မလေးရှားတောတွင်းသားတွေက သစ်ထုတ်လမ်းကြောင်းတွေကိုပိတ်ပြီး ဆန္ဒပြ

မလေးရှားတောတွင်းသားတွေက သစ်ထုတ်လမ်းကြောင်းတွေကိုပိတ်ပြီး ဆန္ဒပြ

မလေးရှားဒေသခံဌာနေတိုင်းရင်သားတွေဖြစ်တဲ့ ပီနန် လူမျိုးနွယ်စုတွေက မလေရှား ဘော်နီယိုကျွန်းပေါ်က သစ်ခုတ်ကုမ္ပဏီတွေရဲ့ သစ်တင်ကားတွေ သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပီနန် တောတွင်းသားတွေက စက်တင်ဘာလ ၉ ရက် နဲ့ ၂၂ ရက်နေ့ က ဆာရာဝက်ပြည်နယ်အတွင်းက ဘာရမ် အထက်ပိုင်းဒေသနဲ့ အလယ်ပိုင်း ဒေသတွေ မှာ လမ်းပိတ်ဆို့တဲ့ လုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။
လောင် အာဂျန်နဲ့ လောင်ပါကန် ရွာ ၂ရွာလုံးမှာရှိတဲ့ ရွာသားတွေ စုပေါင်းပြီး သူတို့နေထိုင်ရာတောတွင်း က သစ်ပင်တွေကို သူတို့ရဲ့ သဘောတူညီချက်မပါဘဲ ခုတ်ယူတဲ့အတွက် သစ်ထုတ်လုပ်ငန်း ကုမ္ပဏီတွေကို ဆန္ဒပြကြပေမဲ့ သစ်ထုတ်လုပ်တာကို ရပ်တန့်ခြင်းမရှိတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ကို လုပ်ခဲ့ကြတာပါ။
အဲ့ဒိရွာတွေက ရွာသူကြီး ၂ယောက်က ရဲတွေကို တိုင်ကြားမှုလုပ်ခဲ့ပေမဲ့ ရဲတွေက အရေးယူမှုတွေ စစ်ဆေးမှုတွေ မလုပ်ခဲ့ကြလို့ သူတို့ ကလမ်းပိတ်ဆို့မှုတွေ လုပ်တာလို့ ဆိုပါတယ်။
လောင်အာဂျန်ရွာ ဦးဆောင်တဲ့ လမ်းပိတ်ဆို့မှုမှာ ဒေသတွင်း ရွာသူကြီး ၁၂ ဦးကသူတို့ရဲ့ ဒေသခံတွေ ကို ဦးဆောင်ခဲ့တဲ့အပြင် ဆာရာဝတ် ပြည်နယ်အုပ်ချုပ်ရေးမှူး ထံကိုလည်း မိုးရေခံသစ်တောတွေကို မလိုအပ်ဘဲ မခုတ်ဖို့နဲ့ သစ်ထုတ်လုပ်မှုက လိုအပ်တဲ့ ပမာဏ ဟုတ်မဟုတ် ကို စစ်ဆေးပေးဖို့ စာပို့ပြီး အကြောင်းကြားခဲ့ပါတယ်။
ဆာရာဝက်မှာ ၁၉၅၈ တောတွင်းသား ဥပဒေအရ ဌာနေတိုင်းရင်သားတွေရဲ့ သဘောတူညီမှု မရှိဘဲ တောတွင်းသားတွေနေထိုင်တဲ့ တောတွေထဲက သစ်ပင်တွေကို စီးပွားဖြစ်ထုတ်ယူခွင့် မရှိဘူး ဆိုတဲ့ ကိစ္စကို လှုံ့ဆော်ရေးသမားတွေက ပြောဟောပြီး အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေကိုထောက်ပြ တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။
မောင်ယဿ
REF: mongabay
Photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply