ပင်လယ်ရေမြင့်တက်လာလို့ ပြင်သစ်ရေဝပ်မြေမှာ ကျက်စားတဲ့ကြိုးကြာတွေ အန္တရာယ်နဲ့ ကြုံတွေ့

ပင်လယ်ရေမြင့်တက်လာလို့ ပြင်သစ်ရေဝပ်မြေမှာ ကျက်စားတဲ့ကြိုးကြာတွေ အန္တရာယ်နဲ့ ကြုံတွေ့

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်စက်ဝိုင်း နဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်မှုဖြစ်စဉ် တိုးလာပြီး ပင်လယ်ရေမြင့်တက်မှုများဖြစ်ပေါ်နေပါတယ်။ လက်ရှိအနေအထားအရ အာတိတ်စက်ဝိုင်းမှာ ရေခဲတောင်တွေ ပြိုကျနေသလို အာတိတ်စက်ဝိုင်းအတွင်း က ဂရင်းလန်းကျွန်မှာလည်း ကုန်းမြေမျာ းပေါ်လာ တဲ့ အထိဖြစ်ပေါ်နေပါတယ်။
ဥရောပက အကျယ်ဆုံး ရေဝပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံက ကာမာဂူးဒေသမှာ ရေမျက်နှာပြင် မြင့်တက်လာမှု ကြောင့် ကြိုးကြာ ငှက်တွေအပါအဝင် ရေဝပ်ဒေသ နဲ့ စိမ့်မြေဒေသမှာ နေထိုင် ကျက်စားတဲ့ တိရစ္ဆာန်တွေ ၊ သဘာဝပေါက်ပင် နဲ့ ဂေဟစနစ်တွေ ထိခိုက်လာနေပါပြီ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက်ရှိတဲ့ ဒေသတစ်ခုကို ယူနက်စကိုက သဘာ၀ တောရိုင်းသုခဘုံ အဖြစ်နဲ့ သက်မှတ်ပေးပြီး ကမ္ဘာအမွေအနှစ်စာရင်းထဲထည့်ထားပါတယ်။ အဲ့ဒိဒေသ ကို နှစ်စဉ် ငှက်မျိုးစိတ် ပေါင်းများစွာ သိန်းနဲ့ချီပြီး လာရောက်ကျက်စားပါတယ်။ အဲ့ဒိထဲမှာ ဒေသခံ ပန်းရောင် ကြိုးကြာတွေ က ကမ္ဘာကျော် မျိုးစိတ်တွေဖြစ်ပါတယ်။ ကာမာဂူး အရပ်မှာ မြေပြိုမှုတွေ ၊ ရေမျက်နှာပြင်မြင့်တက်မှု ဖြစ်နေတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပါပြီ ။ အဲ့ဒိသဘာဝပတ်ဝန်းကျင် ပြီုလဲမှုကြောင့် အပင်မျိုးစိတ်အချို့နဲ့ အကောင်မျိုးစိတ်အချို့ ပျောက်ကွယ်သွားပါတယ်။
ပန်းရောင်ကြိုးကြာ တွေကတော့ အဲ့ဒိဒေသမှာ ရှင်သန်ကျန်နေတဲ့ မျိုးစိတ်တွေပါပဲ ။ ဒေသခံ ငှက်ပညာရှင်တစ်ဦးကတော့ “ လက်ရှိအနေအထားအရတော့ ပန်းရောင်ကြိုးကြာတွေ ကျက်စားဖို့ ဖြစ်နိုင်ပါသေတယ်။ ကမ္ဘာ့ရာသီပြောင်းလဲမှု ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သူတို့တွေ စားကျက်ပြောင်း သွားဖို့က သေချာပါတယ်’ လို့ ဆိုပါတယ်။ ကာမာဂူးမှာနေထိုင်တဲ့ ဒေသခံတွေကလည်း သူတို့ အရင်သွားလာ လှုတ်ရှားနေတဲ့အရပ်တွေမှာလည်း ရေမြင့်တက်မှုတွေက သိသိသာသာ ဖြစ်ပေါ်နေပါတယ်လို့ ဆိုကြပါတယ်။ ကမ်းခြေတွေမှာကျောက်ဆောင်တွေ ပေါလာတယ်။ သဲတွေ နည်းသွားတယ် ။ နှင်းတွေက အရင်လိုမကျတော့ဘူးဆိုတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြောင်းလဲမှု ကို ကြုံနေရတာ ၁၀ စုနှစ်တစ်ခုစာလောက်ရှိနေပါပြီလို့ လည်း ဆိုပါတယ်။
မောင်ယဿ
REF; euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply