ဖူချီးယား

ဖူချီးယား

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ်ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာက ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ် ၏အမည်ပေးခဲ့သည်။
အပွင့်များသည် အောက်ဖက်သို့ တြဲလ်ားက်စြာ ပွင့်တတ်သည့် best hanging basketflower ဖြစ်သည်။ အေအးဓာတ္ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်များတွင် အထူးထင်ရှားသည်။ စိုစွတ်သော မြေအမျိုးအစားတွင် စိုက်ပျိုးသင့်သည်။ ရာသီဥတုနှင့် မျိုးစိတ်အမျိုးအစားပေါ်မူတည်၍ ပန်းပွင့်ချိန် ကွဲပြားသည်။ ပုံမှန်အခြေအနေတွင် ဖူချီးယားပန်းများသည် မတ္လမွ ဧပြီလတွင် ပွင့်တတ်ကြသည်။ လက်ရှိတွင် ဖူချီးယားမျိုးစိတ် ၁၀၀ ခန့်ရှိသည်။ မူရင်းဒေသမှာ တောင်အမေရိကတိုက်ဖြစ်ပြီး အမေရိကတိုက်အလယ်ပိုင်း မက္ကဆီကို၊ နယူးဇီလန်အထိ ပျံ့နှံ့ပေါက်ရောက်သည်။ အရွက်သည် ရွက်ဆိုင်ထွက်ပြီး ရွားနားသည် လွှပုံရှိသည်။ ပန်းပွင့်လျှင် တွဲလျားကျပွင့်တတ်သဖြင့် မြန်မာပြည် ချင်းပြည်နယ်ဖက်တွင် ပန်းဆွဲလွဲ ဟူ၍ ခေါ်ဆိုကြသည်။
Ref:google
Photo:Xera plants

About The Author

greenness_mm

No Comments

Leave a Reply