ဘောလုံးပွဲတွေမှာ လေကြောင်းလိုင်းကြော်ငြာတွေ မထည့်ဖို့ UEFA ကို တောင်းဆို

ဘောလုံးပွဲတွေမှာ လေကြောင်းလိုင်းကြော်ငြာတွေ မထည့်ဖို့ UEFA ကို တောင်းဆို

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဘောလုံးအသင်းများကို ကမာ္ဘ့လေထုကို ညစ်ညမ်းစေတဲ့ လေကြောင်း လိုင်း စပွန်ဆာများနှင့် ‘လမ်းခွဲရန်’ တိုက်တွန်းလိုက်ပါတယ် ။ ယူအီးအက်ဖ်အေ (ဥရောပဘောလုံးအဖွဲ့များသမဂ္ဂ) က လေကြောင်းလိုင်းတွေမှပေးတဲ့ စပွန်ဆာများကို အမြတ်ထုတ်နေခြင်း အတွက် အစိမ်းရောင်တက်ကြွ လှုပ်ရှားသူများရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲသည် ယခုအပတ်တွင် “ရာသီဥတု ပျက်ယွင်းစေတဲ့ လေကြောင်းလိုင်းစပွန်ဆာများနှင့်အတူ ပြန်လည်ရောက်ရှိလာပါတယ် “လို့ လှုတ်ရှားရေးအဖွဲ့ Fossil Free Football က ၎င်းတို့ရဲ့ တွစ်တာတွင် ဖော်ပြခဲ့ပါတယ် ။
ယခု Valentine’s Day တွင် ဘောလုံးအသင်းတွေအား လေထုညစ်ညမ်းစေသော လုပ်ဖော်ကိုင်ဖက်များနှင့် “လမ်းခွဲရန်” လှုံ့ဆော်ရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။ UEFA ကို တူရကီလေကြောင်းလိုင်း မှ စပွန်ဆာ ပေးထားပြီး ချန်ပီယံလိဂ် ၁၆ သင်းအနက် ၅ သင်းက ၎င်းတို့၏ အင်္ကျီများကို ဝတ်ဆင် ကစားမှာပဲ ဖြစ်ပါတယ် ။
SportBusiness Sponsorship Database ၂၀၂၄ ရဲ့ တွက်ချက်မှုများအရ စပွန်ဆာ သဘောတူညီချက် အားလုံးရဲ့ နှစ်စဉ် စုစုပေါင်းတန်ဖိုးက အနည်းဆုံး ယူရို ၃၁၇ သန်း ကနေ ယူရို ၉၁၇ သန်းကြားမှာ ရှိနေတယ်လို့ သိရပါတယ် ။ “ဥရောပသည် အပူချိန်မြင့်လာခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသော်လည်း တိုက်ကြီး၏ ထိပ်တန်းဘောလုံးအသင်းပြိုင်ပွဲသည် ရာသီဥတုဖောက်ပြန်မှုကိုဖြစ်စေတဲ့ လေကြောင်းလိုင်းများအတွက် ဧရာမကြော်ငြာဘုတ်တစ်ခုအဖြစ် လုပ်ဆောင်နေဆဲ ဖြစ်နေပါတယ် ” လို့ Game Changer Sponsorship Pledge မှ မိုက်ကယ်ဟာဒီက ကလပ်များ၊ ပရိသတ်များ နဲ့ အားကစားသမားများ ကို ညစ်ညမ်းစေမှု အဆုံးသတ်ရန် အားပေး ပံ့ပိုးကူညီမှုများကို မလုပ်ကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ် ။
ချန်ပီယံလိဂ်မှာ ကစားနေတဲ့ အသင်းခုနစ်သင်းရဲ့အင်္ကျီတွေကို လေကြောင်းလိုင်းတွေက စပွန်ဆာ ပေးထားပါ ။ အဲဒီထဲက ငါးသင်းက နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အမ်းမရိတ်စ်က စပွန်ဆာပေးထားတဲ့ အာဆင်နယ်နှင့် ရီးယဲလ်မက်ဒရစ်၊ UAE ရဲ့ Etihad က ကမကထပြုထားတဲ့ မန်စီးတီးတို့ ပါဝင်နေပါတယ် ။ ၎င်းတို့ရဲ့ အင်္ကျီများတွင် လေကြောင်းလိုင်းများ၏ လိုဂိုများကို ပြသထားသည့်အပြင် အာဆင်နယ်နှင့် မန်စီးတီးတို့ကလည်း ၎င်းတို့နဲ့ ကွင်းစပွန်ဆာပေးတဲ့ သဘောတူညီချက်များရှိနေပါတယ်။ အက်သလက်တီကို မက်ဒရစ် က ၎င်းရဲ့ အင်္ကျီများတွင် ဆော်ဒီအာရေးဗီးယားက Riyadh Air လိုဂိုကို တပ်ဆင်ထားပြီး ပဲရစ်စိန့်ဂျာမိန်း နဲ့ အင်တာမီလန် တို့က
Qatar Airways မှ စပွန်ဆာပေးထားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply