ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားမကိုးဘဲ ရုပ်ကြွင်းလောင်စာတွေကိုသာ ဆက်သုံးနေမယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေ ရေရှည်မှာ ဂိသွားဖို့အလားအလာရှိနေပါတယ် ။ ဘာလို့လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်အောင်လုပ်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက စိတ်အားထက်သန်မှု အားနည်းနေတာ ကြောင့်ပါပဲ။
ရှည်လျားလွန်းတဲ့ ကမ်းရိုးတန်းတွေရှိနေတာတွေနဲ့ မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတွေ များတာက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေမြင့်တက်လာမယ်ဆိုရင်တော့ ထိခိုက်မှု အဆိုးဝါးဆုံး ဒဏ်ကိုခံရနိုင်တော့မှာ ဖြစ်ပါတယ် ။ လူဦးရေ သန်း၆၀၀ ကျော်ကို ဦးတည်လာတဲ့ သဘာဝဘေးအန္တရာယ်ကို တားဆီးဖို့က ရုပ်ကြွင်းလောင်စာကို ဖြတ်နိုင်မှ ဖြစ်မှာပါ ။
ရုပ်ကြွင်းလောင်စာ သုံးလို့ ကမ္ဘာကြီးပူနွေးလာချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဖို့အတွက် လိုအပ်နေပါပြီ ။ ကမာ္ဘကြီးပူနွေးလာမှုကို ရပ်တန့်နိုင်မယ်ဆိုရင်တောင် ဒီရာစုနှစ်အကုန်မှာ အရှေ့တောင်အာရှနိုင်ငံတွေက နှစ်စဉ် ဂျီဒီပီ ၁၁ ရာခိုင်နှုန်းကို ရာသီဥတုဖောက်ပြန်မှုက စားသွားမှာပါလို့ တွက်ချက်ထားပြီးပါပြီ ။ အဓိကအားဖြင့် စိုက်ပျိုးရေး ၊ ခရီးသွားလုပ်ငန်း နဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာထိတော့မှာပါ ။ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
ရည်မှန်းချက် ထားပြီး လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံမှုတွေကို တိုးပြီး လုပ်ဆောင်ထားသင့်ပါတယ် ။ ခန့်မှန်းခြေ ကန်ဒေါ်လာ ဘီလီယံ ၁၆၀ ကနေ ၂၀၀ အတွင်း ကို ၂၀၃၀ မတိုင်မီမှာ ရင်းနှီးမြုတ်နှံထားဖို့လိုပါတယ်။ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ခိုင်ခိုင်မာမာ အခြေချထားဖို့လိုအပ်နေပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ ၂၀၃၀ မတိုင်မီမှာ ဆိုလာကနေ ဂီဂါဝပ် ၁၂၅ ကနေ ၁၅၀ အတွင်း ထုတ်နိုင်အောင်လိုအပ်ပါတယ် ။ လက်ရှိမှာက ဆိုလာ ပီဗွီတွေကို လာအို ၊ မလေးရှား ၊ ထိုင်း နဲ့ဗီယက်နမ်တို့က ထုတ်လုပ်နေတယ် ။ အဲ့ဒိ ပိုလီဆီလီကွန်တွေနဲ့ ဝေဖာတွေကို အမေရိကားနဲ့ အီးယူဈေးကွက်ကိုပို့နေပါတယ်။ အဲ့တော့ ကိုယ်နိုင်ငံအတွက် အရန်တိုးထုတ်ထားနိုင်မယ်ဆိုရင် ၂၀၃၀ လောက်မှာ ဆိုလာ စွမ်းအင်ကနေ လောက်လောက်လားလား ထုတ်ယူသုံးစွဲနိုင်မှာပါ ။
အင်ဒိုနီးရှားနိုင်ငံက ထွက်တဲ့နီကယ်က ကမ္ဘာ့ဘတ်ထရီထုတ်လုပ်တဲ့လောကကို လွှမ်းမိုးထားနိုင်တဲ့အတွက် ဘတ်ထရီနဲ့ ပတ်သက်ပြီး သိပ်ပြီးစိုးရိမ်စရာရှိမနေပါဘူး ။ ဘတ်ထရီအကြီးကြီးတွေကနေ လျှပ်စစ်အား ၂၀၀ ဂစ်ဂါဝပ်ကို ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားရပါတယ် ။ လျှပ်စစ်ကားတွေကို အလုပ်ကောင်းကောင်း လုပ်နိုင်အောင် လျှပ်စစ်ကို ထုတ်ပေးထားနိုင်ပါတယ်။
ပြောချင်တာက ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ရေ မြင့်တက်လာမယ်ဆိုရင် အင်ဒိုနီးရှားက ဂျာကာတာလို မြို့တွေ ရေအောက်ကိုရောက်သွားနိုင်သလို ထိုင်းနိုင်ငံ က ကမ်းခြေတော်တော်များများလည်း ပျောက်သွားနိုင်ပါတယ် ။ အဲ့ဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လျှပ်စစ်စွမ်းအင်ပြောင်းသုံးပြီး တိုင်းပြည်စီးပွားရေးကို ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင်တော့ အရှေ့တောင်အာရှနို်ငငံတွေ ရာသီဥတုဖောက်ပြန်မှုမှာ မျောမသွားပဲ ကျန်နိုင်ခွင့်ရှိပါတယ် လို့ ဆိုလိုက်ပါရစေ ။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply