ပလက်စတစ်အမှုန်တွေ ခန္တာကိုယ်ထဲမှာ များလာရင် ပိုးသတ်ဆေး မတိုးတော့ဘူးလို့ဆို

ပလက်စတစ်အမှုန်တွေ ခန္တာကိုယ်ထဲမှာ များလာရင် ပိုးသတ်ဆေး မတိုးတော့ဘူးလို့ဆို

အမေရိကန် တက္ကဆက်ပြည်နယ် ဟူစတန်မြို့ ရိုက်စ် တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန ရလဒ်အရ မိုက်ခရို ပလက်စတစ်လို့ခေါ်တဲ့ ပလက်စတစ်အမှုန့်တွေက ကိုယ်ခန္တာထဲမှာ တဖြည်းဖြည်းများလာရင် ရောဂါပိုးကို တိုက်ဖျက်တဲ့ ပဋိဇီဝဆေးဖြစ်တဲ့ ပိုးသတ်ဆေးတွေက အစွမ်း မပြနိုင်တော့ဘူးလို့ သိရပါတယ်။
ပိုလီစတိုင်ရင်း လို့ခေါ်တဲ့ ပလက်စတစ်တွေက လူသားတွေရဲ့ အစားချေလမ်းကြောင်းကနေတစ်ဆင့် သွေးကြောတွေဆီကို ဝင်ရောက်နေတာပါ။ သုတေသီတွေကိုယ်တိုင်ထိတ်လန့်သွားတဲ့ အချက်တစ်ချက်က နောက်ပိုင်း ကလေးငယ်တွေရဲ့ ကိုယ်တွင်းမှာရှိတဲ့ ပိုလီစတိုင်ရင်း ပမာဏက လူကြီးတွေထက် ၁၅ဆ တောင်ပိုများနေတယ်ဆိုတာပါပဲ ။
အဲ့ဒီပလက်စတစ် အမှုန်တွေ ခန္တာကိုယ်ထဲမှာ အများကြီး ရှိတဲ့သူ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ရောဂါပိုးတွေက ပိုးသတ်ဆေးတွေကို ပလက်စတစ်အမှုန်တွေကို အကာအကွယ်ယူပြီး ပုန်းရှောင်နေတဲ့အတွက် ပိုသတ်ဆေး တွေက ရောဂါပိုးတွေကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်တော့တာလို့ ဆိုပါတယ်။
အဲ့ဒိလိုနည်းနဲ့ ရောဂါပိုးတွေက ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို အနှောက်အယှက်ပေးပြီး ရောဂါဝေဒနာတွေကို ခံစားရတော့တာပဲဖြစ်ပါတယ်။
ပိုးသတ်ဆေးမတိုးတော့ လူနာတွေက ပိုးသက်ဆေးကို ( over dose ) ဆေးလွန်အောင် သောက်သုံးရပါမယ်။ ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး က ဝမ်းချုပ်တာတွေ အားနည်းတာတွေ ကို ဆက်ပြီး ခံစားရမှာဖြစ်လို့ ဆေးလွန်အောင် သောက်မိပါက ဘေးထွက်ဆိုးကျိုးရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တဲ့အတွက် အသက် အန္တရာယ်ကို ပါ ထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့် ပလက်စတစ်ညစ်ညမ်မှုနဲ့ နောက်ဆက်တွဲပါလာတဲ့ ရောဂါပိုး ကူးစက်မှု ထိန်းမရတဲ့အခြေအနေကို သိရှိနားလည်အောင်လို့ တနလာၤနေ့ထုတျ Journal of Hazardous Materials မှာ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၉ )
REF: euronews
Photo ; euronews

About The Author

greenness_mm

No Comments

Leave a Reply