ဘာလင်မြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ် မီးထွန်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ထအော်ရပြီ

ဘာလင်မြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ် မီးထွန်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ထအော်ရပြီ

စက်တင်ဘာ ၂ ရက်နေ့နေပြီး စပြီး စက်တင်ဘာ ၁၂ရက်နေ့အထိ ရောင်စုံထွန်းထားတဲ့ ဘာလင်မြို့ မီးထွန်းပွဲတော်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက အလင်းညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ အတွက် ရက်ရှည်ကြီး မလုပ်ဖို့ အတွက် တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
ဘာလင်မြို့ရဲ့ ၁၇ ကြီမ်မြောက် မီးထွန်းပွဲတော်ကို ၁၀ရက်တိတိ ညစဉ်ညတိုင်း ၈ နာရီကနေ မနက်အထိ မြို့ ရဲ့ အထင်ကရ အဆောက်အအုံတွေမှာ ရောင်စုံ ထွန်းထားကြမှာဖြစ်ပါတယ်။
အရင်နှစ်တွေက ဘရန်ဒန်ဘာဂ် ဂိတ် ၊ ဘာလင် တီဗီ မျှော်စင် နဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ဝေဝေဆာဆာ မီးထွန်းခဲ့ကြပေမဲ့ ဒီနှစ်တော့ မီးရထားဘူတာတွေ ၊ ကားဂိတ်တွေ ၊ အစိုးရ ဝန်ကြီးဌာနတွေ နဲ့ သံရုံးတွေပါ ရောင်စုံနီယွန်မီးတွေနဲ့ လင်းချင်းနေပါတယ်။
မနက်ဖြန်ကို ဖန်တီးကြစို့ ဆိုတဲ့ အဓိပ်ပါယျကိုဖောျကြူး တဲ့အနေနဲ့ မီးထွန်းပွဲကို ကျင်းပကြပေမဲ့ ညဖက်မှာ အဲ့ဒိအလင်းရောင်တွေကြောင့် ညငှက်တွေ လမ်းပျောက်သွားတာတွေ ၊ ညဖက်ပုံမှန်သွားနေတဲ့ ဂေဟစနစ်ကို နှောက်ယှက်တာတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။
ဘာလင်မြို့ရဲ့ နေရာ ၇၀ မှာ အဲ့လိုထိန်ထိန် ညီးတဲ့ မီးရောင်စုံထွန်းလင်း ထားတာက တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းပါတယ်။
ပွဲ ကျင်းပသူတွေကတော့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တန့် ခိုင်မြဲမှုနဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ရည်မှန်းပြီး လိုအပ်ချက်ကို မီးမောင်းထိုးပြတဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။
မောင်ယဿ
REF: euronews
Photo: euronews

About The Author

greenness_mm

No Comments

Leave a Reply