ဖတ်ပြီးရင် အပင်စိုက်လို့ရတဲ့ ဂျပန်သတင်းစာ

ဖတ်ပြီးရင် အပင်စိုက်လို့ရတဲ့ ဂျပန်သတင်းစာ

သတင်းစာဖတ်ပြီးရင် ခင်ဗျားတို့ဘာလုပ်သလဲ ။ တစ်ခုခု ထုတ်ပိုးဖို့ လုပ်ရင်လုပ် ၊ မလုပ်ရင် ကလေးမုန့်ဖိုး အတွက် ရောင်းစားလိုက်ကြတာပဲ မဟုတ်လား ။ ဂျပန်က သတင်းစာတိုက်ပိုင်ရှင်တစ်ယောက်ကတော့ သူ့ရဲ့ သတင်းစာတွေကို အပင်စိုက်လို့ ရအောင် လုပ်ထားပါတယ်။ အကယ်၍ တစ်နေရာရာမှာ မတော်တဆများ မြေကြီးပေါ်ကျခဲ့ရင်တောင် အပင်ပေါက်နိုင်အောင် လုပ်ပြီး ထုတ်ဝေနေပါတယ် ။

The Mainichi Shimbusha လို့ခေါ်တဲ့ သတင်းစာတိုက်ပိုင်ရှင်က အစိမ်းရောင်သတင်းစာလို့ခေါ်တဲ့ တီထွင် ဆန်းသစ်မှု တစ်ခုကို စလိုက်ပါတယ်။ သတင်းစာကို ဖတ်ပြီးလို့မသုံးတော့ဘူး ဆိုရင် အပင်စိုက်လို့ရအောင် သတင်းစာ စာရွက်တွထဲမှာ မျိုးစေ့တွေကို ထည့်ပေးလိုက်တာပါပဲ ။ အဲ့ဒိသတင်းစာကို ၂၀၁၆ မေလ ၄ ရက်နေ့တုန်းက နမူနာအဖြစ် မိတ်ဆက်ပေးဖူးပါတယ်။ သတင်းစာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သီးသန့် သတင်းဆောင်းပါတွေကိုပဲ ဖော်ပြပါတယ် ။ စာမျက်နှာတွေထဲမှာ ဝတ်မှုံကူးပေးမဲ့ အင်းဆက်တွေကို ဆွဲဆောင်နိုင်တဲ့ အပင်မျိုးစေ့တွေကို ထည့်သွင်းထားပါတယ် ။ စာလုံးတွေကိုလည်း အပင်အခြေခံမှင်တွေနဲ့ပဲ ရိုက်နှိပ်ပါတယ် ။

သတင်းစာစောင်ရေကိုမှာမှ ပို့တာဖြစ်လို့ အချို့သတင်စာတွေဆိုရင် အပင်အညှောင့်လေးတွေတောင် ထွက်နေပါတယ် ။ ပုံမှန်ဆိုရင် သတင်းစာကို ဖတ်ပြီး အတုံးလေးတွေ တုံးကာ ‌မြေကြီး ဒါမှမဟုတ် ပန်းအိုးတွေထဲကို ထည့်ပြီး ရေလောင်းပေးလိုက်ရုံပါပဲ ။

အဲ့ဒိအယူအဆကို The Mainichi ထုတ်ဝေသူ နဲ့ ဂျပန်က အကြီးဆုံးကြော်ငြာ အေဂျင်စီ တစ်ခုဖြစ်သည့် Dentsu Inc မှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

၎င်းတို့ရဲ့ ဂေဟစနစ်နဲ့ လိုက်လျောညီထွေတဲ့ သတင်းစာက နိုင်ငံတစ်ဝန်း နေ့စဉ် စောင်ရေ လေးသန်းကျော်အထိ နေ့စဉ် လည်ပတ်နေပြီး ဝင်ငွေ ယန်း သန်းရှစ်ဆယ်ကျော်ဝင်နေပါတယ်။ သတင်းစာမှာ ကျောင်းများ၊ ကလေးများအား ပညာပေးခြင်းနှင့် လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း အသိပညာပေးခြင်းများ ပါဝင်ပြီး နောင်လာနောက်သားများအတွက် ပြန်လည်အသုံးပြုခြင်း၏ အရေးပါမှုပိုင်းဆိုင်ရာ အကြောင်းအရာများပါပါတယ် ။

ရင်နွေငြိမ်း
REF: Green prophet

About The Author

greenness_mm

No Comments

Leave a Reply