ဘယ်လ်ဂျီယံမှာ နျူကလီယံဓာတ်ပေါင်းဖိုတွေ စတင်ဖျက်သိမ်းဖို့ လုပ်နေပြီ

ဘယ်လ်ဂျီယံမှာ နျူကလီယံဓာတ်ပေါင်းဖိုတွေ စတင်ဖျက်သိမ်းဖို့ လုပ်နေပြီ

ဘယ်လ်ဂျီယံ ညွှန့်ပေါင်းအစိုးရက တိုင်းပြည်တွင်းမှာရှိတဲ့ နျူကလိယ ဓာတ်ပေါင်းဖိုတွေ ၇ ခုလုံးကို ၂၀၂၅ မှာ အပြီး ပိတ်လိုက်ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့က နျူကလိယနည်းပညာနဲ့ ပတ်သက်ပြီးတော့ လေ့လာမှုတွေ တော့ ဆက်လုပ်ဦးမယ်လို့ ဆိုပါတယ်။

ညွှန့်ပေါင်းအစိုးရ ရဲ့ သဘောတူညီချက်မှာတော့ လက်ရှိ တိုင်းပြည်အတွက်လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဓာတ်ပေါင်းဖိုကြီး တွေကို ဖျက်သိမ်းဖို့လုပ်တာဖြစ်ပေမဲ့ အသေးစားဓာတ်ပေါင်းဖိုတွေ အတွက် ယူရိုသန်း ၁၀၀ ရင်းနှီးမြုတ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံမှာ ၂၀၀၃ ခုနှစ်က ပြဌန်းထားတဲ့ နျူကလီယဆိုင်ရာ ဥပဒေမှာတော့ နျူကလိယလုပ်ငန်းတွေကို နှစ်စဉ် တဖြည်းဖြည်း လျှော့ချရမယ်လို့ ဆိုထားပေးမဲ့ ဒီနှစ်ပိုင်းတွေရောက်မှ ဥပဒေက စတင်အသက်ဝင် တယ်လို့ပဲ ဆိုရမှာပါ။

၂၀၂၀ အောက်တိုဘာလမှ စတင်ရုံးထိုင်တဲ့ ၇ ပါတီညွှန့်ပေါင်း အစိုးရ က အဲ့ဒိလုပ်ငန်းကို အကောင် အထည် ဖော်ဖို့ သဘောတူလိုက် တာပါ။ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ၂၀ ၂၅ မှာ နျူကလီယဓာတ်ပေါင်း ဖိုကြီး တွေကို အပြီးတိုင် ဖျက်သိမ်းဖို့သေချာသွားပါပြီ။

ပြင်သစ်စကားပြော MR ပါတီကတော့ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေထက်စာရင် နျူဓာတ်အားပေး စက်ရုံတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုနည်းစေတဲ့ အတွက် မဖျက်သိမ်းစေချင် ဘူးလို့ ငြင်းဆန်မှုတွေ လုပ်နေပါတယ်။

တကယ်လို့ ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ နျူ့စီမံကိန်းတွေ ဖြစ်လာအောင်နည်းပညာမြှင့်နိုင်မယ် ဆိုရင်တော့ ဒီစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ခွင့်ပေးသင့်တယ်လို့ သူတို့ပါတီက တောင်းဆို ထားပါတယ်။

ညွှန့်ပေါင်းအစိုးရကတော့ ဓာတ်ပေါင်းဖိုကြီးတွေကို ဖျက်သိမ်းဖို့ အတွက် ဘက်ဂျက်ရေးဆွဲပြီးဖြစ်ပါတယ်။

ဓာတ်အားပေးလုပ်ငန်းတွေအတွက် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် နည်းပညာမြှင့်တင်ရေးတွေကို လုပ်နိုင်ဖို့အတွက် စီမံကိန်းတွေ ရေးပြီးတဲ့အပြင် အခြား အသုံးစရိတ်တွေအတွက်လည်း ပြင်ဆင်ထားပြီးပြီးလို့လည်း သိရပါတယ်။

မောင်ယဿ ( ဒီဇင်ဘာ ၂၄ )
REF: euronews
Photo: euronews

About The Author

greenness_mm

No Comments

Leave a Reply