ပြင်သစ်နိုင်ငံတောင်ပိုင်းက တောမီးကြောင့် လူထောင်ပေါင်းများစွာ ပြောင်းရွှေ့ပေးနေရ

ပြင်သစ်နိုင်ငံတောင်ပိုင်းက တောမီးကြောင့် လူထောင်ပေါင်းများစွာ ပြောင်းရွှေ့ပေးနေရ

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အပူလှိုင်းဝင်နေလို့ တောမီးအကြီး အကျယ်လောင်နေပါတယ်။ လေယာဉ်တွေနဲ့ ရေဗုံးတွေကျဲတာတောင် မီးကမငြိမ်း နိုင်ဘူး ဖြစ်နေလို့ မြေပြင်ကနေ မီးသတ်ကား အစီးရေ အမြောက်အများ သုံးပြီး ငြိမ်းသတ်နေရပါတယ်။ ကံဆိုးချင်တာက တောမီးနဲ့ အတူ လေပြင်းတွေ တိုက်နေတာပါပဲ ၊ တောမီးက လေပြင်းကြောင့် ပိုပိုဆိုးလာတဲ့အတွက် ဒေသခံတွေကိုရွှေ့ ပြောင်းမှုတွေကို လုပ်နေရပါတယ်။ အခုဆိုရင် ဒေသခံ ၄ထောင် နီးပါးကို ရွှေ့ပြောင်းပြီး သွားပါပြီ ၊။

မီးသတ်လေယာဉ် ၆စီးက ရေသယ်ပြီး တောက်လျှောက် ငြိမ်းနေပေမဲ့ ကောင်းကင်မှာ မီးခိုးတွေ သိပ်သည်းနေတာကြောင့် အခက်အခဲ ကြုံနေရပါတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။ မီးသတ်သမား ၁၅၀၀ ကို နောက်ထပ် စေတနာ့ဝန်ထမ်း ၂၀၀ အားဖြည့်ထားပါတယ်။ ဂျီရွန်ဒီဒေသက ထင်ရူးတော ဆိုရင် နေရာတော်တော်များများ မီးလောင်လို့ ကုန်လုလု ဖြစ်နေပါပြီ ၊ အဲ့လိုပဲ စပိန်နဲ့ ပေါ်တူဂီမှာလည်း တောမီးတွေ လောင်နေပါတယ်။ ပြင်သစ်တောင်ပိုင်းမှာက တောမီးကြီး ကြီးမားမားလောင်နေတာ ၂ နေရာ ရှိပါတယ်။ လောင်နေတာ ၆ ရက်ရှိသွားပါပြီ ။ ဘိုဒေါ မြို့မှာ က လူ ၁၄၀၀၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရပြီး မီးသတ်သမားတွေက တောမီး မြို့ ကို မကူးအောင် မြို့ ကို ဇတ်ပုံ သဏ္ဍန် ခွပြီး ရေပတ် နေရပါတယ်။

 

မောင်ယဿ ( ဇူလိုင် ၁၈ )

#Greenness

REF: euronews

About The Author

greenness_mm

No Comments

Leave a Reply