ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့် အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့် အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများ အတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့်အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေကြ ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာ အတွင်းရှိ ချောင်းရိုးများအတွင်း ပြီးခဲ့သည့် နှစ်များက စုပ်ခွက်ငါး သုံးလေးငါး ကောင်ခန့် သာတွေ့ရှိခဲ့ရသော်လည်း ယခုအခါ အကောင် ရေ ၅၀ ကျော်တွေ့ရှိကြောင်း ချောင်းရိုးများ၌ ငါးပက်သူ ဒေသခံတစ်ဦးကပြောကြားသည်။
၎င်း“ကဆက်လက်ပြီး “ဒီငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်ရှိပြီ။ ခါ တိုင်း ဒီငါးတွေက အကောင်သေးပေမယ် အခုနောက်ပိုင်း ဖမ်းမိရင် ငါးတွေက အရင်က ထက် နှစ်ဆ၊ သုံးဆလောက်ပိုကြီးလာတဲ့ အနေအထားမျိုးတွေ့ရတ
ယ်။ အရှည်က တစ်ပေလောက်၊ လုံးပတ်က ငါးလက်မ လောက်အကောင်တွေ တွေ့လာရတယ်” ဟု ပြောကြားသည်။
စုပ်ခွက်ငါးများမှာ အသားစားငါးအမျိုး အစားဖြစ်သည့်အပြင် သားပေါက်နှုန်းမြန် သည့်
ငါးမျိုးစိတ်တစ်မျိုးဖြစ်ကြောင်း မြို့နယ် ငါးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
၎င်းကဆက်လက်ပြီး “စုပ်ခွက်ငါးက ငါးအချင်းချင်းပြန်စားတယ်။ သူ့ကိုတော့ ကျန်တဲ့ငါးက စားမရဘူး။ ဆူးတောင်က ရှည် ပြီး ချွန်ထက်တယ်။ အကြေးခွံက မာတဲ့အ တွက်ကြောင့်ရယ် စားမရတာပါ။ အဲ့ဒီ စုပ် ခွက် ငါးတွေရှိနေရင် ကျန်တဲ့ငါးတွေ မျိုးတုံး သွားနိုင်တဲ့ အန္တရာယ်ရှိတယ်” ဟု ပြောကြား သည်။
ထိုစုပ်ခွက်ငါးများအား ဖမ်းဆီးမိသော် လည်း ချက်စားရန် မဝံ့ရဲကြသည့်အတွက် ချောင်းမြောင်းအတွင်း ပြန်လည်လွှတ်ပေး ထား ကြသည့်အတွက်ကြောင့် ငါးဂေဟစနစ် ပျက်စီးသွားနိုင်သည့် အခြေအနေမျိုးကြုံ တွေလာနိုင်ကြောင်းနှင့် စုပ်ခွက်ငါးများ ပေါက်ပွားပျံ့နှံ့မှုမရှိစေရန် စီမံချက်များရေး ဆွဲပြီး ဆောင်ရွက်သင့်သည်ဟု အကြံပြုပြော ဆိုမှုများ ရှိသည်။
ဘိုဘိုမြင့်

About The Author

greenness_mm

No Comments

Leave a Reply