”ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါများကို ထိခိုက်ပျက်စီးစေသော မိုက်ခရိုပလတ်စတစ်များ
မိုက်ခရိုပလတ်စတစ်များ (Microplastics)ဆိုသည်မှာ ကျွန်ုပ်တို့၏ သမုဒ္ဒရာများတွင်ရှိပြီး အရွယ်အစား ၅မီလီမီတာအောက်ရှိသော ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ထိုမိုက်ခရို
ပလတ်စတစ်များကြောင့် ပင်လယ်သမုဒ္ဒရာရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်း
ခြောက်လျက်ရှိပြီး အစာကွင်းဆက်ကိုလည်းဆိုးရွားစွာအန္တရာယ်ပေးလျက်ရှိပါသည်။ထို့ကြောင့်
လည်း ၄င်းတို့ကို“ပင်လယ်ထဲက အသံတိတ်လူသတ်သမား”ဟု တင်စားခေါ် ဝေါ်ကြသည်။
မိုက်ခရိုပလတ်စတစ်များ ဖြစ်ပေါ်လာပုံ
စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုအားနည်းခြင်းသည် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ကို သတိပြုရမည်။ထိုအမှိုက်များ ရေထုထဲသို့ ရောက်လာပုံရောက်လာ
နည်း ၃မျိုးရှိပါသည်။
ပထမနည်းကတော့ – လူသားတို့၏ အမှိုက်များကို ရေထုထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊သွယ်
ဝိုက်၍သော်လည်းကောင်း မဆင်မခြင်စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ထိုအမှိုက်များ ရောက်ရှိလာ
ရခြင်း၊
ဒုတိယနည်းကတော့-သဘာဝဘေးအန္တရာယ်များကြောင့် ရေထုထဲသို့ ဝင်ရောက်လာခြင်း(ဥပမာ
အားဖြင့်-မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ရေကြီးရေလျှံဖြစ်ခြင်း)
နောက်ဆုံးနည်းကတော့-လူသားများ အဝတ်လျှော်သည့်အခါ အထူးသဖြင့် စက်ဖြင့်အဝတ်လျှော်သည့်
အခါ အဝတ်အထည်များ လျှော်ဖွပ်ခြင်းတို့ကြောင့် ပလတ်စတစ်ဖိုင်ဘာအမျှင်လေးများ (Plastic Fibers)ထွက်ရှိလာပြီး ရေဆိုးထုတ်ခြင်းမှတစ်ဆင့် မြောင်းသို့ရောက်ရှိကာ နောက်ဆုံးပင်လယ်သမုဒ္ဒ
ရာ ထဲသို့ ရောက်သွားကာ မိုက်ခရိုပလတ်စတစ်များအဖြစ်သို့ ပြောင်းလဲသွားပါသည်။
၄င်းဖိုင်ဘာတို့သည် များသောအားဖြင့် Synthetic materials များဖြစ်သည့် ပိုလီအီစတာ
(Polyester)နှင့် နိုင်လွန် (Nylon)များဖြင့် ပြုလုပ်ထားပြီး ရေဆိုးအဖြစ်စွန့်ထုတ်ခြင်းဖြင့် ပါဝင်သွားလေ့
ရှိသည်။ထိုသာမက လူသားတို့ နေ့စဥ်အသုံးပြုနေကြသည့် တစ်ကိုယ်ရည်သုံးအလှကုန်ပစ္စည်းများ
(Cosmetic Products)များဖြစ်သည့် သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးအစားများ
(exfoliating scrubs)ထဲတွ င် plastic beads ဟုခေါ်သည့် သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများ ပါဝင်ပါသည်။ထို plastic beads များသည် သန့်စင်ခြင်း၊ဆေးကြောခြင်းတို့အတွက် အထောက်အကူပြု သော်လည်း ၄င်းတို့ကို ရေနှင့်အတူ ဆေးကြောလိုက်သည့်အခါ မြောင်းရေများမှတစ်ဆင့် သဘာဝ
ပတ်ဝန်းကျင် ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များအပေါ် ဆိုးကျိုးများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။
ထိုကဲ့သို့ တစ်နည်းနည်းဖြင့် ရေထုထဲသို့ ရောက်ရှိလာသော စွန့်ပစ်ပလတ်စတစ်အမှိုက်များတွင် ရေသန့်ဗူးခွံများ၊ ပလတ်စတစ်အိတ်များ၊တစ်ခါသုံးကြွပ်ကြွပ်အိတ်များ၊အစားအစာထုတ်ပိုးသည့် ပလတ်စတစ်များ၊တစ်ခါသုံးခွက်၊ပန်းကန်များ၊ပလတ်စတစ်ဇွန်းခက်ရင်းများ၊ပိုက်များနှင့် ဆေးလိပ် ဖင်ဆီခံများ စသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှာ အများဆုံးဖြစ်ပါသည်။ကမ္ဘာပေါ်တွင် နှစ်စဥ် ပလတ်စတစ်အမှိုက်တန်ချိန် ၃၈၁ သန်းကို စွန့်ထုတ်နေပြီး ၂၀၃၄ ခုနှစ်တွင် နှစ်ဆတိုးရန် ရည်မှန်း
ထားသည်။၄င်းစွန့်ပစ်ပစ္စည်းများသည် မြစ်ချောင်း၊အင်းအိုင်မြောင်းတို့မှတစ်ဆင့် ပင်လယ်သမုဒ္ဒရာ သို့ရောက်ရှိပြီး နေရောင်ခြည်၊ပင်လယ်လေနှင့် ဆားငန်ရည်တို့ဖြင့် ထိတွေ့မှုအချိန်ကြာမြင့်သည့်အခါ သေးငယ်သော ပလတ်စတစ်အမှုန်အမွှားအဖြစ် ကွဲထွက်ကာ”breakdown” ပြောင်းသွားပါသည်။
၄င်းဖြစ်စဥ်ကို degradation သို့မဟုတ် fragmentation ဟု ခေါ်ပါသည်။
ယနေ့တွင် သမုဒ္ဒရာအတွင်းရှိ မိုက်ခရိုပလတ်စတစ် အရေအတွက်ကို အတိအကျခန့်မှန်းရန်
ခက်ခဲသော်လည်း အချို့သောလေ့လာမှုများအရ မိုက်ခရိုပလတ်စတစ်များကို ကျယ်ကျယ်ပြန့်ပြန့်
တွေ့ရှိနိုင်ပြီး သမုဒ္ဒရာအားလုံးတွင် တွေ့ရှိနိုင်သည်ဟု လေ့လာမှုများက ဖော်ပြနေကြသည်။သုတေ
သနလေ့လာမှုတစ်ခုအရ သမုဒ္ဒရာထဲတွင် မိုက်ခရို ပလတ်စတစ်အမှုန်များ ၁၅ ထရီလီယံမှ ၅၁ ထရီလီယံကြား ရှိပြီး စုစုပေါင်းအလေးချိန် ၉၃၀၀၀ မှ ၂၃၆၀၀၀ မက်ထရစ် တန်ရှိနိုင်ကြောင်း
ခန့်မှန်းထားသေးသည်။ထိုထဲတွင် ၅၀ ရာခိုင်နှုန်းမှာ တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြစ်ပြီး ၄င်းတို့မှ ၉ရာခိုင်နှုန်းကိုသာ ပြန်လည်တီထွင်အသုံးပြု(Recycle)နိုင်သေးသည်။Condor ferries UK ၏ ထုတ်ပြန်ချက်အရ ယခုအခါ ကျွန်ုပ်တို့၏ သမုဒ္ဒရာထဲတွင် မက်ခရိုနှင့် မိုက်ခရိုပလတ်စတစ်
အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် အပိုင်းအစ ၄၆၀၀၀ ရှိကာ တန်ချိန် ၂၆၉၀၀၀ အထိရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ထို့ပြင် နေ့စဥ် ပလတ်စတစ်အပိုင်း
အစ ၈သန်းခန့်သည်လည်း သမုဒ္ဒရာများထဲသို့ စိမ့်ဝင်လျက်ရှိပါသည်။ပင်လယ်ထဲတွင် မျောပါနေ
သော The Great Pacific Garbage Patch ဟုခေါ်သည့်“ပလတ်စတစ်အမှိုက် ပင်လယ်လှိုင်း”ကြီး
သည် စတုရန်းကီလိုမီတာ ၁ဒသမ ၆ မီလီယံအကျယ်ရှိပြီး အမေရိကန်နိုင်ငံ၏ တက္ကဆက်ပြည်နယ်
ထက်ပိုမိုကြီးမားလျက်ရှိပါသည်။
ကိန်းဂဏန်းများကို ဆက်လက်လေ့လာရလျှင် ကမ္ဘာပေါ်တွင် တစ်မိနစ်ကို ပလတ်စတစ်အိတ်
၁သန်းစွန့်ပစ်လျက်ရှိပြီး ၁သန်းသောပင်လယ်ပျော်ငှက်များနှင့် ၁၀၀၀၀၀ သော ရေနေသတ္တဝါများ
သည် ထိုပင်လယ်ထဲရှိ ပလတ်စတစ်အမှိုက်များကြောင့် နှစ်စဥ်သေဆုံးလျက်ရှိနေပါသည်။
သဘာဝပတ်ဝန်းကျင်အပေါ် မိုက်ခရိုပလတ်စတစ်များ၏ ဆိုးကျိုးများ
မိုက်ခရိုပလတ်စတစ်များ၏ အဓိကဆိုးကျိုးကို ခံစားရသည်မှာကတော့ တောရိုင်းတိရစ္ဆာန်
များပင် ဖြစ်ပါသည်။အထူးသဖြင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါ
သည်။မိုက်ခရိုပလတ်စတစ်များကို တိရစ္ဆာန်များက အစားအစာအဖြစ် လွဲမှားစေပြီး စားသုံးမိကြ
သည်။စားသုံးမိသောအခါ မိုက်ခရိုပလတ်စတစ်များသည် အစာခြေပြဿနာများ၊အသက်ရှူကြပ်ခြင်း၊ သို့မဟုတ် အစာငတ်မွတ်ခြင်းကဲ့သို့သော တောရိုင်းတိရစ္ဆာန်များကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေ
နိုင်သည်။ မိုက်ခရိုပလတ်စတစ်များသည် တိရစ္ဆာန်များ၏ တစ်သျှူးများတွင်လည်း စုပုံနိုင်ပြီး၄င်းတို့
၏ ကျန်းမာရေးနှင့် မျိုးပွားမှုတို့ကို ထိခိုက်စေပြီး တောရိုင်းတိရစ္ဆာန်များ မျိုးသုဥ်းမှုတို့နှင့်ရင်ဆိုင်နေ
ရပါသည်။
ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း ဖြစ်ပါသည်။ မိုက်ခရိုပလတ်စတစ်များသည်ဂေဟစနစ်
တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။သမုဒ္ဒရာထဲတွင် မိုက်ခရိုပလတ်စတစ် အနည်အနှစ်များစုပုံလာကာ အဏ္ဏဝါသက်ရှိများ၏ အပြုအမူကို ထိခိုက်စေပြီး ဂေဟစနစ်၏ဖွဲ့စည်းပုံကို ပြောင်းလဲစေသည်။
မိုက်ခရိုပလတ်စတစ်များသည် ပလတ်စတစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ သို့မဟုတ် ပလတ်စတစ်ပေါ်သို့စုပ်ယူထားသော ညစ်ညမ်းစေသည့် ဓာတုပစ္စည်များကို ထုတ်လွှတ်နိုင်
ပြီး အဏ္ဏဝါသက်ရှိများ၏ကျန်းမာရေးနှင့် ပိုမိုကျယ်ပြန့်သောဂေဟစနစ်ကို ထိခိုက်စေနိုင်သည်။
မိုက်ခရိုပလတ်စတစ်များသည် ရေအရည်အသွေး ကိုလည်း ထိခိုက်စေနိုင်သည်။လူနှင့် တိရစ္ဆာန်ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့်အပြင် မိုက်ခရိုပလတ်စတစ်များသည် ရေစနစ်များ
တွင် အဆိပ်အတောက်များ စုပုံလာစေရန် ကူညီပေးနိုင်သည်။မိုက်ခရိုပလတ်စတစ်များသည် ပလတ်စတစ်၏ မျက်နှာပြင်ပေါ်တွင် စုပုံနိုင်သည့် polychlorinated biphenyls (PCBs) ၊ သို့မဟုတ် ပိုးသတ်ဆေးများကဲ့သို့သော ညစ်ညမ်းစေသည့်ရင်းမြစ်(vector)များအဖြစ် လုပ်ဆောင်နိုင်သည်။
လူသားတို့၏ ကျန်းမာရေးအပေါ် မိုက်ခရိုပလတ်စတစ်များ၏ဆိုးကျိုးများ
မိုက်ခရိုပလတ်စတစ်များ၏ လူ့ကျန်းမာရေးနှင့် ပတ်သက်သော အထင်ရှားဆုံး စိုးရိမ်စရာ
တစ်ခုမှာ စားသုံးမိခြင်း ဖြစ်ပါသည်။လေ့လာမှုစစ်တမ်းများအရမိုက်ခရိုပလတ်စတစ်များကို သောက်သုံးရေ၊ပင်လယ်စာများနှင့် ကျွန်ုပ်တို့ရှူရှိုက်သည့် လေထဲတွင်ပင်တွေ့ရှိနိုင်သည်။ စားသုံး
မိသောအခါ မိုက်ခရိုပလတ်စတစ်များသည် လူ့ခန္ဓာကိုယ်အတွင်း စုပုံလာနိုင်ပြီးကျန်းမာရေးကို
ထိခိုက်စေနိုင်သည်။လူ့ကျန်းမာရေးအပေါ် မိုက်ခရိုပလတ်စတစ်များ၏ကျန်းမာရေးဆိုင်ရာအကျိုး
သက်ရောက်မှုများအပြည့်အစုံကို လေ့လာနေဆဲဖြစ်သော်လည်း မိုက်ခရိုပလတ်စတစ်များသည် အဆိပ်အတောက်ဖြစ်စေနိုင်သည် (သို့မဟုတ်)အစာခြေစနစ်ကို အနှောင့်အယှက် ဖြစ်စေပါသည်။
မိုက်ခရိုပလတ်စတစ်များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေပြီး လူ့
ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။မိုက်ခရိုပလတ်စတစ်များကို လေထဲသို့ ထုတ်လွှတ်လိုက်
သောအခါ ၄င်းတို့ကို ရှူသွင်းနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်း၊သို့မဟုတ် အခြား
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအထိ ဖြစ်စေနိုင်သည် ။အထူးသဖြင့် မိုက်ခရိုပလတ်
စတစ်များကို ထုတ်လုပ်မှု ၊ သို့မဟုတ် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးကဲ့သို့သော မိုက်ခရိုပလတ်
စတစ်များကို အသုံးများသည့် စက်မှုလုပ်ငန်း တွင် လုပ်ကိုင်ကြသူများနှင့် အထူးသက်ဆိုင်သည်။
မိုက်ခရိုပလတ်စတစ်များကြောင့် လူသားများ၏ မျိုးပွားမှုဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်
သည်။ Bisphenol A (BPA)ကဲ့သို့သော ပလတ်စတစ်များတွင်တွေ့ရသော ဓာတုပစ္စည်း
အချို့နှင့် ထိတွေ့ခြင်းသည် မျိုးပွားမှု ဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြသည်။မျိုးပွားမှုကျန်းမာရေးအပေါ် မိုက်ခရိုပလတ် စတစ်များ၏အကျိုးသက်ရောက်မှု
အတိုင်းအတာအပြည့်အစုံကို လေ့လာနေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် မိုက်ခရိုပလတ်စတစ်
များရှိနေခြင်းသည် အဆိုပါပြဿနာများကို အထောက်အကူဖြစ်စေနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေ ပါသည်။
မိုက်ခရိုပလတ်စတစ်များသည် ပလတ်စတစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း
များ၊ သို့မဟုတ် ပလတ်စတစ်ထဲသို့ စုပ်ယူထားသော ညစ်ညမ်းစေသည့် ဓာတုပစ္စည်းများကို ထုတ်လွှ တ်ခြင်းဖြင့်လည်း လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည်။မိုက်ခရိုပလတ်စတစ်များကို မျိုချမိ သောအခါ(သို့မဟုတ်)ရှူသွင်းလိုက်သောအခါ ဤဓာတုပစ္စည်းများသည် အဆိပ်များကို မိတ်ဆက်ခြင်း
(သို့မဟုတ်) endocrine စနစ်အား အနှောင့်အယှက်ပေးခြင်းဖြင့် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သ
ည်။
မိုက်ခရိုပလတ်စတစ်များကို လျှော့ချခြင်းနည်းလမ်းများ
အထိရောက်ဆုံးနှင့် အရိုးရှင်းဆုံးသော ဖြေရှင်းနည်းမှာ ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းပင် ဖြစ်ပါသည်။ပြန်သုံးနိုင်သော အိတ်များ၊ရေပုလင်းများနှင့် ကွန်တိန်နာများကို အသုံးပြုခြင်း၊ကောက်ရိုးနှင့် မီးဖိုချောင်သုံး ပလတ်စတစ်များကို ရှောင်ကြဥ်ကာ ထုပ်ပိုးမှုနည်းသော ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် ၄င်းကိုလုပ်ဆောင်နိုင်သည်။
ပလတ်စတစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းသည် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိ ခြင်းကို ကာကွယ်တားဆီးနိုင်သည်။ပလတ်စတစ်ထုတ်ကုန်များကို ပြန်လည်အသုံးပြုခြင်း၊သတ်မှတ် ထားသော အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဥ် ခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါသည်။
ရေရှည်တည်တံ့သော ပစ္စည်းများနှင့် ပြုလုပ်ထားသည့် ကုန်ပစ္စည်းများ(Suatainable materials)ကို ရွေးချယ်ပြီး ပလတ်စတစ်ထုတ်ပိုးမှု အနည်းဆုံးဖြင့် သမုဒ္ဒရာထဲသို့ ရောက်ရှိနိုင်သော ပလတ်စတစ်အမှိုက်ပမာဏကို လျှော့ချနိုင်မည်ဖြစ်သည်။(ဥပမာ-Nike နှင့် Adidas တို့မှ ပင်လယ်
တွင်းရှိ ပလတ်စတစ်အမှိုက်များကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် ဖိနပ်များ။)
ထို့ပြင် မိုက်ခရိုပလတ်စတစ်များ လျှော့ချရန်အတွက် ဖြေရှင်းရန်နည်းလမ်းတစ်ခုမှာ “လူထုအခြေပြု မိုက်ခရိုပလတ်စတစ် လျှော့ချခြင်း”နည်းလမ်းဖြစ်ပါသည်။အထိရောက်ဆုံးသော ရပ်ရွာအခြေပြု ချဥ်းကပ်နည်းများထဲမှ တစ်ခုမှာ ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးအပေါ်
မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု၏ သက်ရောက်မှုများအကြောင်း ပညာပေးမှုနှင့် အသိပညာများ တိုးမြှင့်ပေးရန် ဖြစ်သည်။၄င်းတွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်း၊ပလတ်စတစ်အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးမူဝါဒများကို ပံ့ပိုးပေးခြင်းကဲ့သို့သော ရေရှည် အလေ့အကျင့်များကို မြှင့်တင်ရန်အတွက် အများပြည်သူဆိုင်ရာ၊သတင်းအချက်အလက်
ဆိုင်ရာ လှုပ်ရှားမှုများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့် ရပ်ရွာပွဲများကို စည်းရုံးခြင်းတို့ဖြင့် လူထု၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်နိုင်သည်။
ရပ်ရွာသန့်ရှင်းရေးလှုပ်ရှားမှုများသည် မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာတွင် လည်း ထိရောက်မှုရှိနိုင်သည်။ဤလှုပ်ရှားမှုများတွင် ကမ်းခြေများ၊မြစ်ကမ်းပါးများနှင့် ပလတ်စတစ် အမှိုက်များစုပုံနေသည့်အခြားနေရာများမှ ပလတ်စတစ်အမှိုက်များ စုဆောင်းသည့် စေတနာ့ဝန်ထမ်း
များ ပါဝင်နိုင်သည်။ဤကြိုးပမ်းမှုများတွင် ရပ်ရွာလူထုများပါဝင်ခြင်းဖြင့် ၄င်းတို့သည် ပြဿနာကို ပိုမိုသိရှိနားလည်လာပြီး အနာဂတ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ထို့ပြင် Suatainable Waste Management အလေ့အကျင့်ကောင်းများကို တွန်းအားပေး
ထောက်ပံ့ရမည်။အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များ တိုးတက်ကောင်းမွန်လာခြင်းသည် ပလတ်စ
တစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေပါသည်။ရပ်ရွာအခြေပြုချဥ်း
ကပ်နည်းများတွင် ဒေသတွင်းစွ့န်ပစ်အမှိုက်များ စုဆောင်းခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အစီအ
စဥ်များကို ပံ့ပိုးပေးခြင်းနှင့် ဇီဝပျက်စီးနိုင်သောထုတ်ကုန်များ အသုံးပြုမှုကို မြှင့်တင်ခြင်းတို့ ဖြစ်သ
ည်။
ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်(Suatainable Fishing Practices)များ သည် အထူးသဖြင့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ငါးဖမ်းကိရိယာများကို အသုံးပြုခြင်းကြော င့် မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည်။ရပ်ရွာအခြေပြုချဥ်းကပ်နည်းများတွင် ဇီဝ ပျက်စီးနိုင်သော ငါးဖမ်းကိရိယာများကို အသုံးမပြုခြင်း(သို့မဟုတ်)ဓာတုပစ္စည်းများ အသုံးပြုမှု လျှော့ချခြင်းတို့ကို ဆောင်ရွက်စေပြီး ရေရှည်တည်တံ့သော ငါးဖမ်းခြင်း အလေ့အကျင့်များကို မြှင့်တင်ရန် လိုအပ်သည်။
ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သော်လည်း မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကိုလည်း အထောက်အကူပြုနိုင်သည်။လူထုအခြေပြုချဥ်းကပ်နည်း များတွင် တစ်ကြိမ်သုံးပလတ်စတစ်အသုံးပြုမှုကို လျှော့ချခြင်းနှင့် တာဝန်ယူမှုရှိသော အမှိုက်စီမံခန့်ခွဲ မှု အလေ့အကျင့်များကို မြှင့်တင်ခြင်းကဲ့သို့သော ရေရှည်တည်တံ့သော ခရီးသွားလုပ်ထုံးလုပ်နည်း များကို မြှင့်တင်ခြင်းကို ပိုမိုလုပ်ဆောင်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ပညာရေး၊သန့်ရှင်းရေးလှုပ်ရှားမှုများနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်ကောင်းများကို ပံ့ပိုးပေးခြင်းများပါဝင်သည့် ရပ်ရွာအခြေပြုချဥ်းကပ်နည်းများသည် မြန်မာနိုင်ငံရှိ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသည်။ပြည်သူနှင့်အတူ တာဝန်ရှိသူများ၊အရပ်ဘက် NGO အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းသည် ‘ပင်လယ်ထဲက အသံတိတ်လူသတ်သမား’ဟု ခေါ်သည့် မိုက်ခရိုပလတ်စတစ်များကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါ သည်။
မသန်းလှ(ပညာရေး)
No Comments