မနှစ်က ဖလော်ရီဒါမှာ ရေနွားတွေ စံချိန်တင်သေဆုံး မှုဖြစ်ပွား

မနှစ်က ဖလော်ရီဒါမှာ ရေနွားတွေ စံချိန်တင်သေဆုံး မှုဖြစ်ပွား

ရေနွားတွေက အပင်စားနို့တိုက်သတ္တဝါတွေဖြစ်ပါတယ်။ ပျှမ်းမျှအားဖြင့် သက်ကြီး ရေနွားတစ်ကောင်က ၁၃ပေလောက်ရှည်ပြီး ပေါင် ၁ထောင်ကျော်လေးပါတယ်။ ရေချိုပင် ရေငံပင် အမျိုး ၆၀ လောက်ကိုစားသုံးပြီး ရေတိမ်ပိုင်းမှာနေပါတယ်။ ကာရစ်ဘီယံပင်လယ်၊ မက္ကဆီကိုပင်လယ်ကွေ့ ၊ အမေဇုံ မြစ်ချောင်များ နဲ့ အာဖရိကအနောက်ပိုင်း ဒေသတွေမှာ အဓိက ကျက်စားပါတယ်။ ရေနွားသေဆုံးမှု အများစုကိုလေ့လာမယ်ဆိုရင် လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလက်စတစ်လို အရာတွေကို စားမိတာရယ် ၊ သူတို့ ကျက်စားရာဒေသ ဖျက်စီးခံလိုက်ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။

သူတို့က လှုတ်ရှားမှု နှေးကွေးတဲ့အတွက်ကြောင့် သဘောၤတွေ ၊ စက်တပ်လှေတွေရဲ့ ပန်ကာနဲ့အခုတ်ခံရတာက များပါတယ်။ သေဆုံးသွားတဲ့ ရေနွားတစ်ကောင်ကို ကြည့်မယ် ဆိုရင် သူတို့ ခန္တာကိုယ်မှာ ပန်ကာနဲ့ အခုတ်ခံရတဲ့ ဒဏ်ရာ အနည်းဆုံး အချက် ၅၀ ထက်မကတွေ့ရမှာပါ။ ရောဂါကူးစက်ခံခြင်း ၊ ငယ်စဉ်မှာ မိချောင်းတွေရဲ့ စားသောက်တာ ခံရခြင်းနဲ့ ရေအောက် အပူချိန်ပြောင်းလဲခြင်တို့ ကြောင့် ရေနွားတွေ သေကျေပျက်စီးမှုလည်း ရှိပါတယ်။ ဖလော်ရီဒါ ငါးနဲ့ တောရိုင်း ထိန်းသိမ်းရေး ကော်မရှင်ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဒေသတွင်း ရေနွား သေဆုံးမှုက ၁၁၀ ၁ ကောင်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။

ပုံမှန် နှစ်တွေမှာဆိုရင် တစ်နှစ်ကို ရေနွား အကောင်ရေ ၆၀၀ ကျော်လောက်ပဲ သေဆုံးခဲ့ပေမဲ့ မနှစ်ကတော့ စံချိန်တင် ၂ ဆနီးပါးလောက် သေဆုံးတာကိုတွေ့ရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေတွေမှာ အပူချိန်ပြောင်းလဲမှုဖြစ်ကာ ရေနေသက်ရှိအချို့ သေဆုံးမှုတွေပိုလာပါတယ်။ ဇီဝဗေဒပညာရှင်တွေကတော့ ရေနွားတွေကို ထိန်းသိမ်းဖို့ ဆိုရင် သူတို့ ကျက်စားတဲ့ ဒေသတွေမှာ လူမဝင်ရ ဆိုတဲ့ လမ်းညွှန်တွေ ထားဖို့လိုပြီး လို့ အကြံပြုထားပါတယ်။

ဆိုလိုချင်တာက အဏ္ဏဝါဘေးမဲ့တောတွေလုပ်ဖို့ လိုနေပြီ လို့ ဆိုတာပါ။ အခုတော့ အဲဒိကော်မရှင်က ရေနွားထိန်းသိမ်းရေးလုပ်ငန်အတွက် ပြည်နယ်အစိုးရကိုစာတင်ထားလိုက်ပြီ လို့ သိရပါတယ်။

 

မောင်ယဿ ( ဇန်နဝါရီ ၉ )

REF: UPI

Photo : UPI

About The Author

greenness_mm

No Comments

Leave a Reply