ပူလွန်း ​အေးလွန်း မကြိုက်တဲ့ လျှပ်စစ်ကား

ပူလွန်း ​အေးလွန်း မကြိုက်တဲ့ လျှပ်စစ်ကား

လျှပ်စစ်ကား​တွေနဲ့ ပတ်သက်ပြီး​တော့ ပညာရှင်​တွေ သု​တေသနပြုထားတဲ့ အချက်တစ်ချက်က​တော့ လျပ်စစ်ကား​တွေက ပူလွန်း ​အေးလွန်းတာကိုမကြိုက်တာပါပဲ။
မကြာ​သေးခင်က ပြုလုပ်ထားတဲ့ ​လေ့လာမှုတစ်ခုအရ ဖို့ဒ်ကား​တွေက ၃၂ ဒီကရီ ဖာရင်ဟီုက်​ကျော်သွားရင် အားက ၂၆ ရာခိုင်နှုန်း ပိုပြီး အကုန်မြန်ပါတယ်။ ​ဗောက်စ်ဝက်ဂွန် ဆိုရင် ၄၆ ရာခိုင်နှုန်း အားကုန်မြန်ပါတယ်။ နာရီဝက်အတွင်းမှာ အား၈၀ရာခိုင်နှုန်း သွင်းနိုင်ပါတယ်ဆိုတဲ့ နင်ဆင်လိဖ် ​တောင်အဲ့ဒီအပူချိန် ​ကျော်လာရင် အားက ၅၀ ရာခိုင်နှုန်းပဲ သွင်းလို့ ဝင်​တော့တယ်။
အရမ်း အေးတဲ့ အချိန်ဆိုရင် လစ်သီယံ ဘတ်ထရီ ​တွေက ဓါတ်ပြုမှု ​နှေးသွားတတ်ပါတယ်။ အဲ့ဒီအချိန်​တွေဆိုရင် လျှ
ပ်စစ်ကား​တွေက စွမ်း​ဆောင်ရည်ကျ သွားပါတယ်။ ကံ​ကောင်းတာက အဲ့ဒိဖြစ်စဥ်က ခဏ ပဲဖြစ်တာပါ။
အီဗွီကား​တွေအတွက် စံထားထားတဲ့အပူချိန်ထက် မြင့်လာပြီဆိုရင် လစ်သီယံ ဘတ်ထရီ အတွင်းက အိုင်းယွန်း​တွေက အဖိုငုတ်က​နေ အမငုတ်ကိုသွားဖို့ ခက်လာတာပါပဲ။အရမ်း​အေးသွားရင် ဓါတ်ပြုမှု ​နှေးသွားပါတယ်။ လျှပ်စစ်ကို သို​လှောင်ဖို့အတွက် ထိန်းနိုင်စွမ်းနည်းသွားပါတယ်။
ဒါ​ကြောင့် အီးဗွီ​မောင်းတဲ့သူ​တွေက ပြင်ပရာသီဥတုကို ဂရုစိုက်သင့်ပါတယ်။ အရမ်း​အေးတဲ့​နေရာမှာ အားသွင်ရင် အဝင်နည်းလို့ အိမ်မှာ အားသွင်းတဲ့ အ ခါ ဂို​ဒေါင်ထဲမှာအားသွင်းရင် ပိုပြီးထိ​ရောက်ပါတယ်။ တကယ်လို့ အပြင်ကဆိုင်မှာ အားသွင်းမယ်ဆိုရင်​တော့ အချိန်ပို​ပေးဖို့လိုပါတယ်။
​နောက်တစ်ချက်က ကြိုပြီး စက်နိုးထားရင် ​မောင်းတဲ့အခါ ပိုပြီးအဆင်​ပြေပါတယ်။အဲ့ဒါကအရမ်း​အေးတဲ့​နေရာမှာ​
ပြောတာပါ။
အရမ်း​အေးတဲ့​နေရာ​တွေမှာ ကား​မောင်းရရင် အတွင်းခန်းအပူချိန်ကို အနည်းငယ်တင်ထားပါက ဘတ်ထရီအားအကုန်မမြန်ပါဘူး ။​နောက်တစ်ခုက အားသွင်းတဲ့ စ​တေရှင်​တွေရဲ့ ​နေရ ​တွေကို မှတ်ထားဖို့ပါပဲ။ ကိုယ့်ကားရဲ့လက်ကျန်အား နဲ့ အားသွင်းတဲ့​နေရာအကွာအ​ဝေးကို ခန့်မှန်းတတ်ဖို့ လိုပါတယ် ။ ဒါကလည်း ခရီး​ဝေးသွားမယ့်သူ​တွေ အတွက်ပါ။
မောင်ယဿ
Ref:bloomberg

About The Author

greenness_mm

No Comments

Leave a Reply