ပါကစ္စတန်မှာ ရေကြီးလို့ လူ ထောင်နဲ့ချီပြီး သေဆုံး

ပါကစ္စတန်မှာ ရေကြီးလို့ လူ ထောင်နဲ့ချီပြီး သေဆုံး

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပါကစ္စတန် နိုင်ငံအနံ့အပြားမှာ မိုးကြီးပြီး ရေလွှမ်းမိုးလို့ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လကတည်းက မုတ်သုံမိုးပြင်းထန်စွာ ဝင်ရောက်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့သလို ရေကြီးမှုဖြစ်စဉ်အတွက် ထောင်ပေါင်းများစွာသောမိသားစုတွေကို ရွှေ့ပြောင်းပေး ခဲ့ရတယ်လို့ ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့ပါတယ်။ မုတ်သုံမိုးကြောင့် တိုင်းပြည်တွင်းက လူဦးရေ ၁၅% ဖြစ်တဲ့ လူပေါင်း ၃၃သန်းကျော်ကို ထိခိုက်ခဲ့တယ်လို့ ဝန်ကြီးချုပ် ရှရစ်က ဆိုပါတယ်။ အခုလိုမျိုးဖြစ်ရတာက ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ရတာလို့ သူက အပြစ်တင်ခဲ့ပါတယ်။ ရေကြီးမှုဒဏ်ခံရသော ဒေသများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၊ အုပ်စုဖွဲ့အကျင့်ပျက်ခြစားမှု ၊ အခြေခံဆောက်အအုံများတွင် ရင်းနှီးမြုတ်နှံမှု နည်းပါခြင်း ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းပါးခြင်းနဲ့ ကြိုတင်ပြင်ဆင်မှု မရှိခြင်းတို့ က ရေကြီးရေလျှံခြင်း ဖြစ်စဉ်ကို ဆက်တိုက်ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းထဲမှာ ပါပါတယ်။

 

ပါကစ္စတန်နိုင်ငံမှာ ယခုနှစ် မုတ်သုံအဝင်စောပြီး မိုးကြီးသဖြင့် ကယ်ဆယ်ရေးသမားတွေအနေနဲ့ မိသားစု များစွာကို ရွှေ့ပြောင်းပေးတဲ့နေရာမှာ အခက်အခဲအများကြီး ကြုံခဲ့ရပါတယ်။ အဲ့ဒိအကျပ်အတည်း များကြောင့် အစိုးရက အရေးပေါ်အခြေအေနကိုကြေညာခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရှရစ်ရဲ့ အကူအညီတောင်းခံမှုကြောင့် ကုလသမဂ္ဂက ဒီလ ၃၀ ရက်နေ့မှာ ပါကစ္စတန်ကို ကန်ဒေါ်လာ သန်း၁၆၀ ကူညီဖို့အတွက် စီစဉ်နေပါတယ်။ ရေလွှမ်းမိုးမှု အများဆုံး ခံလိုက်ရတဲ့ဒေသကတော့ ကာလန် ချိုင့်ဝှမ်းဒေသဖြစ်ပါတယ်။ ဒေသတစ်ခုလုံးမှာ ရှိတဲ့ ဆောက်အအုံတွေကို မြစ်ရေက ဖြိုဖျက်ပစ်လိုက်ပါတယ် ။ အဲ့ဒိထဲမှာ နာမည်ကြီး ဟိုတယ်တွေတောင်ပါပါတယ်။ “ အခြေအနေက စိုးရိမ်စရာဖြစ်နေပါတယ်။ အဲ့ဒိဒေသကိုသွားဖို့ လမ်းတောင်မရှိဘူးဖြစ်နေပါတယ်။ လျှပ်စစ်မီး၊ ဓာတ်ငွေ့ ၊ ဆက်သွယ်ရေး နဲ့ အကူအညီတွေကိုပို့မရဘူးဖြစ်နေပါတယ်” ဆိုင်ရေထဲမျောသွားတဲ့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ မူစတာဖာက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်သားတွေ ပေါင်းပြီးလုပ်နေပါတယ်။ တောင်ပိုင်း ဆင်းဂ်ပြည်နယ်က ခရိုင်အတော်များများ ၊ အနောက်မြောက်ပိုင်းက ခိုင်ဘာ ၊အရှေ့ဖက်က ပန်ဂျပ် နဲ့ အနောက်တောင်ပိုင်းက ဘာလူချီစတန် ပြည်နယ်တွေမှာ ရေလွှမ်းမိုးမှု ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ပါတယ်။

မောင်ယဿ

REF: euronews

#greenness

 

About The Author

greenness_mm

No Comments

Leave a Reply