ဘော်နီယိုတောတွင်းသားခေါင်းဆောင်က မလေးရှား ပြည်နယ်အစိုးရ ကို တရားစွဲ

ဘော်နီယိုတောတွင်းသားခေါင်းဆောင်က မလေးရှား ပြည်နယ်အစိုးရ ကို တရားစွဲ

သစ်တောများမှထွက်ရှိသော သဘာဝအရင်းအနှီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုထံ ငွေပေးချေရန် သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဘော်နီယိုကျွန်းရှိ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး က မလေးရှား ဆာဘာ ပြည်နယ် ကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ဘောနီယိုကျွန်းဆိုတာ နိုင်ငံ ၃ နိုင်ငံ ပိုင်တဲ့ ကျွန်းကြီး တစ်ကျွန်း ဖြစ်ပါတယ်။ မလေးရှားရဲ့ ဆာဘာ နဲ့ ဆရာဝက်ပြည်နယ် ၂ခု ၊ အင်ဒိုနီးရှားရဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ကလီမန်တန် ပြည်နယ် ၄ ခုနဲ့ ဘရူနိုင်း နိုင်ငံတို့ပါဝင်ပါတယ်။ ကျွန်မကြီးရဲ့ မြေက်ဖက်အစွန်မှာရှိတဲ့ ဆာဘာပြည်နယ်က ဖွံ့ဖြိုးမှု ပိုရှိပြီး သဘာဝသယံဇာတတွေကို အများဆုံး ထုတ်ယူသုံးစွဲ တဲ့ နေရာဖြစ်ပါတယ်။

ပြည်နယ်အစိုးရ က နိုင်ငံခြားကုမ္ပဏီကို ငွေပေးချေဖို့ သဘာဝသယံဇာတ ထုတ်ယူခွင့် ကို အောက်တိုဘာလ ၂၈ ရက်နေ့ က လက်မှတ်ထိုးပေးလိုက်တာပါ။ ဒေသခံ လူထုကိုယ်စားလှယ် ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေနဲ့ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးခြင်း နဲ့ ထည့်သွင်းလက်မှတ်ထိုးစေခြင်း တွေကို လုံး၀ မလုပ်ခဲ့ပါဘူး ။ ပြဿနာက လက်မှတ်ထိုးထားတဲ့ Hoch Standard ကုမ္ပဏီက စာချုပ်ထဲမှာ ပါတဲ့ အချက်အလက်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို အကောင်အထည်ဖော်ဖို့အတွက် လုံလောက်တဲ့အတွေ့အကြုံ ရှိမရှိ ဆိုတဲ့အချက်ပါပဲ။

ဆာဘာအစိုးရ က စင်ကာပူအခြေစိုက် Hoch ကုမ္ပဏီကို သစ်တောမြေ ဟတ်တာ ၂သန်းအား နှစ်၁၀၀ စာချုပ်နဲ့ ဌားလိုက်တာပါ။ အဲ့ဒါကြောင့် ဘော်နီယိုကျွန်းပေါ်က မလေးရှားတောတွင်းသားခေါင်းဆောင် အဒီယန်လာဆင်ဘန်က ဆာဘာအစိုးရကို တရားစွဲ လိုက်တာပါပဲ။

မောင်ယဿ ( ဒီဇင်ဘာ ၂၀ )

REF: mongabay

Photo : experience travel group

About The Author

greenness_mm

No Comments

Leave a Reply