နောက်ဆုံးမိနစ်ရောက်မှ ကျောက်မီးသွေးကိစ္စကို သဘောတူလိုက်တဲ့ အိန္ဒိယ

နောက်ဆုံးမိနစ်ရောက်မှ ကျောက်မီးသွေးကိစ္စကို သဘောတူလိုက်တဲ့ အိန္ဒိယ

ဂလက်စကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံ ၂၀၀ က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ သမိုင်းဝင် COP26 ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေး ညီလာခံ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ ။ ညီလာခံမှာ သမိုင်းမှတ်တိုင် တစ်ရပ်အနေနဲ့ ရေးထိုးနိုင်ဖို့ လုပ်ခဲ့ကြတဲ့အလုပ်တွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်နိုင်ရေးကို ဝိုင်းဝန်ကြိုးပမ်း အကောင်အထည်ဖော်တဲ့ နေရာမှာ အိန္ဒိယနိုင်ငံက နောက်ဆုံးမိနစ် ရောက်မှ ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ရေး အစား လျှော့ချရေး အဖြစ်ဈေးဆစ် သဘောတူညီ လက်မှတ်ရေးထိုးလိုက်လို့ ညီလာခံ ရည်မှန်းချက်ပြည့်မီသွားကာ အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပါတယ်။

ကျော်မီးသွေးသုံး စက်ရုံ ၊ အလုပ်ရုံတွေနဲ့ ဓာတ်အားပေးလုပ်ငန်း တွေကို ရပ်တန့်ပေးဖို့ အတွက် တောင်းဆိုထားတာကို လျှော့ချဖို့အတွက် ဈေးဆစ်ကြရင် နောက်ဆုံး သဘောတူညီမှု ရလိုက်တာက ကာလတစ်ခုအတွင်း ကျောက်မီးသွေးသုံးစွဲမှုတွေ ရပ်တန့်ပစ်မယ်ဆိုတဲ့အချက်ကို ရလိုက်ပါတယ်။ အိန္ဒိယ ၊ အီရန်နဲ့ နိုင်ငံအချို့ က နိုင်ငံကြီးတွေရဲ့ ကျောက်မီးသွေးသုံးစွဲမှုနဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုတွေကို လက်ညိုးထိုးခဲ့ကြပါတယ်။ ဆွစ်ဇာလန်တို့ မက္ကဆီကို တို့လိုနိုင်ငံ တွေတောင် ကျောက်မီးသွေးသုံး သေးတာပဲလို့ အဲ့ဒိနိုင်ငံတွေရဲ့ ဆင်ခြေတွေနဲ့ ပတ်သက်ပြီး နိုင်ငံအများစုက စိတ်ပျက်ခဲ့ကြပါတယ်။

အကောင်းဆုံး ရလဒ်ကတော့ ကာဗွန်ဒိုင်အောက်ဆိုက် အကြီးအကျယ်ထုတ်တဲ့ နိုင်ငံတွေအားလုံး ၂၀၂၂ အကုန်မှာ လျှော့ချမှုတွေစတင်မယ်ဆိုတဲ့ ကတိစကားပါပဲ။ နှစ်စဉ် တိုးပြီးလျှော့ချဖို့နဲ့ အဲ့လိုလျှော့ချမှုလုပ်ငန်း အတွက် ထုတ်လုပ်မှုကျဆင်းသွားကာ တိုင်းပြည်ဝင်ငွေထိခိုက်မှု ကို ထောက်ပံ့ပေးဖို့မလိုဘူး ဆိုတဲ့ အချက်ကိုလည်း သဘောတူညီမှုရခဲ့ပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေရဲ့ တောင်းပန်မှုကြောင့် ကျောက်မီးသွေးနဲ့ ရုပ်ကြွင်း လောင်စာအသုံးပြုမှု လျှော့ချပေးနိုင်ရင် ကျန်တဲ့နည်းပညာ အကူအညီပေးရေးကိုလည်းသဘောတူညီမှု ရခဲ့ပါတယ်။ အဲ့ဒိကိစ္စ အတွက်လည်း ညီလာခံ ဥက္ကဋ္ဌက တော်တော်စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

မောင်ယဿ ( နိုဝင်ဘာ ၁၄ )

REF; euronews

Photo : down to earth

About The Author

greenness_mm

No Comments

Leave a Reply