နံနက်ခင်း

နံနက်ခင်း

အိပ်မက်တွေအစား
အောက်စီဂျင်ကိုငါရှူသွင်းလိုက်တယ်။
အလွမ်းအမောတွေအစား
ပီအိတ်ချ်ဆဲဗင်းကိုငါမော့သောက်လိုက်တယ်။

အချစ်သီချင်းတွေအစား
မိုင်ခြောက်ထောင်ကျော်အဝေးပြေးလမ်းပေါ်က
ဟာလီဒေဗစ်ဆန်မော်တော်ဆိုင်ကယ်ကြီးတွေရဲ့
အင်ဂျင်စက်သံကို
ငါအရသာခံလိုက်တယ်။

မပြီးသေးတဲ့ ခရီးကိုဆက်ဖို့
ပြီးခဲ့တာတွေထားလိုက်တော့
အရှုံးတွေကို
အမှိုက်ပုံးထဲထည့်လိုက်တော့
ဘလက်ကော်ဖီခွက်ထဲမှာ
မနက်ကြယ်ကတောက်ပလို့
ကျားသစ်တစ်ကောင်လို
ကမ္ဘာထဲငါခုန်ချလိုက်တယ်။ ။

မိုဃ်းဇော်
ပိတောက်မြေမဂ္ဂဇင်း၊၂၀၀၆ခုနှစ်။

About The Author

greenness_mm

No Comments

Leave a Reply