ပဒုမ္မာကြာဖြူတွေသာပွင့်တဲ့ မန်းလေးအနီးက ရွှေလှံဗိုလ်ကန် (သို့) မြလိပ်တောင်ကြာကန်

ပဒုမ္မာကြာဖြူတွေသာပွင့်တဲ့ မန်းလေးအနီးက ရွှေလှံဗိုလ်ကန် (သို့) မြလိပ်တောင်ကြာကန်

ကြာကန်တော့ ကြာကန်ပဲ။ ဒီကြာကန်ရဲ့ထူးခြားချက်က ကြာဖြူတွေပဲပွင့်တယ်။ ကြာဖြူတောင်ရိုးရိုးကြာဖြူမဟုတ်ဘူး။ ပဒုမ္မာကြာဖြူကြီးတွေတဲ့
မျက်စိတဆုံး ရေပြင်ကျယ်ကြီးရယ် စိမ်းစိုနေတဲ့ကြာပင်တွေထဲမှာ ဟိုတပျောက်ဒီတပျောက်ပွင့်နေကြတဲ့ကြာဖြူလေးတွေရယ်၊ နောက်ခံမြလိပ်တောင်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှတဲ့ ကဗျာတပုဒ်ပါပဲ ။
ဘယ်မှာရှိတာလဲ
****************
မန်းလေးနဲ့ ၄၅ မိနစ်လောက်ပဲဝေးတဲ့ ရွှေစာရံဘုရားနားက ရွှေလှံဗိုလ်ကန်ထဲမှာရှိတာပါ။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးရွာအနီး မြလိပ်တောင်ခြေမှာရှိလို့ မြလိပ်တောင်ကြာကန် လို့လဲခေါ်ပါတယ်။
ဘယ်လိုသွားရလဲ
******************
မန်းလေး -ပြင်ဦးလွင် လမ်းအတိုင်းသွားလို့ အုန်ချောရောက်ရင် မီးပွိုင့်ကနေ ရွှေစာရံဘုရားသို့ ဆိုတဲ့လမ်းမကြီးအတိုင်းတည့်တည့်ကြီးဝင်သွားလိုက် ၅ မိနစ်လောက်မောင်းပြီးရင် လမ်းဆုံတခုတွေ့လိမ့်မယ်။
လမ်းနှစ်ခွမှာ ရွှေစာရံဘက်ကိုမလိုက်ပဲ ခရိုင်ချင်းဆက်လမ်းအမှတ် ၂ လမ်းထဲတည့်တည့်ကြီးလိုက်သွားပါ ဒုဌဝတီတံတားကိုကျော်လိုက်ရင် စက်ရုံအကြီးကြီးတခုတွေ့လိမ့်မယ်။
စက်ရုံအကျော်လေး လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ စိုက်ပျိုးရေးရွာ ဆိုင်းဘုတ်တွေ့မယ် ၊ ရွာထဲကိုလမ်းဆုံးတဲ့ထိဖြတ်မောင်းသွားလိုက်ပါ။
ရွာလမ်းဆုံးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ၊ ဘယ်ဖက်လမ်း (စိုက်ပျိုးရေးရွာ ကျောက်တိုင်ရှိတဲ့ဘက် ) ထဲကို တည့်တည့်ကြီးသွားလိုက်ရင် မြလိပ်တောင်ကြာကန် ရောက်ပါပြီ။
ကားရော ဆိုင်ကယ်ရောသွားလို့ရပါတယ် ၊ စိုက်ပျိုးရေးရွာထိက လမ်းကောင်းတယ် ၊ ရွာကနေ ကြာကန်ထိကတော့ မြေလမ်းဆိုတော့ မိုးရွာရင်ဗွက်ထမယ်။

About The Author

greenness_mm

No Comments

Leave a Reply