ဘူတန်တောင်တန်းတွေပေါ်က စမ်းပေါက်တွေကို သဘာဝမပျက် စီမံထိန်းသိမ်းခြင်း

ဘူတန်တောင်တန်းတွေပေါ်က စမ်းပေါက်တွေကို သဘာဝမပျက် စီမံထိန်းသိမ်းခြင်း

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ IUCN Asia က ဘူတန်နိုင်ငံ ရေဌာန၊ စွမ်းအင်နှင့် သဘာဝအရင်းအမြစ် ဝန်ကြီးဌာန နှင့် International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်း၍ သဘာဝအတိုင်း တောင်တန်းဒေသများရှိ ရေထွက် စမ်းပေါက်ရေများ စီမံခန့်ခွဲမှုသင်တန်းကို စီစဉ်ကျင်းပခဲ့ပါသည်။
ဘူတန်နိုင်ငံ ခရိုင်တစ်ခုစီမှ ဒေသခံခေါင်းဆောင် ၂၀ နှင့် နိုင်ငံတစ်ဝှမ်းရှိ စမ်းပေါက်များ ခြောက်သွားခြင်း အန္တရာယ်များကို သတိပြုမိစေရန် ရည်ရွယ်ပြီး သဘာဝအခြေခံချဉ်းကပ်နည်းဖြင့် ၎င်းတို့အား ပြန်လည်ရှင်သန်စေမည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
“ရေဆိုတာ မရှိမဖြစ် လိုအပ်သလို နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတောင် စမ်းချောင်းတွေနဲ့ ရေတွေ ခန်းခြောက်နေတာကို တွေ့ရတယ်။ ဒီအားထုတ်မှုဟာ အလွန်အရေးကြီးပြီး အချိန်မီပါတယ်”ဟု စွမ်းအင်နှင့် သယံဇာတ အရင်းအမြစ် ဝန်ကြီး H.E. Loknath Sharma က ဘူတန်တွင် ရေအကျပ်အတည်းကို ဖြေရှင်းရန်အတွက် လက်တွဲကြိုးပမ်းရန် တောင်းဆိုခဲ့သည်။
လေးရက်ကြာ လေ့ကျင့်မှုတစ်လျှောက်လုံး၊ စီစဉ်သူများသည် စမ်းပေါက်များ စီမံခန့်ခွဲမှုအတွက် အကောင်းဆုံး အလေ့အကျင့်များနှင့် သဘာဝအခြေခံဖြေရှင်းချက်ဆိုင်ရာ IUCN ကမ္ဘာလုံးဆိုင်ရာစံနှုန်းနှင့် မည်သို့ကိုက်ညီ ကြောင်း တင်ပြခဲ့ကြသည်။
အဆိုပါသင်တန်းက ဒေသခံပြည်သူများအား ‘ဂေဟစနစ်ဝန်ဆောင်မှုများအတွက် ငွေပေးချေခြင်း’ အစီအစဉ်ကို ထူထောင်ခဲ့သည်။ Dopshari လူမှုအဖွဲ့အစည်း၏ ရေဝေရေလဲသို့ ကွင်းဆင်းလေ့လာခဲ့ပြီး၊ မြစ်အောက်ပိုင်းရှိ ဟိုတယ်များသည် ပုဂ္ဂလိကကဏ္ဍမှ ရေပေးဝေမှု ဆက်လက်ရရှိစေရေး ၊ ကျန်းမာရေးနှင့်ညီညွှတ်သော ရေဝေရေလဲကို ထိန်းသိမ်းထားနိုင်ရန် လူ့အဖွဲ့အစည်းကို ပညာပေးခဲ့သည်။
ကွင်းဆင်းလေ့လာစဉ်အတွင်း ပါဝင်သူများသည် ဒေသခံလူမှုအဖွဲ့ဝင်များက ဒေသခံခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းမှုများအပြင် ကွင်းဆင်းလေ့လာကြည့်ရှုမှုများမှတစ်ဆင့် Global Standard နှင့် ဆန့်ကျင်သည့် ဖြစ်ရပ်လေ့လာမှုများကို အကဲဖြတ်ခဲ့သည်။
လေ့လာရေး၌ ပါဝင်သူများသည် စမ်းရေခန်းခြောက်မှုကြောင့် ရွာပြင်သို့ ပြောင်းရွှေ့နေထိုင်ရသည့် လွယ်လင်ကျေးရွာသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။ ရေနှင့် ICIMOD ဌာနမှ ဦးဆောင်သော စမ်းရေထွက် ပြန်လည်ရှင်သန်ရေး ဆောင်ရွက်ချက်များသည် နောက်ထပ်ရွှေ့ပြောင်းသွားလာမှုများကို တားဆီးနိုင်ခဲ့ပါသည်။
“တောင်ပေါ်ဒေသက စမ်းရေထွက်သည် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဂေဟစနစ်ဆိုင်ရာ မဏ္ဍိုင်များအတွက် ရေချိုအရင်းအမြစ်များဖြစ်ပါသည် ။ ရေချိုအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲပါက တောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၏ မဏ္ဍိုင်များဖြစ်သည်။ ၎င်းတို့၏ ပြန်လည်နိုးထမှုနှင့် စိမ့်ထွက်မှုဆိုင်ရာ စီမံခန့်ခွဲမှုများသည် ပစ္စုပ္ပန်နှင့် အနာဂတ်ရေလုံခြုံရေးကို သေချာစေရန်နှင့် gewogs [ဒေသန္တရအစိုးရယူနစ်များ] တွင် အသိပေးဆုံးဖြတ်ချက်များချရာတွင် အရေးကြီးသည်” ဟု ရေအရင်းအမြစ်ညှိနှိုင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး Mr Tenzin Khorlo က ပြောကြားခဲ့သည်။
သင်တန်း၏နောက်ဆုံးနေ့တွင်၊ သင်တန်းသားများသည် ၎င်းတို့၏ဒေသခံလူထုမူဝါဒများတွင် စမ်းရေတွင်းစီမံခန့်ခွဲမှုနှင့် သဘာဝအခြေခံဖြေရှင်းချက်များကို ပေါင်းစည်းရန်အတွက် အကြိုအစီအစဉ်များကို ပြင်ဆင်ခဲ့ပါသည်။
မောင်ယဿ ဘာသာပြန်သည်၊

About The Author

greenness_mm

No Comments

Leave a Reply