ပင်လယ်ရေမှော်စိုက်ပျိုးခြင်းမှ တစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတကို ဟောင်ကောင်ကျောင်းသားများအား ပညာပေးခြင်

ပင်လယ်ရေမှော်စိုက်ပျိုးခြင်းမှ တစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတကို ဟောင်ကောင်ကျောင်းသားများအား ပညာပေးခြင်

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ဆန်းသစ်သောဖြေရှင်းနည်းများသည် မရှိမဖြစ်လိုအပ်ပါတယ် ။ အဲ့ဒိနည်းလမ်းတွေထဲမှာ လှိုင်းတံပိုးများအောက်တွင် တည်ရှိနေပြီး အသံမထွက်တဲ့ သူရဲကောင်းတစ်ဦးကတော့ ငြိမ်သက်စွာ ရှင်သန်နေတဲ့ ပင်လယ်ရေမှော်ပဲ ဖြစ်ပါတယ် ။

ပင်လယ်ရေမှော်များသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်နှင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးရာတွင် ကြီးမားသောအလားအလာရှိနေပါတယ်။ လူစည်ကားသော ဟောင်ကောင်မြို့၌ ရေရှည်တည်တံ့ ခိုင်မြဲမှုတိုးမြင့်လာစေရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ကျော်ကြားသော ကျောင်းတစ်ကျောင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် အုတ်မြစ်ချထားတဲ့ ပင်လယ်ရေမှော်မွေးမြူရေးပရောဂျက်ကို စတင်ဆောင်ရွက်ခဲ့ပါတယ် ။

Earth.Org မှ တွေ့ဆုံမေးမြန်းမှုတွင် ကျောင်း၏ လူမှုရေးအကျိုးသက်ရောက်မှုနှင့် ရေရှည်တည်တံ့မှုပရိုဂရမ်၏ အဖွဲ့၀င်နှစ်ဦးက ပင်လယ်ရေမှော်ခြံများ တည်ဆောက်ခြင်း၏ နောက်ကွယ်မှ မြင်ကွင်းများနှင့် ၎င်းတို့က ကျောင်းသားများကို မည်သို့ သင်ကြားခဲ့သည်များကို ရှင်းပြခဲ့ပါတယ်။

Earth.Org ။ ။ လုပ်ပါဦး ၊ ရေမှော်စိုက်ခင်းတွေလုပ်ဖို့အတွက် ဘယ်လို စိတ်ကူးနဲ့ စခဲ့တာလဲ ။
Handrich Hernando (The Harbor School မှ ညှိနှိုင်းရေးမှူး) ။ ။ ကျွန်တော် နဲ့ ကျောင်းမှာရှိတဲ့ သင်္ဘော ကပ္ပတိန် Johnson Stanley တို့က လူမှုရေး ထိခိုက်မှုနှင့် ရေရှည်တည်တံ့မှု အစီအစဉ် (SISP) တွေအကြောင်း စကာပြောဖြစ်ကြတယ်ဗျ ။ အဲ့ဒိမှာ မယုံနိုင်လောက်အောင် ထူးခြားပြီး တော်လှန်နိုင်တဲ့ စိတ်ကူးကို ပထမဆုံး အဆိုပြုနိုင်ခဲ့ကြပါတယ် ။ အဲ့ဒိစကားဝိုင်းအပြီး လအနည်းငယ်အကြာမှာ THS Centers of Excellence – အဏ္ဏဝါသိပ္ပံစင်တာ၊ The Foundry အဖွဲ့ နဲ့ The Black Dolphinအဖွဲ့တို့က SISP အဖွဲ့နှင့်အတူ အတန်း ၈ တန်းက ကျောင်းသားများကို ဒီဇိုင်းရေဆွဲပြီး ပင်လယ်ရေမှော်အခင်း ၁၀ ခင်း ကို ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်းနဲ့ အသုံးချခြင်းတွေကို နှစ်ပတ်ကြာ ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ် ။

ဒီအလုပ်နဲ့ ပတ်သက်ပြီး သဘောကျတဲ့ အရာတွေထဲက တစ်ခုကတော့ လူတွေက မင်းကို ရူးသွပ်တဲ့ အကြံဉာဏ် တွေ ယူဆောင်လာပြီး မင်း အဲဒါတွေကို စမ်းကြည့်ဖို့ပါပဲ။ ကျောင်းရဲ့ရေရှည်တည်တံ့မှုအဖွဲ့မှ အကြံဉာဏ်ရယူပြီး တခြားလူတွေကို မြန်မြန်ဆန်ဆန်ပါဝင်စေခဲ့တယ်။ ကျောင်းရဲ့ Foundry မှ မော်ကွန်းထိန်း Lea နှင့် Francis Asuncion၊ ကျောင်းရဲ့ Marine Science Centre မှ အဏ္ဏဝါဇီဝဗေဒပညာရှင် Carlos Rius Errando နှင့် Sarah Taylor တို့ပါ ပါလာလို့ ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ခိုင်မြဲရေးအဖွဲ့က စိတ်ကူးကို အသက်ဝင်စေခဲ့ပါတယ်။

Earth.Org ။ ။ အဖွဲ့လိုက်ကြီးဆိုတော့ ပျော်စရာကြီးပေါ့ ။
Handrich Hernando ။ ။ ဟုတ်ပါတယ် ။ နောက်ပြီး မော်ကွန်းထိန်းတွေက အဲ့ဒိလုပ်ငန်းမှာ အတွေ့အကြုံ များစွာရှိပြီး အဏ္ဏဝါပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့အရာတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါ တယ် ၊ Carlos က ကျွန်တော်တို့ရဲ့ ‘seaweed guy’ ပါ။ သူက ရေမှော်တွေကောင်းကောင်း ကြီးထွားဖို့အတွက် အသုံးဝင်တဲ့ အရာတွေကို အရမ်းတတ်ကျွမ်းသူပါ။

ပေ ၅၀ ရှည်လျားသော ရွက်လှေသည် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများကို လေ့လာရန်နဲ့ သမုဒ္ဒရာ၏ မတူညီသော ရှုထောင့်များအကြောင်း လေ့လာရန် ပင်လယ်ရေပြင်ကျယ်ထဲတွင် ပုံမှန်ကွင်းဆင်းလေ့လာရန် အခွင့်အရေး ရရှိသော ကျောင်းသားများအတွက် ပြင်ပစာသင်ခန်းတစ်ခုအဖြစ် ဆောင်ရွက်ပါတယ် ။ လေ့ကျင့်ရေးစခန်း၏ ပထမပတ်အတွင်း၊ G8 ကျောင်းသားများသည် ပင်လယ်ရေမှော်များ၏ ဇီဝဗေဒနှင့် သဘာဝပတ်ဝန်းကျင်အတွက် ၎င်း၏အသုံးပြုမှုနှင့် အကျိုးကျေးဇူးများအကြောင်း လေ့လာကြရပါတယ် ။ ကျောင်း၏ Marine Science Centre တွင် အချိန်များစွာသုံးပြီး ရေပေါ်ဗော်ယာများ တည်ဆောက်ရန် အသင့်တော်ဆုံးပစ္စည်းများကို ရှာဖွေရန် နဲ့ မတူညီသော ပစ္စည်းများကို ရှာဖွေကြံဆမှုတွေကို လုပ်ပြီးမှ ပင်လယ်ထဲကို ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

Johnson Stanley ။ ။ ရေထဲမှာ အကောင်းဆုံး အလုပ်လုပ်ရမယ်ဆိုတော့ ပစ္စည်းရွေးချယ်မှုက အရမ်းအရေး ကြီးလို့ တွေးစရာတွေ စဉ်းစားစရာတွေ များပါတယ်။ ရေကြောင်းသွားလာမှုဆိုင်ရာ အန္တရာယ်များဖန်တီးခြင်း သို့မဟုတ် ပင်လယ်ဧရိယာကိုအသုံးပြုလိုသော အခြားစက်မှုလုပ်ငန်းများကို အဟန့်အတားမဖြစ်စေနိုင်မယ့် တည်နေရာကို ရှာဖွေဖို့လည်း လိုပါသေးတယ် ။ ရေမှော်ခြံတွေ တည်နေရာ ရှာဖွေရမည့်နေရာကို အပြန်ပြန် အလှန်လှန် သုံးသပ်နေရလို့ အချိန်များစွာကုန်ဆုံးခဲ့ရပါတယ် ။
စာသင်ကျောင်းဖောင်အတွက် ရေမှော်ခြံတည်ဆောက်မှုကို ဦးဆောင်ခဲ့သည့် ၈ တန်း ကျောင်းသားများက တစ်ကုဗမီတာခန့် အတိုင်းအတာရှိသော ပလပ်စတစ်နှင့် သစ်သားဖြင့် ပြုလုပ်ထားသော အဆောက်အအုံများကို အပြီးသတ်ဆောက်လုပ်ခဲ့ပါတယ် ။ နောက်ပိုင်းကျမှသာ ဥရောပနှင့် အမေရိကန်မှာ ဆောက်လေ့ရှိတဲ့ ရေပေါ်အိမ်တွေမှာ သုံးတဲ့ ဆောက်လုပ်ရေးသစ်တွေနဲ့ အစာထိုးလဲခဲ့ကြပါတယ်။ အဓိကအကြောင်းကတော့ ရေအောက်ပတ်ဝန်းကျင်တွင် အဏ္ဏဝါကျောရိုးမဲ့များထိခိုက်ခံရမှုမှ ကာကွယ်ရန်နဲ့ စာသင်ခန်းဖောင် ရေထဲမျောမပါသွားဖို့ ပဲ ဖြစ်ပါတယ် ။

Earth.Org ။ ။ အခက်အခဲတွေ အများကြီးရှိခဲ့လား ။
Johnson Stanley ။ ။ အေးဗျ ၊ အများကြီး ကြုံရတာပေါ့ဗျာ ။ တစ်ခုလောက်ပြောပါဆိုရင်တော့ ရေမှော် ဘယ်လောက် ရသလဲဆိုတာကို မခန့်မှန်းနိုင်တာဗျ။ ခြံထဲမှာ စိုက်ထားတဲ့ ရေမှော်တွေ ရေအောက်မှာဆိုတော့ ဘယ်လောက်ရနေပြီ ၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စီမံခန့်ခွဲမှုက ပြဿနာလိုဖြစ်နေတယ် ။ ရေမှော်တွေ‌ပေါ်မှာ ရေညှိတွေက တက်နေတော့ ပမာဏကို မြင်ရဖို့က ခက်တယ်ဗျ။
နောက်တစ်ခုက ရေမှော်တွေက အကြီးမြန်တယ် ။ အဲ့တော့ ရိတ်သိမ်းနိုင်ဖို့အတွက် ဘောင်တွေ လုပ်တဲ့နေရာ မှာနေရာလွတ်တွေကို ထားဖို့အများကြီး လုပ်ရတယ်ဗျ ၊ အပင်တွေကို ဖြတ်ယူပြီး ဘောင်တွေကို ပြန်ချ ရတယ်လေ ။ တခါတလေ ပြန်ချတဲ့ ဘောင်တွေမှာ အမှားအယွင်းရှိခဲ့ရင်ရေထဲမျောပြီး ဆုံးရှုံးရတာလည်း ရှိပါတယ် ။ အဲ့လိုရိတ်သိမ်းပြီးရင်တော့ ကျောင်းက ကန်တွေမှာ ပြန်စိုက်ပြီး မွေးထာပါတယ်။

Earth.Org ။ ။ ဘာဖြစ်လို့ ပင်လယ်ရေမှော်တွေကိုမှ ရွေးပြီးစိုက်ရတာလဲ ။
Handrich Hernando ။ ။ အာရှမှာ ပင်လယ်ရေမှော်တွေရဲ့ ထင်ရှားကျော်ကြားမှုက ကျွန်တော်တို့ကို လှုံ့ဆော် ခဲတာပါ ။ ရေဝိုင်းနေတဲ့ ကျွန်းဖြစ်ပေမဲ့ ဟောင်ကောင်မှာ ပင်လယ်ရေမှော် စိုက်ပျိုးတာကို လုပ်လေ့မရှိဘူးဗျ။ ဒါပေမယ့်၊ တရုတ်နိုင်ငံမှာ ကြီးမားတဲ့ ပင်လယ်ရေမှော် စိုက်ပျိုးရေးလုပ်ငန်း ရှိပြီး အင်ဒိုနီးရှား၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့ အပါအဝင် အာရှအိမ်နီးချင်း အချို့ကလည်းလုပ်နေတယ်လေ ။ ပြီးတော့ ဒါက မတော်တဆ မဟုတ်ဘူး ။ ပင်လယ်ရေညှိ အမျိုးအစားဖြစ်သော ပင်လယ်မှော်တွေက အစားအစာဖြစ်ရုံမကဘူး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန်နဲ့ ကာဗွန်ညစ်ညမ်းမှု ကို ပင်လယ်ရေထဲကနေ စစ်ထုတ်ပေးခြင်းအထိ သက်ရောက်မှုရှိနေတော့ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်အတွက် ပိုမိုရေရှည်တည်တံ့သောအနာဂတ်ကို ဖန်တီးပေးသည့် ကြီးမားသောအလားအလာကို ဖြစ်စေတဲ့ အရာဖြစ်နေတာပါပဲ ။

စွယ်စုံရ ရေညှိကို အလှကုန်နှင့် အစားအစာ တာရှည်ခံ ပစ္စည်းများကဲ့သို့သော စက်မှုထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုပါတယ် ။ ပင်လယ်ရေညှိတွေက နှစ်စဉ် ကာဗွန်တန်ချိန် သန်း၂၀၀ ကျော်ကို စုတ်ယူနေပါတယ် ။ အဲ့ဒိပမာဏက အမေရိကန်နိုင်ငံ နယူယောက်ခ်ပြည်နယ် ကနေ ကမာ္ဘလေထုထဲကို ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ပမာဏနဲ့အတူတူလောက်ရှိပါတယ်။ ရေမှော်တောတွေက သမုဒ္ဒရာ ဂေဟစနစ်ကို အများကြီး ထောက်အကူဖြစ်တယ်ဆိုတာကို လည်း သိပ္ပံပညာရှင်ပေါင်း များစွာက သုတေသနပြုခဲ့ပြီးပါပြီ ။

ကမ်းရိုးတန်းဂေဟစနစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဇီဝမျိုးစုံမျိုးကွဲများကို မြှင့်တင်နိုင်သည်၊ ရေအရည်အသွေးကို မြှင့်တင်ပေးပြီး ကမ်းရိုးတန်းဒေသအသိုင်းအဝိုင်းများ၏ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံနိုင်ရည်အား မြှင့်တင်ပေးနိုင်ပါသည်။

မောင်ယဿ
REF: EARTH

About The Author

greenness_mm

No Comments

Leave a Reply