ပြင်သစ်ဘောလုံးသမားတွေ ခရီးနီးရင် ရထားပဲစီးတော့မယ်တဲ့

ပြင်သစ်ဘောလုံးသမားတွေ ခရီးနီးရင် ရထားပဲစီးတော့မယ်တဲ့

ပြင်သစ်ဘောလုံးအသင်းများသည် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် သုံးနာရီ အောက်ခရီး အဝေးကွင်းသို့သွားရောက်ကစားရာတွင် လေယာဉ်အစား ရထားဖြင့် သွားရောက်မည်ဖြစ်သည်။ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံလုံးဆိုင်ရာ မူဝါဒသစ်ကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။
သို့သော် Fédération Française de Football (FFF) မှ အမ်ဘတ်ပေး ကဲ့သို့သော ကမ္ဘာကျော် ကြယ်ပွင့်များ အတွက် ရိုးရိုးခရီးသည်တင်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး စဉ်းစားချင့်ချိန် နေသောကြောင့် အမျိုးသားအသင်းကြီးများအတွက် အကောင်အထည်ဖော်ရန်မူ အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။
“လက်‌ရွေးစင်အသင်း မန်နေဂျာ Didier Deschamps
နဲ့ အတူ၊ မတ်လအတွင်း လိုင်ယွန်မြို့မှာ ယှဉ်ပြိုင် ကစားမယ့် ပြင်သစ်စီနီယာအသင်းက ရထားနဲ့ ခရီးထွက်နိုင်ခြေကို ကျွန်တော်တို့ ပြင်သစ်အသင်းက စံနမူနာပြပြီး ဂေဟစနစ်ဆိုင်ရာ အကူးအပြောင်းမူဝါဒကို မီးမောင်းထိုးပြနိုင်စေဖို့အတွက် ကျွန်တော်တို့က ရှာဖွေနေပါတယ်။ ထောက်ခံပါတယ်” ဟု FFF ဥက္ကဋ္ဌ Philippe Diallo က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သီယာရီ ဟင်နရီကို နည်းပြချုပ်အဖြစ်ထားရှိတဲ့ အမျိုးသမီးအသင်းနဲ့ ၂၁ နှစ်အောက်လူငယ်တွေအတွက်တော့ မူဝါဒကို ချမှတ်ထားပြီးဖြစ်ပါသည်။
အားကစားကဏ္ဌသည် ကာဗွန်ထုတ်လွှတ်မှု အများအပြားကို ထုတ်လုပ်နေသည့်လုပ်ငန်းဖြစ်သဖြင့် ယခုလို အားကစားအဖွဲ့များက ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရန်လုပ်ခြင်းအား ကမ္ဘက ကြိုဆိုရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် လက်ရှိကျင်းပနေသည့် ICC Men’s Cricket ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းများ အတွက် မတူညီသောမြို့နေရာများသို့ ပျံသန်းမှု ရှစ်ကြိမ်ခန့် ပါဝင်ပါသည်။
ပြင်သစ်သည် ယခုနှစ်အစောပိုင်းတွင် ခရီးတို ပြည်တွင်းလေကြောင်းခရီးစဉ်များကို တားမြစ်ခြင်းဖြင့် နိုင်ငံအဆင့်တွင် နမူနာယူထားပြီးဖြစ်သည်။ ပြင်သစ် သဘာဝပတ်ဝန်းကျင် ဥပဒေသစ်အရ နှစ်နာရီခွဲအောက် ခရီးကို ရထားဖြင့် ခရီးသွားရမည်ဖြစ်ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ပိတ်ပင်ထားသည်။
သို့သော် ထိုစည်းမျဉ်းသည် ကိုယ်ပိုင်လေယာဉ်များနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့် အချို့သော ကလပ် အသင်းများက ၎င်းဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေကြပါတယ် ။ ဥပမာအားဖြင့် မနှစ်က ပဲရစ်စိန့်ဂျာမိန်း အသင်း ( PSG) က ကီလိုမီတာ ၃၈၀ သာရှိသည့် နန့်မြို့ကို လေယာဉ်စီးပြီး အဝေးကွင်းသွားကစားသည့်ကိစ္စနှင့် ပတ်သက်ပြီး လူပြောသူပြော ဖြစ်ခဲ့ပါသည်။
ပြင်သစ် လက်ရွေးစင် အမျိုးသားအသင်းအား မီးရထားဖြင့် ပို့ဆောင်ခြင်းသည် စိန်ခေါ်မှုအချို့ရှိကြောင်း FFF မှ သိရှိထားပါသည်။ “အခြားခရီးသည်တွေရဲ့ သက်တောင့်သက်သာရှိမှုဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိတယ်။ ပြင်သစ်အဖွဲ့ကို မနက်ဖြန် လိုင်ယွန်ဘူတာမှာ ထားမယ်ဆိုရင် လူစုလူဝေးနဲ့ ရထားတွေ အချိန်မီ မထွက်တာ ဖြစ်နိုင်ပါတယ်” ဟု Diallo မှ ပြောကြားခဲ့သည်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply