ပူလွန်း အေးလွန်း မကြိုက်တဲ့ လျှပ်စစ်ကား
လျှပ်စစ်ကားတွေနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေ သုတေသနပြုထားတဲ့ အချက်တစ်ချက်ကတော့ လျပ်စစ်ကားတွေက ပူလွန်း အေးလွန်းတာကိုမကြိုက်တာပါပဲ။
မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ဖို့ဒ်ကားတွေက ၃၂ ဒီကရီ ဖာရင်ဟီုက်ကျော်သွားရင် အားက ၂၆ ရာခိုင်နှုန်း ပိုပြီး အကုန်မြန်ပါတယ်။ ဗောက်စ်ဝက်ဂွန် ဆိုရင် ၄၆ ရာခိုင်နှုန်း အားကုန်မြန်ပါတယ်။ နာရီဝက်အတွင်းမှာ အား၈၀ရာခိုင်နှုန်း သွင်းနိုင်ပါတယ်ဆိုတဲ့ နင်ဆင်လိဖ် တောင်အဲ့ဒီအပူချိန် ကျော်လာရင် အားက ၅၀ ရာခိုင်နှုန်းပဲ သွင်းလို့ ဝင်တော့တယ်။
အရမ်း အေးတဲ့ အချိန်ဆိုရင် လစ်သီယံ ဘတ်ထရီ တွေက ဓါတ်ပြုမှု နှေးသွားတတ်ပါတယ်။ အဲ့ဒီအချိန်တွေဆိုရင် လျှ
ပ်စစ်ကားတွေက စွမ်းဆောင်ရည်ကျ သွားပါတယ်။ ကံကောင်းတာက အဲ့ဒိဖြစ်စဥ်က ခဏ ပဲဖြစ်တာပါ။
အီဗွီကားတွေအတွက် စံထားထားတဲ့အပူချိန်ထက် မြင့်လာပြီဆိုရင် လစ်သီယံ ဘတ်ထရီ အတွင်းက အိုင်းယွန်းတွေက အဖိုငုတ်ကနေ အမငုတ်ကိုသွားဖို့ ခက်လာတာပါပဲ။အရမ်းအေးသွားရင် ဓါတ်ပြုမှု နှေးသွားပါတယ်။ လျှပ်စစ်ကို သိုလှောင်ဖို့အတွက် ထိန်းနိုင်စွမ်းနည်းသွားပါတယ်။
ဒါကြောင့် အီးဗွီမောင်းတဲ့သူတွေက ပြင်ပရာသီဥတုကို ဂရုစိုက်သင့်ပါတယ်။ အရမ်းအေးတဲ့နေရာမှာ အားသွင်ရင် အဝင်နည်းလို့ အိမ်မှာ အားသွင်းတဲ့ အ ခါ ဂိုဒေါင်ထဲမှာအားသွင်းရင် ပိုပြီးထိရောက်ပါတယ်။ တကယ်လို့ အပြင်ကဆိုင်မှာ အားသွင်းမယ်ဆိုရင်တော့ အချိန်ပိုပေးဖို့လိုပါတယ်။
နောက်တစ်ချက်က ကြိုပြီး စက်နိုးထားရင် မောင်းတဲ့အခါ ပိုပြီးအဆင်ပြေပါတယ်။အဲ့ဒါကအရမ်းအေးတဲ့နေရာမှာ
ပြောတာပါ။
အရမ်းအေးတဲ့နေရာတွေမှာ ကားမောင်းရရင် အတွင်းခန်းအပူချိန်ကို အနည်းငယ်တင်ထားပါက ဘတ်ထရီအားအကုန်မမြန်ပါဘူး ။နောက်တစ်ခုက အားသွင်းတဲ့ စတေရှင်တွေရဲ့ နေရ တွေကို မှတ်ထားဖို့ပါပဲ။ ကိုယ့်ကားရဲ့လက်ကျန်အား နဲ့ အားသွင်းတဲ့နေရာအကွာအဝေးကို ခန့်မှန်းတတ်ဖို့ လိုပါတယ် ။ ဒါကလည်း ခရီးဝေးသွားမယ့်သူတွေ အတွက်ပါ။
မောင်ယဿ
Ref:bloomberg
No Comments