ပြင်သစ် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ယူရို သန်းထောင်ပေါင်းများစွာလို

ပြင်သစ် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ယူရို သန်းထောင်ပေါင်းများစွာလို

              ပြင်သစ်မှာ မိုးခေါင်ရေရှား ပြဿနာကြီးဖြစ်ခဲ့တဲ့အတွက်ကြောင့် အဲ့ဒိသဘာဝဘေးအန္တရာယ်နဲ့ စပ်ဆက်ပြီး ကြီးမားတဲ့ ထုတ်လုပ်မှု ကျဆင်းသွားလို့ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေကို ကရုဏာကြေးပေးဖို့ ယူရိုငွေ သန်းထောင်ပေါင်း များစွာလိုအပ်နေပါတယ်လို့ ပြင်သစ်စိုက်ပျိုးရေး အဖွဲ့ချုပ်တွေက မနေ့က ပြောလိုက်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းသမားတွေ ပူပေါင်းပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ဖြစ်သွားတဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံး မှုကို ပြန်လည်ကုစားရန်အတွက် ပြင်သစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ခန့်မှန်တွက်ချက်ငွေ ယူရို သန်း ၂ ထောင်ကနေ သန်း၄ထောင်အတွင်း ထုတ်ပေးသင့်တယ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။
              ပြီးခဲ့တဲ့ လက ပြင်သစ်မှာ မိုးခေါင်မှု နဲ့ အပူလှိုင်းကျရောက်ခြင်းကြောင့် မြက်ခင်းများညိုးခြောက်သွား တဲ့အပြင် ပြောင်းအထွက် သိသိသာသာကျဆင်းသွားခြင်းကြောင့် မွေးမြူရေး အစားအစာ အခက်အခဲဖြစ်ခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။ လာမယ့်ဆောင်းရာသီအတွက် မွေးမြူရေးလုပ်ငန်းတွေမှာ အစာအခက်အခဲ ဖြစ်နိုင်စရာရှိနေလို့ အဖွဲ့ချုပ်တွေ အားလုံးနီးပါးစိုးရိမ်နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်တဲ့ အစွန်းရောက် ရာသီဥတုတွေ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံသားတွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း မလျှော့ချနိုင်တဲ့ အကြောင်းနဲ့ အစိုးရက ကောင်းမွန်တဲ့ စနစ်တစ်ခုကို မပြုလုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။
              “ကျနော်တို့ နိုင်ငံက ၁၀ နှစ်အတွင်းမှာ နွား ၊ သိုး နဲ့ ဆိတ်မွေးမြူရေးလုပ်ငန်း ထုတ်ကုန်တွေ ၂၄% ကျော်အထိကျဆင်းသွားပါတယ်။ အဲ့ဒိစားမြုံပြန်တတ်တဲ့ အကောင်းတွေ ထုတ်လုပ်မှု ကျဆင်းသွားခြင်း က အရေးပေါ်အခြေအနေဖြစ်နေပါပြီ။ အဲ့ဒိလုပ်ငန်းတွေကို ကရုဏါကြေးမထည့်ပေး နိုင်ရင် တိုင်းပြည်ရဲ့ စားသောက်ကုန်လုပ်ငန်း အကြီးအကျယ်ထိခိုက် နိုင်ပါတယ်” လို့ သူတို့က ဆိုပါတယ်။ ပြင်သစ်စိုက်ပျိုးရေးဝန်ကြီး ကတော့ စိုက်ပျိုးရေး လုပ်ငန်းတွေကို အမတော်ကြေး ယူရို ၁.၅ ဘီလီယံ ထုတ်ပေးဖို့အတွက် လွှတ်တော် တင်ထားတယ်လို့ ဆိုပါတယ်။
မောင်ယဿ
REF: euronews
#greenness

About The Author

greenness_mm

No Comments

Leave a Reply