ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

မိသားစုကို စံပယ်ခူးပြီးရှာကျွေးလာတဲ့ ဆိုဘာရင်တစ်ယောက် အခုဆိုရင် အသက် ၇၀ ထဲကို ဝင်လာပါပြီ ။ သူတို့က ဟိုး ၁၀ စုနှစ်များစွာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ အခြေချနေထိုင်ပြီး ဂျာဗားပင်လယ်ကမ်းခြေနားမှာ စံပယ်ခင်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်လာခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ ဒီရေအတက်ကြမ်းပြီး ကမ်းတွေပြိုလို့ စံပယ်ခင်းတွေပါသွားတာကြောင့် ဝင်ငွေထိခိုက်မှုတွေ စဖြစ်နေပါတယ်။
ဂျာဗားကျွန်းရဲ့ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ကန်ဒန်ပန်ဂျန်ဒေသက ပင်လယ်ရေမြင့်တက်လာလို့ တဖြည်းဖြည်းနဲ့ ရေ အောက်ကို ရောက်လာပါတယ်။ “ ကန်ဒန်ပန်ဂျန်က စံပယ်စိုက်စားတဲ့ ဒေသပါဗျာ ။ အခမ်းအနားတွေအတွက် စံပယ်လိုချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာကြရုံပါပဲ ။ နောက်ပြီးတော့ လက်ဖက်မှာ စံပယ်အနံ့ထည့်ဖို့ ကျနော်တို့ဆီမှာ စံပယ်ပန်းကို ကီလိုပေါင်းများစွာလာဝယ်ကြပါတယ်။ စံပယ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့ဒေသကို မီဖို့က မလွယ်လောက်ပါဘူး ။ အခုတော့ ကျနော်တို့တွေ ဒီနေရာကိုစွန့်ရတော့မှာဗျာ” လို့ ဆိုဘာရင်က မီဒီယာတွေကို ‌‌ပြောပါတယ်။
ဂျာဗားကျွန်းမြောက်ပိုင်း ဒေသတွေက ဒီရေပိုမြင့်လာလို့ ပင်လယ်ရေအောက်ကို တဖြည်းဖြည်းနဲ့ ရောက်နေပါတယ် ။ ဆိုဘာရင်ရဲ့ အိမ်က မြေပြင်ကနေ ၁၁ ပေမြင့်တဲ့ ခြေတံရှည်အိမ်ပါ ။ ၂၀၁၀ တုန်းက မုန်တိုင်းတစ်လုံး ဝင်ပြီး နောက်ပိုင်း ရေကြီးတိုင် အိမ်ကြမ်းခင်းကို မြင့်ရလို့ အခုဆိုရင် သူ့ အိမ်ကြမ်းခင်းနဲ့ မျက်နျာကျပ်က ၆ ပေခွဲလောက်ပဲရှိပါတော့တယ် ။ အစိုးရ ထောက်ပံ့ကြေးရတယ်ဆိုပေမဲ့ မွေးရပ်ကိုစွန့်ပြီး စီးပွားသွားရှာတဲ့ သားသမီးတွေရဲ့ ထောက်ပံ့ ကြေးနဲ့ ဆိုဘာရင်တို့ မိသားစု ၅ယောက် အသက်ဆက်နေရတာပါ ။
ကမ်းရိုးတန်းရေတိုက်စားမှုကြောင့်အရင်က တန်ကြေးရှိတဲ့ သူ့ရဲ့ စံပယ်ခင်းတွေက အခုဆိုရင် ၁ စတုရန်ပေကို ကန်ဒေါ်လာ ၆ ဆင့်လောက်ပဲ တန်ပါတော့တယ် ။ ၂၀၁၀မုန်တိုင်းတုန်းက ပီကာလွန်ဂန် ဒေသတစ်ခုလုံးမှာရှိတဲ့ စိုက်ပျိုးမြေတွေနဲ့ ငါးကန်တွေအားလုံး ရေမြုပ်သွားတယ်လို့ ဒေသခံ အရာရှိတစ်ဦးက ဆိုပါတယ်။ ဒေသတစ်ခုလုံး ရေငန်တွေ လွှမ်းမိုးသွားလို့ သောက်ရေကန် တစ်ကန် ၂ ကန်လောက်ပဲ သုံးလို့ရပါတော့တယ် ။ ကျန်တဲ့ကန်တွေအားလုံး ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။
ရေငန်တွေတက်လာပြီး ကုန်းမြေကိုလွှမ်းသွားလို့ စံပယ်စိုက်ခင်းတွေ ပျက်ကုန်ပါတယ်။ သူတို့စီးပွားရေးလည်း ပျက်ကုန်တာပေါ့ ။ အဲ့လိုမျိုးဒဏ်ရာတွေက ဆိုဘာရင်တို့ တစ်မိသားစုတည်းခံရတာမဟုတ်ပါဘူး ။ တစ်ဒေသလုံး ခံလိုက်ရတာပါ။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနဲ့ ကမ်းခြေတိုက်စားမှုတွေက ဂျာဗားကျွန်း ကမ်းခြေ တစ်လျှောက်လုံးမှာ ဖြစ်နေတာပါ ။
Scientific Reports ဂျာနယ်တွင် ထုတ်ဝေသည့် ၂၀၁၈ ခုနှစ် လေ့လာမှုတစ်ခုအရ ကမ်းရိုးတန်း ကမ်းပြိုမှုတွေက ကမ္ဘာတစ်ဝှမ်းမှာ ဧရိယာ ၂၈,၀၀၀ စတုရန်းကီလိုမီတာ (၁၁,၀၀၀ စတုရန်းမိုင်) ရှိတယ်လို့ သိရပါတယ်။ အဲ့ဒိပမာဏက ဟောင်ကောင်ထက် ၁၀ ဆ ပိုကြီးပါတယ် ။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် “၂၁ ရာစုရဲ့ ကမ်းရိုးတန်းများကို သိသိသာသာ ပြောင်းလဲသတ်မှတ်ပေးလိမ့်မယ်” လို့လည်း အဲ့ဒိ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
မောင်ယဿ
REF: Mongabay

About The Author

greenness_mm

No Comments

Leave a Reply