ဘော်နီယို

ဘော်နီယို

ဘော်နီယိုသည် ဧရိယာ ၇၄၃,၃၃၀ စတုရန်းကီလိုမီတာ ၂၈၇,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ်ဘာ့တတိယအကြီးဆုံး ကျွန်းဖြစ်ကာ ဂျာမနီနိုင်ငံ၏ အရွယ်အစားထက် နှစ်ဆပိုသည်။ ကျွန်းကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကြား ပိုင်းခြားထားသည်။ ကျွန်း၏ ဧရယာအများစုသည် အင်ဒိုနီးရှား၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ကာလီမန်တန်ဟု ခေါ်ကြသည်။
ဘော်နီယိုကျွန်း သစ်တောများသည် ကမ်ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများစွာ စုံလင်လှပြီး နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၃၀ ကျော်၊ ဌာနေငှက် ၄၂၀၊ ကုန်းနေရေနေသတ္တဝါ ၁၀၀၊ ငါး ၃၉၄ (၁၉ မျိုးကွဲ) ရှိပြီး ၁၀ ဟက္တာ မြေကွက်တွင် သစ်ပင်မျိုးစိတ် ၇၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ကိန်းဂဏန်းသည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ ပေါင်းစပ်ထားသော သစ်ပင်စုစုပေါင်းအရေအတွက်နှင့် ညီမျှသည်ဟု ဆိုသည်။
ကမ္ဘာ့တတိယအကြီးဆုံးကျွန်းဖြစ်သည့် ဘော်နီယိုသည် တစ်ချိန်က မိုးသစ်တောများထူထပ်စွာ ဖုံးလွှမ်းခဲ့ကာ ဒီရေတောများ၊ တောင်ထူထပ်သော ကမ်းရိုးတန်းဒေသများ၊ ရွှံ့နွံအိုင်များကြောင့် မြေမျက်နှာသွင်ပြင်အများစုသည် သွားလာ၍မရနိုင်လောက်အောင် ခက်ခဲခဲ့သည်။ သစ်တောများသည် လူသားသမိုင်းဖြစ်တည်မှုတွင် နှိုင်းယှဉ်မရလောက်အောင် အဆင့်သတ်မှတ်ခံခဲ့ရသည်။ ၁၉၉၀ ဝန်းကျင်နှစ်များတွင် ဘော်နီယိုကျွန်းသည် အသွင်ပြောင်းမှုများ ရှလာခဲ့ပြီး ၎၏ မိုးသစ်တောမှထွက်သော သစ္မ်ား ဂျပန် အမေရိကန်ကဲ့သို့သော စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများသို့ သယ်ယူပို့ဆောင်ခြင်း ခံခဲ့ရသည်။
အစပိုင်းတွင် ကျွန်းသစ်အများစုကို မလေးရှားနိုင်ငံမြောက်ပိုင်း Sabah နှင့် Sarawak ပြည်နယ်များရှိ ကျွန်းစုများမှ မွာယူခဲ့သော်လည်း နောက်ပိုင်းတွင် အင်ဒိုနီးရှားပိုင်နယ်မြေဖြစ်သည့် ဘော်နီယိုတောင်ပိုင်းရှိ သစ်တောများသည် အဓိကအရင်းအမြစ်ဖြစ်လာခဲ့သည်။ လက်ရှိခေတ်တွင် ဘော်နီယိုသစ်တော၏ ဧရိယာ အတော်များများတွင် ဆီအုန်းစိုက်ခင်းများက လျင်မြန်စွာ ဝင်ရောက်နေရာယူလျက်ရှိသည်။
Photo-Mongabay &Others owners

About The Author

greenness_mm

No Comments

Leave a Reply