ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ လူဝီစီယားနားပြည်နယ် အရှေ့တောင်ဖက် ကမ်းလွန်ဒေသမှာ ရေနံစိမ်းလီတာ ၄သန်းကျော်လောက်ရှိတဲ့ အကွက်ကြီးကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲက သိရတဲ့ အချက်အလက်တွေကတော့ ပိုက်လိုင်း ပေါက်တဲ့ နေရာကို မသိရသေးကြောင်း ၊ ကမ်းခြေဖက်ဆီကို မရောက်သေးကြောင်း ၊ ရေနံတွေ ပေနေတဲ့ ဇင်ယော် ၂ ကောင်ကိုကမ်းခြေမှာ တွေ့ခဲ့ရပေမဲ့ တောင်ရိုင်းတွေ ဘယ်လောက် ထိခိုက်နေတယ်ဆိုတာကို မစုံးစမ်းရသေးကြောင်း ၊ လေပြင်းတိုက်နေလို့ အချို့ ရေနံစိမ်းတွေ အငွေ့ပျံနေကြောင်း ၊
ရေနံကွက်ကြီးကနေ ရေနံ ကွက်ငယ်တွေအဖြစ် ကွဲထွက်နေကြောင်း ၊ ဟူစတန်အခြေစိုက် Third Coast Infrastructure LLC ၏
လုပ်ငန်းခွဲဖြစ်သော Main Pass ရေနံကုမ္ပဏီရဲ့ ပိုက်လိုင်းဖြစ်ကြောင်း ၊ ကုမ္ပဏီသည် အင်္ဂါနေ့နံနက်တွင် မှတ်ချက်ပေးရန်
တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိကြောင်း ၊ ရေနံပိုက်လိုင်း ပေါက်ထွက်မှုစတင်သည့် အချိန်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ၎င်းကို ကြာသပတေးနေ့နံနက်တွင် အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (NOAA) သို့ ဦးစွာတိုင်ကြားခဲ့
ကြောင်း ၊ အကျယ်အဝန်း ငါးကီလိုမီတာကနေ ခြောက်ကီလိုမီတာလောက်ရှိကြောင်း သိရပါတယ်။
ဒေသခံ သတင်းမီဒီယာတွေရဲ့ သတင်းတွေမှာတော့ ပိုက်လိုင်းပေါက်ပြီး ထွက်လာတဲ့ ရေနံစိမ်းတွေက ဂါလံ ၁သန်းကျော် ( လီတာ ၄ သန်းကျော် ) တယ်လို့ ဖော်ပြပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply