းပွဲမှာလည်း တိကျ ရေရာတဲ့ ရလဒ်တစ်ခု အဖြေမထွက်တာနဲ့ ပက်သတ်ပြီး ကျမတို့ကို နောက်ကျောကို ဓားနဲ့ထိုးတဲ့ ပွဲတစ်ပွဲ လုပ်သွားတာပါလို့ ဝေဖန်ခဲ့ပါတယ်။
ကာတာသဘောတူညီချက်လို့ ခေါ်တဲ့ COP28 ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်ကတော့ ရုပ်ကြွင်းလောင်စာတွေ သုံးစွဲခြင်း ရပ်တန့်မဲ့အစား ကြားကာလတစ်ခုအနေနဲ့ ဆက်ထားပြီး တဖြည်းဖြည်းချင်း ပြောင်းလဲသွားမယ်ဆိုတာပါပဲ ။ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က ရုပ်ကြွင်းလောင်စာ သုံးစွဲမှု ရပ်တန့်ဖို့ကို တောင်းဆိုထားပေမဲ့ ရေနံ လုပ်ငန်း ကုမ္ပဏီတွေကတော့ ရုပ်ကြွင်းလောင်စာတွေကို ဆက်လက် သုံးစွဲခွင့်အတွက် တောင်းဆိုသွားပါတယ် ။ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုကိုတော့ ကမာ္ဘနိုင်ငံ ၂၀၀ ကျော်အနေနဲ့ သန်စင်တဲ့စွမ်းအင် ပြောင်းလဲရေးကို ဆက်လက်ပြုလုပ်သွားဖို့နဲ့ ပိုမိုပြီး ထုတ်လုပ်ဖို့ အတွက် သဘောတူညီချက် ရသွားပါတယ် ။
COP ညီလာခံတွေ ကျင်းပနေတာ နှစ် ၃၀ ရှိသွားပါပြီ ၊ ဒူဘိုင်းပွဲမှာ ဘာမှ ရေရေ ရာရာ ရလဒ်တစ်ခုမရလိုက်ပါဘူး ။
“ သူတိုတွေ ဆီက ထွက်လာတဲ့ သဘောတူညီချက်ဆိုတာ အစာစားဖို့လိုတဲ့ ပါးစပ်မှာ သွားမရှိသလိုပဲ ။ ဘာမှကိုက်လို့မရဘူး ။ လက်ရှိမှာက ကမာ္ဘကြီးက အပူချိန်တွေတက်ပြီး ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်နေတယ် ။ အကြောင်း အရင်းဖြစ်တဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို ရပ်ပစ်လိုက်ရမှာကို ရေနံကုမ္ပဏီတွေ ဖက်ကို ရပ်ပြီး ကြားကာလ ဆိုတဲ့ စာသားနဲ့ ပွဲကို အဆုံးသတ်လိုက်တယ်။ တော်တော်ဆိုးတဲ့ ကိစ္စပါပဲ “ ဆိုပြီး ပစ်ပစ်ခါခါ ဝေဖန်သွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply