ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်နေရာတွေလည်း ရာသီဥတုဖောက်ပြန်မှုထဲမှာ ပိတ်မိနေပါပြီ

ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်နေရာတွေလည်း ရာသီဥတုဖောက်ပြန်မှုထဲမှာ ပိတ်မိနေပါပြီ

စီဒါပင်တွေဆိုတာက ထင်ရူးမျိုးတွေပါ ၊ လက်ဘနွန်မှာကတော့ အဲ့ဒိအပင်တွေကို ခရစ္စယာန်တွေရဲ့ အထွဋ်အမြတ် ထားတဲ့အပင်တွေအဖြစ် သက်မှတ်ထားကြပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ အနောက်ဖက် အခြမ်းမှာ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၀၀၀ ကျော်မှာ ပေါက်ရောက်ကြပေမဲ့ မြေထဲပင်လယ် ဒေသမှာတော့ ပင်လယ်ရေမျက်နှာ အထက်ပေ ၁၅၀၀ ကျော်မှာပဲ ပေါက်ရောက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ စီဒါပင်တွေကို ဘယ်လောက်တောင် အလေးအမြတ်ထားလဲဆိုရင် နိုင်ငံအလံမှာတောင် ထည့်သွင်းထားပါတယ်။ သမ္မာကျမ်းစာထဲမှာ စီဒါပင်နာမည်ကို ၁၀၃ ကြိမ် ဖော်ပြထားပါတယ်။ နိုင်ငံ မြောက်ဘက်ရှိ အဆိုပါ အထင်ကရသစ်ပင်များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အစ္စရေး-ဟားမတ်စ်စစ်ပွဲကြားထဲကို ညပ်သွားပါတယ်။ ဒါ့အပြင် လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက် ရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွများနှင့် အစ္စရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများကြောင့် စီဒါပင်တွေက အတုန်းအရုန်းလဲ ကုန်ပါတယ်။
အစ္စရေး၏ ဖော့စဖရပ်ဖြူနှင့် အခြားလောင်စာလက်နက်များ အသုံးပြုမှုကြောင့် နယ်စပ်ဒေသရှိ သံလွင်ပင်များနှင့် အခြားသီးနှံများ သောင်းနှင့်ချီ လောင်ကျွမ်းခဲ့ပြီး ဆင်းရဲနွမ်းပါးသော လက်ဘနွန်လယ်သမားများသည် ၎င်းတို့၏ မြေဆီလွှာကို ညစ်ညမ်းစေမည်ကို စိုးရိမ်ကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့ပါတယ်။ သို့သော် စီဒါသစ်တောများ၏ ရေရှည်ရှင်သန်မှုသည် အခြားအကြောင်းရင်းတစ်ခုအတွက် သံသယဖြစ်ဖွယ်ရှိနေပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်မြင့်တက်လာခြင်းသည် ခရစ်ယာန်ဘာသာဝင်များအတွက် နိုင်ငံ၏ အထင်ကရ အမွေအနှစ်နေရာများထဲမှ တစ်ခုဖြစ်သော ဇီဝမျိုးစုံမျိုးကွဲများကို ခြိမ်းခြောက်နေပါတယ် ။
Bcharre မြောက်ပိုင်းမြို့အနီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ ခန့်တွင်ရှိသော စိမ်းလန်းစိုပြေသော ဘုရားသခင်တောအုပ် ၏ စီဒါပင်များသည် ခရစ်ယာန်များ မြတ်နိုးသည့် ရှုခင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လက်ဘနွန်၏ ရုန်းရင်းဆန်ခတ် သမိုင်းကြောင်းကြောင့် ခရစ်ယာန်များစွာသည် ဖိနှိပ်ခံရမှုမှ ခိုလှုံရာဖြစ်တဲ့ ‘မြင့်မြတ်သော’ Kadisha တောင်ကြားကို အပေါ်စီးမှ ကြည့်လို့ရပါတယ် ။
ကမ္ဘာ့အကြီးဆုံး ဘုန်းတော်ကြီး ကျောင်းများထဲမှ တစ်ခုက ထူထပ်သောသစ်ပင်များ၊ လိုဏ်ဂူများနှင့် ၃၅ ကီလိုမီတာ ရှည်လျားသော နက်နဲတဲ့ ချိုင့်ဝှမ်းတစ်လျှောက်တွင် ပုန်းလျှိုးကွယ်လျှိုးရှိနေဆဲဖြစ်ပါတယ် ။
၁၉၉၈ ခုနှစ်တွင် ကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီ UNESCO မှ စီဒါသစ်တောနှင့် ချိုင့်ဝှမ်းနှစ်ခုလုံးကို ကမ္ဘာ့ အမွေအနှစ်နေရာများအဖြစ် စာရင်းသွင်းခဲ့ပါတယ် ။ ၎င်းတို့က ကမ္ဘာတစ်ဝှမ်းမှတောင်တက်သမားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကြားမှာ ရေပန်းစားသောနေရာများဖြစ်လာပါတယ် ။ လက်ဘနွန် နိုင်ငံသား အရေအတွက် တိုးများလာတဲ့အတွက်ကြောင့် မြို့များနှင့်ဝေးရာ လေကောင်းလေသန့်ကို ရှာဖွေရင်း အဲ့ဒိတောအုပ်ဆီကို လာရောက်လည်ပတ်ကြပါတယ် ။
“ဘာသာတရားအားလုံးမှ လူတွေက ခရစ်ယာန်တွေတင်မကဘဲ … မွတ်ဆလင်တွေနဲ့ ဘုရားမဲ့ဝါဒီတွေတောင် ဒီကိုလာလည်ကြတယ်” လို့ Maronite ခရစ်ယာန်ဘုန်းတော်ကြီး Hani Tawk က Saint Elisha ဘုန်းတော်ကြီး ကျောင်းတစ်ဝိုက်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပြသနေစဉ်မှာပြောပါတယ်။ “ကျွန်ုပ်တို့သည် ခရစ်ယာန်များ အနေနှင့် ဤနေရာ၌ နေထိုင်ကြသော သူတော်စင်အပေါင်းတို့အား ဤအရာက ကျွန်ုပ်တို့အား အမှတ်ရစေပြီး ဤမြင့်မြတ်သော အတိုင်းအတာတွင် ရှိနေခြင်းမျိုးကို ကျွန်ုပ်တို့ ခံစားလာရလေသည်”လို့ ဆိုပါတယ်။
အစိုးရ၏ စီမံခန့်ခွဲမှုမှားယွင်းမှုကြောင့် ပိုမိုဆိုးရွားလာသော ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှု များက ချိုင့်ဝှမ်းနှင့် စီဒါသစ်တောများ၏ ဂေဟစနစ်ကို ခြိမ်းခြောက်လာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ နဲ့ ဒေသခံများက ပြောဆိုကကြပါတယ် ။
လက်ဘနွန်တွင် နှစ်အတော်ကြာ ရာသီဥတုဖောက်ပြန်မှု အရှိန်ကို ခံစားနေရပါတယ်။ မိုးခေါင်တဲ့အပြင် တောမီးများက အိမ်နီးချင်း ဆီးရီးယားနှင့် ဂရိရှိ တောမီးများကဲ့သို့ပင် နိုင်ငံမြောက်ပိုင်း ထင်းရှူးတောများကို လောင်ကျွမ်းလျက်ရှိနေပါတယ် ။ နိုင်ငံအနှံ့အပြားတွင် များပြားလှသော လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ရုန်းကန်နေရသော ပြည်သူများမှာ နွေရာသီ၏ အပူရှိန်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြပါတယ် ။
Bcharre တွင် အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်နေပါတယ် ၊ အဲ့ဒိအပူချိန်က လက်ဘနွန်၏ ကမ်းရိုးတန်းမြို့များအတွက် အဆန်းမဟုတ်ပေမဲ့ တောင်ထူထပ်သော မြောက်ပိုင်းမြို့အတွက် အထူးအဆန်း ဖြစ်နေပါတယ် ။ အပူချိန်တိုးလာတာက စီဒါပင်တွေရဲ့ အခေါက်မှာ မှိုစွဲနာနဲ့ ပိုးမွှားများကို ပိုမိုဖြစ်ပေါ်စေပြီး အပင်သေဆုံးမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။
အပူချိန်သာ ဆက်တိုးနေလို့ကတော့ တောင်ပေါ် မြေနိမ့်ပိုင်းမှာရှိတဲ့ စီဒါတွေ ရှင်သန်နိုင်တော့မှာ မဟုတ်တဲ့အပြင် တောမီးအန္တရာယ် နဲ့ ကြုံတွေ့နိုင်ပါတယ်။ စီဒါ ပင်များက များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၀၀ မှ ၁၈၀၀ မီတာအတွင်း ပေါက်ကြပါတယ် ။ Tawk အဖွဲ့အစည်းသည် နှစ်များအတွင်း စီဒါပင်ပေါင်း ၂သိန်းခန့်ကို မြင့်မားသောအမြင့်များနဲ့ အပင် မရှိတဲ့ နေရာများတွင် စိုက်ပျိုးခဲ့ပါတယ် ။ အပင်ပေါင်း ၁၈၀,၀၀၀ ခန့် ပေါက် ခဲ့ပါတယ် ။
ဒေသတွင်း ဘုန်းကြီးများနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက အပူချိန်ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် တက္ကသိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် လက်ဘနွန်အစိုးရအား တိုက်တွန်းထားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply