ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး တရုတ်တွေရဲ့ အမြင်ကိုပြောပြလာတဲ့ ပရော်ဖက်ဆာ ဇူး

ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး တရုတ်တွေရဲ့ အမြင်ကိုပြောပြလာတဲ့ ပရော်ဖက်ဆာ ဇူး

Prof Zou သည် တရုတ်အစိုးရ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) လက်အောက်ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဗဟိုဌာန၏ လက်ထောက်ညွှန်
ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနှင့် မူဝါဒချမှတ်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာ နှစ်ပေါင်း များစွာ အတွေ့အကြုံရှိသူဖြစ် ပြီး၊ သူသည် ပါရီသဘောတူညီချက်ကို ဦးဆောင်သည့် တရုတ်ရာသီဥတု ညှိနှိုင်းရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း အကဲဖြတ်မှုဆိုင်ရာအဖွဲ့၏ အကဲဖြတ်
အစီရင်ခံစာများစွာအတွက် ဦးဆောင်ရေးသားသူလည်း ဖြစ်သည်။ သူ့ကို ရာသီဥတု အရေး ဆောင်ရွက် နေသည့် Carbon Brief ဝက်ဘ်ဆိုက်က တရုတ်နိုင်ငံ၏ ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားနှင့် ပတ်သက်ပြီး အင်တာဗျူးထားပါသည် ။
မေး ။ ။ COP28 တုန်းက ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်ကို ၃ ဆတိုးထုတ်ဖို့နဲ့ ထိရောက်မှု ၂ဆ တိုးရမယ် ဆိုတဲ့ သဘောတူညီချက် တစ်ခုထွက်ပေါ်ခဲ့တယ် ။ အဲ့ဒိကတိကဝတ်ကို တရုတ်အစိုးရဘက်က ဘာလို့လက်မှတ် မထိုးခဲ့တာလဲ။
‌ဖြေ ။ ။ ရိုးရိုးရှင်းရှင်းလေးပါဗျာ ။ သူတို့က ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် ကို ၃ ဆ တိုးပြီးထုတ်ရမယ်လို့ ပြောကြတယ် ။ အဲ့ဒါက ဘယ်နှစ်ကို အခြေခံပြီး ထုတ်ရမှာလဲ ။ ရှင်းရှင်းလင်းလင်း ချမပြဘူးဗျာ ။ ၂၀၂၀ လား ၊ ၂၀၂၂ လား ၊ တစ်ခုခုပေါ့ဗျာ ။ အဲ့ဒိကိစ္စက လွယ်မယောင်နဲ့ ခက်တယ် ။ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေအများကြီးပါတယ်။ ဒါပေမဲ့ဗျာ တစ်ကမာ္ဘလုံးမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုက အများကြီး တိုးတက်နေတာပဲ မဟုတ်လား ။ တရုတ်နိုင်ငံဆိုရင် အထူးသဖြင့် အများဆုံး ထုတ်လုပ်နေတာပဲလေ။ ပြောချင်တာက လုပ်ချင်တာနဲ့ လုပ်သင့်တာက ကွာခြားချက် တွေများနေလို့ပါ ။
မေး ။ ။ COP ညီလာခံတွေမှာ လက်မှတ်ရေးထိုးကြတဲ့ ကတိကဝတ်တွေအပေါ်မှာကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ COP သမိုင်းတစ်လျှောက်ကိုလေ့လာကြည့်ဗျာ ၊ တရုတ်က မဟာမိတ်တွေဖွဲ့ပြီး ဘာလုပ်မယ် ၊ ညာလုပ်မယ်ဆိုပြီး ကတိကဝတ်တွေ တောင်းနေတာ မရှိပါဘူးဗျာ ။ UNFCCC ဒါမှမဟုတ် Paris Agreement ၏ ဥပဒေဘောင်ကို စောင့်မျှော်နေသည့် အဖွဲ့တစ်ခုအနေဖြင့် တရုတ်နိုင်ငံက [တစ်ခုတည်းသော] တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်သာ သွားနေတာပါ ။
မေး ။ ။ ကာဗွန်ပိတ်သိမ်းရေးနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေပေါ်မှာရော ။
ဖြေ ။ ။ သမိုင်းကို ပြန်ကြည့်ဗျာ ၊ တရုတ်က ပေးပြီးသားကတိဆိုရင် ဘယ်တော့မှ ပြန်ဖျက်တဲ့ ထုံးစံမရှိဘူးဗျ။ ဒါကျနော်တို့ရဲ့ နိုင်ငံရေးယဉ်ကျေးမှု ဗျ။ ဖျက်ခဲ့မယ်ဆိုရင်တောင် တော်တော်ကြီးကို ချိန်ညှိပြီးလုပ်မှာပါ ။ ပြီးတော့ အဲ့လိုဖြစ်စဉ်တွေက မရှိသလောက်ရှားပါတယ်။
မေး ။ ။ တရုတ်နိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပြောပေးပါဦး ။
ဖြေ ။ ။ ဝင်‌ငွေနည်းတဲ့ လူတန်းစားတွေအတွက် ရည်ရွယ်ပြီး သွားနေတယ် ။ သူတို့တွေရဲ့စားသုံးနိုင်မှု ပမာဏ မြင့်တက်လာအောင် ကြိုးစားနေဆဲပါ ။ လက်ရှိမျိုးဆက်ထက် နောက်မျိုးဆက်‌တွေကို ပိုပြီးဦစားပေး ထားပါတယ်။ သူတို့တွေရဲ့ လျှပ်စစ်သုံးစွဲမှုကို အဆင့်မြင့်ထားပါတယ်။
မေး ။ ။ တရုတ်ကို အမေရိကန်တို့ ဥရောပတို့နဲ့ နှိုင်းပြီးပြောကြည့်ဗျာ ။
ဖြေ ။ ။ ဥရောပတို့ ၊ အမေရိကန်တို့မှာကစွမ်းအင် သုံစွဲမှုက အ‌ရောပုံစံဗျ ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံပိုင်းဆိုင်ရာမှာ ကွာခြားချက် ရှိနေပါတယ် ။ တရုတ်ပြည်တွင်]စွမ်းအင်အသုံးပြုမှုအများစုက လူနေအိမ် အသုံးပြုမှုထက် စက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှု အတွက်သာဖြစ်ပါတယ် ။… တရုတ်နိုင်ငံရဲ့ တစ်ဦးချင်း ပျမ်းမျှဓာတ်အား သုံးစွဲမှုက ၆ထောင် ကီလိုဝပ်နာရီ (kWh) ဝန်းကျင်ရှိနေပြီးတော့ ဥရောပက ၈ထောင် kWh နဲ့ အမေရိကန်က ၁သောင်း kWh ကျော် ရှိပါတယ်ဗျာ ။
မေး ။ ။ စွမ်းအင်သုံးစွဲမှု ထိရောက်မှုအပေါ်မှာရော ဘာပြောချင်သလဲ ။
ဖြေ ။ ။ ရုပ်ပိုင်းဆိုင်ရာအရ၊ တရုတ်ဟာ သူ့ရဲ့စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် စီးပွားရေးအရတော့ ဥရောပနဲ့ အမေရိကန်တို့လို ငွေကြေးအရ မြင့်မားတဲ့တန်ဖိုးကို မထုတ်လုပ်နိုင် သေးပါဘူး ။
မေး ။ ။ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု ရပ်ဆိုင်းခြင်း နဲ့ ပတ်သက်ပြီး တရုတ်က ဘယ်လိုသဘောထားလဲ ။
ဖြေ ။ ။ တရုတ်က သူ့ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းရည်ကို မြန်မြန်ဆန်ဆန် ချဲ့ထွင်နေတာ ခင်ဗျားတို့ မြင်နေတာပဲ‌လေ။ လုံလောက်သောစွမ်းရည်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များထုတ်လုပ်နိုင်မှသာလျှင် ရုပ်ကြွင်းလောင်စာများကို အမှန်တကယ် ရပ်ဆိုင်းခြင်း ကိုလုပ်လို့ရမှာ မဟုတ်ဘူးလား ။ ပါးစပ်နဲ့ ပြောနေရုံနဲ့ ပြီးသွားမယ့် ကိစ္စမှ မဟုတ်တာ ။
မေး ။ ။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ သုံးစွဲမှု ပိုမိုရရှိစေရေး အတွက်ဘာတွေလုပ်နေလဲ ။
ဖြေ ။ ။ ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားထုတ်လုပ်ရေး ဝေစုကို ခုနစ်၊ ရှစ်၊ ကိုးရာခိုင်နှုန်းကနေ ဒီနေ့ ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားပါတယ်။ ဒါက တိုးတက်မှုဖြစ်ပေမဲ့ မလုံလောက်သေးပါဘူး ။ ဒီထက်ပိုပြောရင် ကြီးကြီးမားမားမဟုတ်သေးပါဘူး ။ လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေကို တွန်းအားပေးချင်ပါတာကတော့ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ပေးကြပါလို့ပဲပြောရမှာ ပါ။
မေး ။ ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြန့်ဖြူးရေး ပေါ်မှာရော ဘာပြောချင်သလဲ ။
ဖြေ ။ ။ ပါဝါပေးတဲ့ စနစ်အသစ် နောက်ထပ်တစ်မျိုး ဖန်တီးဖို့လည်း စဉ်းစားသင့်တယ်။ အဲ့ဒါက ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော ဂရစ်စနစ်၏ ဆက်စပ်မှုတစ်မျိုးဖြစ်ရလိမ့်မယ် ။ တကယ်လို့ [ဗဟိုဂရစ်] သည် [ပြန်လည်ပြည့်ဖြိုးမြဲမျိုးဆက်သစ်များ] အတွက် အခက်အခဲများကြုံတွေ့နေရပြီး ၎င်းတို့ကို ကျော်လွှားရန် အလွန် ခက်ခဲနေပါက၊ မိုက်ခရိုဂရစ်များစွာသို့ ပြောင်းလိုက်ကြဖို့ပဲလိုပါတယ်။
မေး ။ ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြန့်ဖြူးရေး က တိုးတက်မှုရောရှိရဲ့လား ။
ဖြေ ။ ။ ဒီကနေ့ ဖြန့်ဝေနေတဲ့ (ပြန်လည်ပြည့်ဖြိုးမြဲ) ၏ဝေစုသည် ဗဟိုမှပြန်လည်ပြည့်ဖြိုးမြဲပစ္စည်းများထက် အများကြီး နည်းပါးနေသေးတယ် ။ ဒါပေမဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြင့်လာမှုသည် ပြီးခဲ့သောနှစ် သို့မဟုတ် နှစ်နှစ်အတွင်း ဗဟိုချုပ်ကိုင်မှုရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၏ ကြီးထွားမှုထက် ပိုမိုမြင့်မားလာပြီး ၎င်းသည် အနာဂတ်တွင် လမ်းကြောင်းတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု ကျနော်ယူဆပါတယ်။
မေး ။ ။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များက ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လုံးဝ အစားထိုးနိုင်ပါ့မလား ။
ဖြေ ။ ။ နေရောင်ခြည်နဲ့ လေကို မှီခိုနေရလို့ ရပြီဆိုရင်တော့ တင်သွင်းလာတဲ့ ရေနံ ဒါမှမဟုတ် သဘာဝဓာတ်ငွေ့ ကို အားကိုးနေစရာ မလိုပါဘူး။ ဒါကြောင့် တဖြည်းဖြည်းနဲ့ စွမ်းအင်အသုံးပြုမှုကိုပြောင်းလာမယ်ဆိုရင်တော့ ကျောက်မီးသွေး [နဲ့] ရုပ်ကြွင်းလောင်စာဆီကို ဖြတ်သွားလိမ့်မယ်လို့ထင်ပါတယ် ။
မောင်ယဿ-ဘာသာပြန်သည်
REF: carbon brief

About The Author

greenness_mm

No Comments

Leave a Reply