နှစ်သစ်ပြောင်းသွားပေမဲ့ ပြဿနာတွေကတော့ ဟောင်းနေဆဲပါပဲ

နှစ်သစ်ပြောင်းသွားပေမဲ့ ပြဿနာတွေကတော့ ဟောင်းနေဆဲပါပဲ

ကမ္ဘာ့နေရာဒေသအသီးသီးမှာ ရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာက နှစ်သစ်တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတိုင်း မရိုးနိုင်တဲ့ ပြဿနာဟောင်းတစ်ခုအဖြစ် ဒီကနေ့တိုင် မရှင်းနိုင်သေးပါဘူး ။ အခုလည်း ဘော့စနီးယားနိုင်ငံ အရှေ့ပိုင်းက ဗစ်ဆီဂတ်မြို့နားက ရေအားလျှပ်စစ်စီမံကိန်း တစ်ခုအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ကန် ထဲမှာ အမှိုက်တွေ တန်ချီပြီးတော့ ပိတ်မိနေပါတယ် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သူတို့နိုင်သလောက်အမှိုက်တွေကို ရှင်းလင်းပေးနေပါတယ် ။
“ နှစ်သစ်မှာ ပြဿနာအသစ်တွေ တိုးလာနေသလို ပြဿနာအဟောင်းတွေကလည်းရှင်း မရအောင် ရှုတ်တုန်းပါပဲ” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Eko Centar Visegrad မှ Dejan Furtula ကပြောသွားပါတယ်။
ဘော့စနီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုးရှိ ၎င်း၏မြစ်လက်တက်များက အနောက်ဘော်လကန် ဒေသများ ပေါ်ကနေ စွန့်ပစ်ချနေတဲ့ စွန့်ပစ်အမှိုက်များမှာ တစ်နှစ်ပတ်လုံး သယ်ဆောင်လာပြီး နောက်ဆုံးတွင် ဒရီနာ မြစ်ကနေတစ်ဆင့် စီးဆင်းသည့် ဒင်ညု မြစ်ထဲကို စီးဆင်းဝင်ရောက်သွားပါတယ်။
ဆောင်းရာသီနှင့် နွေဦးရာသီ၏ စိုစွတ်သောရာသီဥတုတွေမှာဆိုရင် ဒေသတွင်းရှိ ရေလမ်းကြောင်းများက ရေစီးအားကောင်းကောင်းနဲ့ အမှိုက်တွေကို သယ်ဆောင်လာခဲ့ပါတယ် ။ ဗစ်ဆီဂတ်မြို့ အထက်နားက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ရှိတဲ့ ရေလှောင်ကန်ထဲကို အမှိုက်တွေ ပုံအောပြီး ဝင်လာပါတယ်။ အဲ့ဒိအမှိုက်တွေက မြစ်ကမ်း နဘေး တစ်လျှောက်မှာရှိတဲ့ တရားမဝင် အမှိုက်ပုံတွေကနေ ဝင်လာတာပါ ။
ဒါကြောင့် အနည်းဆုံး တစ်နှစ်လျှင် နှစ်ကြိမ်နဲ့ တစ်ကြိမ်ကို ရက်သတ္တပတ်အနည်းငယ်ကြာအောင် ဆည်ထဲမှာ ပလပ်စတစ်ပုလင်းများ၊ သံချေးတက်နေသော စည်များ၊ အသုံးပြုထားသော တာယာများ၊ အိမ်သုံးပစ္စည်းများ၊ ရေမျောကမ်းတင်၊ သစ်သား၊ တိရစ္ဆာန်သေများနှင့် အခြားအမှိုက်တွေကို ဆယ်ထုတ်ရပါတယ် ။ လုံလောက်သော ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ ချမှတ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပျက်ကွက်မှုကို မြင်နေရပါတယ် ။
“တစ်ဖန် [ဒီဇင်ဘာနှောင်းပိုင်းကတည်းက]၊ ဤနေရာတွင် ရောနှောအမှိုက် ကုဗမီတာ ငါးထောင်မှ ခြောက်ထောင်ကြားတွင် စုစည်းနေပြီး ရေအားလျှပ်စစ် စက်ရုံမှ အလုပ်သမားများက ၎င်းကို ဖယ်ရှား ရှင်းလင်း နေကြသည်” ဟု Furtula က ဆိုပါတယ် ။ “ပြီးခဲ့တဲ့နှစ်တုန်းက အမှိုက်ရှင်းလင်းရေး လုပ်ငန်းက ၁၁ လ ကြာမြင့်ခဲ့ပြီး တစ်နှစ်ပတ်လုံး အမှိုက်တွေ ဆက်လက်ထွက်ရှိနေခဲ့လို့ပါပဲ” လို့လည်း ဆိုပါတယ် ။
Drina မြစ်သည် ဆားဘီးယားနှင့် ဘော့စနီးယားကိုဖြတ်ကာ အနောက်မြောက်ဘက် မွန်တီနီဂရိုး တောင်တန်း များမှ ၃၄၆ ကီလိုမီတာအကွာတွင် စီးဆင်းပါတယ် ။ Drina နှင့် ၎င်း၏မြစ်လက်တက်အချို့သည် ၎င်းတို့၏ မြရောင်နှင့် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် လူသိများကြပြီး အထူးသဖြင့် ဘော့စနီးယားနှင့် ဆားဗီးယား နယ်စပ် တစ်လျှောက်ရှိ မြစ်ကြမ်းခင်းများကြောင့်လည်း ရေပန်းစားပါတယ်။
ဒါပေမဲ့ Visegrad အနီးတွင် ရေပေါ်အမှိုက်များကြောင့် “မြို့ဝင်ပေါက်မှာ Visegrad ဧည့်သည်တွေကို ကြိုဆိုတဲ့ မြင်ကွင်းက ကျွန်တော်တို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါပဲလို့ ၎င်းကပြောသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply