ပျက်စီးမှုဆီ ဦးတည်နေပြီလား ပုဂံ

ပျက်စီးမှုဆီ ဦးတည်နေပြီလား ပုဂံ

ပုဂံမှာရေတွေကြီးနေတာတွေ့ရတော့ ပထမဆုံး အံသြမိတယ်၊ နောက် ဝမ်းနည်းမိတယ်။ အဖြေရှာကြည့်တော့ ရာသီဥတုပြောင်းလဲမှုတွေ၊ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ လောဘကြီးမှုတွေကြောင့်ဆိုတာ တွေ့ရတယ်။
အဲဒါနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦး ရေးထားတဲ့စာစုလေး ဖော်ပြပေးလိုက်ပါတယ်။
ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်စီမံပြင်ဆင်ထားခြင်းမရှိလို့ ကမ္ဘာ့အမွေအနှစ်တွေဆုံးရှူံးမှုများနေတဲ့ပုဂံ
………..
၂၀၁၃ ပုဂံကိုကမ္ဘာ့အမွေအနှစ်တင်ရန်စတင်လုပ်ဆောင်စဥ်ကတည်းက ယူနက်စကိုမှအမွေအနှစ်များစီမံခန့်ခွဲရေးကျွမ်းကျင်သူများ၊ထိန်းသိမ်းရေးပညာရှင်များက သက်ဆိုင်သူများကို အကြိမ်ပေါင်းများစွာဆွေးနွေးအကြံပြုခဲ့ပါတယ်။
၁) ဖွံ့ဖြိုးရေးစီမံကိန်းများ လမ်းဖောက်၊အဆောက်အအုံဆောက်လုပ်ခြင်းများကြောင့် ပျက်စီးပိတ်ဆို့သွားသောမူလရေဆင်းလမ်းကြောင်းများပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်။
၂) အမွေအနှစ်ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအား အမွေအနှစ်အပေါ်အန္တရာယ်ရှိနိုင်လျှင်ရှင်းလင်းရန်။
၃) ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းခြင်းဆိုသည်မှာဘတ်ဂျက်များစွာဖြင့်ဆောင်ရွက်ရသောပရောဂျက်ကြီးများမလိုပဲ စဥ်ဆက်မပြတ်စောင့်ကြည့်၍ ညောင်ပင်သတ်ခြင်း၊ မိုးယိုလျှင်ပြင်ဆင်ခြင်း စသဖြင့် ထိန်းသိမ်းရေးပုံမှန်လုပ်ဆောင်နေရန်။
၄) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ
ကပ်ရောဂါ၊ နိုင်ငံရေးစသည်တို့ကြောင့်ထိခိုက်မှုဖြစ်လွယ်သောကြောင့် ဒေသခံများ၏နဂိုမူလ စိုက်ပျိုးရေးလုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပုဂံcultural landscape မထိခိုက်စေပဲ စီစဥ်ဆောင်ရွက်ရန်။
စသည်တို့ကိုပေါ့။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူမျှစိတ်ဝင်စားပါ။ရလာဒ်က အမွေအနှစ်များဆုံးရှုံးခြင်း၊ ပုဂံဒေသခံများစီးပွားရေးအခက်အခဲဖြစ်ခြင်း။
မျှော်လင့်ခြင်းက ပုဂံကိုတကယ်တန်ဖိုးနားလည်ချစ်မြတ်နိုးစွာအလုပ်လုပ်ပေးမည့်သူများကိုပါ။
(ဘာလုပ်ရမယ်ဆိုတာ guideline တွေအားလုံးရှိပြီးသားပါ။အကောင်အထည်ဖော်ဖို့ပဲလိုနေတာပါ။)
photo credit: original uploaders

About The Author

greenness_mm

No Comments

Leave a Reply