ပန်းရည်စုပ်-Purple Sunbird(Cynniris asiaticus)

ပန်းရည်စုပ်-Purple Sunbird(Cynniris asiaticus)

ပန်းရည်စုပ်ငှက်ကို အီရန် အိန္ဒိယတိုက်ငယ် အနောက်မြောက်ယူနန် နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဌာနေငှက်အနေနဲ့ တွေ့နှိင်ပါတယ်။မြေပြန့်ဒေသတွေမှာ အတွေ့ရများပြီး အိန္ဒိယမှာတော့ မီတာ ၂၄၀၀ အမြင့်ရှိတဲ့ ဒေသတွေအထိ တွေ့ရတယ်လို့ သိရပါတယ်။မြန်မာမှာတော့ အလယ်ပိုင်း မြေပြန့်ဒေသတွေမှာ အတွေ့ရများပြီး တောင်ပေါ်ဒေသတွေဖြစ်တဲ့ ပြင်ဦးလွင်၊ နောင်ချို၊ ကလောနဲ့ တောင်ကြီးဝန်းကျင်တွေမှာ အနည်းငယ်တွေ့ရပါတယ်။မြန်မာမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတော့ ရွိမရွိမသိရေသးပါ။
ပန်းဝတ်ရည်နဲ့ ပိုးကောင်ကလေးများဟာ သူတို့ရဲ့ အဓိကအစာ ဖြစ်ပါတယ်။ပိုးကောင်ကလေးများကိုတော့ သားပေါက်ချိန်မှာ ငှက်ငယ်ကလေးတွေကို ကြွေးကြပါတယ်။အရွယ်သေးငယ်ခြင်းနဲ့ ပန်းပွင့်နားမှာ အတောင်ခတ်ပြီး ရပ်နေတတ်တာကြောင့် အမေရိကတိုက်မှာပဲတွေ့ရတဲ့ ပိတုံးငှက်(Hummingbird)နဲ့ ဆင်သလိုရှိပေမဲ့ ပန်းရည်စုပ်က ပန်းပွင့်အခြေမှာနားပြီး ဝတ်ရည်စုပ်ပါတယ်။ပိတုံးငှက်ကတော့ အတောင်ခတ်ယင်း ရပ်ပြီး ဝတ်ရည်စုပ်တတ်တဲ့ သဘာဝရှိတာကြောင့် မတူညီကြပါ။
သားပေါက်ချိန်မဟုတ်တဲ့အရောင်(Eclipse male)နဲ့ ငှက်အမတို့ဟာ ပန်းရည်စုပ်ငှက်တစ်မျိုးဖြစ်တဲ့Olive-backed Sunbird နဲ့လွဲမှားနှိင်ပါတယ်။ ပန်းရည်စုပ် Purple ရဲ့အ အတောင်ရင်းမှာ မရမ်းပြာအကွက်ကလေးပါပြီး Olive-backed မွာ မပါပါ။ Purple အမရဲ့ ဝမ်းပိုက်အရောင်ဟာ Olive-backed ထက် ဖျော့ပါတယ်။ နောက် အရေးကြီး အခ်က္တစ္ခုကေတာ့ Olive-backed တွေဟာ ဒီရေတောတွေမှာ နေထိုင်တတ်ကြတာကြောင့် ပဲခူးလောက်အထိပဲတွေ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာပြည်အလယ်ပိုင်းမှာ ယနေ့အချိန်အထိ မတွေ့ရသေးတာ ဖြစ်ပါလိမ့်မယ်။
မြန်မာပြည်အလယ်ပိုင်းမှာတော့ မတ်နဲ့ဧပြီမှာ အမ်ားစုက သားပေါက်ပါတယ်။ အဲဒီအချိန်မှာ ငှက်ဖိုရဲ့အရောင်ဟာ မရမ်းရင့် စိမ်းပြာတွေဖြစ်ပြီး ရင်မှာ အညိုရင့်ရောင် သန်းနေတတ်ပါတယ်။ဩဂုတ်လလောက်မှာ သားပေါက်ချိန်ပြင်ပအရောင်(Eclipse male)ကို ပြန်ပြောင်းကြပါတယ်။ ဒါပေမဲ့ အောက်တိုဘာလလောက်မှာ သားမပေါက်ပဲ ရောင်စုံ သားပေါက်ချိန်အရောင်ကို ပြန်ပြောင်းကြတာကို တွေ့ရတာကြောင့်! Purple Sunbird အဖိုရဲ့ အရောင်ပြောင်းခြင်းဟာ သားပေါက်ချိန်နဲ့ မသက်ဆိုင်ကြောင်း တွေ့ရပါတယ်။အခြားပန်းရည်စုပ်မျိုးစိပ်တွေမှာလည်း ဆက်လက်လေ့လာဖို့လိုပါတယ်။
အချို့ Purple Sunbird ငှက်ရဲ နှုှတ်သီးအပေါ်ဖက်ခြမ်း(upper mandible) အဖ်ားနားမွာ ပန်းရောင်,အနီရောင် ဒါမှမဟုတ် ဝါညိုရောင်ရှိတဲ့ ဘုကေလးပါတာကို ဇူလိုင်လ၂၀၀၉ ခုနှစ်က စတင်တွေ့ရှိသတိထားမိခဲ့ပါတယ်။ပုလိပ်ဘူတာဝင်းနားက အပွင့်ပွင့်နေတဲ့ ဒန့်သလွန်ပင်တွေပေါ်မှာ တွေ့တာပါ။ အဲဒီအချိန်က မန်းတောင်ခြေ ကုသိုလ်တော်ဘုရားထဲက ခရေပင်တွေမှာကျက်စားတဲ့ Pupple တွေမှာတော့ အနီဘုဖြစ်ပေါ်တာ မတွေ့ရပါ။ဒါကြောင ့်ပုလိပ်ဘူတာဝန်းကျင်မှာတွေ့ရတဲ့ purple တွေဟာ မျိုးစိပ်ခွဲ(Subspecies)ဖြစ်နှိင်တယ်လို့ ယူဆတာကြောင့် စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲ(Maung Nwaymying)နဲ့ မန္တလေးတောင်(Thein Naing Oo)တို့ Fb မွာ တင်တဲ့ပုံတွေမှာ အနီဘုပါလာတာကိုတွေ့ရပြီး မန္တလေးက နောက်ထပ်တစ်နေရာမှာ ထပ်တွေ့တာအပြင် အိန္ဒိယအနောက်ပိုင်း Pune မြို့က အနီဘုပါတဲ့ Purple ငှက်ပုံတွေ့တာကြောင့် မျိုးစိပ်ခွဲဆိုတာထက် ဝတ်ရည်စုပ်တဲ့ အပင်အမျိုးအစားန ဲ့ဆက်နွယ်မှုရှိနေကြောင်း တွေ့လာရပါတယ်။ဒန့်သလွန်ပင်အနီးနားမှာတွေ့ရတဲ့ Purple တွေမှာ အျဖစ္မ်ားတာ တွေ့ရလို့ပါပဲ။
နောက်ထူးခြားတဲ့ အခ်က္တစ္ခုက ငှက်ဖိုတွေမှာ အဖြစ်များပြီး ငှက်မတွေမှာ အဖြစ်နည်းတာတွေ့ရခြင်းပါ။ငှက်မတွေမှာဖြစ်ခဲ့ရင်တောင ်မထင်မရှားပဲဖြစ်တာကို တွေ့ရပါတယ်။ဆက်ပြီး သုတေသနလုပ်ဖို့ လိုတာတွေကတော့
အပေါ်နှတ်သီးဖျားမှာ တွေ့ရတဲ့ အနီဘုဖြစ်ပေါ်မှုဟာ-
(၁) ဝတ်ရည်စုပ်တဲ့ အပင်အမျိူးအစားနဲ့ ဆက်နွယ်မှုရှိသလား
(၂)ဘာကြောင့် ငှက်ဖိုတွေမှာ အဖြစ်များပြီး ငှက်မတွေမှာ အဖြစ်နဲတာလဲ
(၃)ဖြစ်ပေါ်လာတဲ့ အနီဘုရဲ့ဖွဲ့စည်းပုံ(Composition)
(၄)အျခား Sunbird မျိုးစိပ်တွေမှာရော ဒီလိုဖြစ်စဉ်မျိုးဖြစ်ကြသလား
တကယ်သာသုတေသနလုပ်ရင် ပါရဂူကျမ်းတစ်ခုစာလောက် ရှိမယ်ထင်ကြောင်းပါဗျာ။
Credit #Zay Mg Thein

About The Author

greenness_mm

No Comments

Leave a Reply